သတင်းများ


ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၆၂) ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ (၆၂)ကြိမ်မြောက်ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) (၈)လ သင်တန်းဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးပညာနှီးနွယ်တက္ကသိုလ်သင်တန်းကျောင်းများမှ နိုင်ငံတော်၏ပံ့ပိုးမှုနှင့် ပညာသင်ကြားပို့ချခြင်းများဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီးများ မှလည်း အကူသူနာပြုသင်တန်းများ ကျွမ်းကျင်ဝန်ထမ်းသင်တန်းများပို့ချလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း ပုသိမ်ပြည်သူ့ဆေးရုံ(၉)ထပ်တိုးချဲ့ဆောင်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ရုပ်ပိုင်းဆိုင်ရာသာမက ကုသရေးလုပ်ငန်းများပါ ထိထိမိမိဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများကိုလည်း အခက်အခဲ မရှိအဆင်ပြေစွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ဆေးရုံများသည်ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ထို့အတူ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြားအရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများပါရှိသောကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ဓာတ်ခွဲဝန်ထမ်းများသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင် နေသောကြောင့် အရည်အချင်းပြည့်ဝသော ဓာတ်ခွဲဝန်ထမ်းများအား နိုင်ငံတော်မှနှစ်စဉ် မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲပညာရပ်သည် လူနာများ၏ရောဂါကုသမှု စတင်ရန်အတွက် ရောဂါရှာဖွေပေးခြင်း၊ ကုသမှုပေးရာတွင်လည်းရောဂါသက်သာမှု ရှိ/မရှိ စစ်ဆေးပေးနိုင်ခြင်း ရောဂါပြင်းထန်မှုအခြေအနေကို ခန့်မှန်းပေးနိုင်ခြင်းစသည့် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊  ဓာတ်ခွဲခန်းမှထုတ်ပေးသော အဖြေများပေါ်မူတည်၍ကုသမှုများ ပေးရခြင်းကြောင့် စမ်းသပ်စစ်ဆေးမှုအဖြေများမှန်ကန်ရန်လိုအပ်သဖြင့် သင်ကြားပေးသော ဘာသာရပ်များကို သေချာ လေ့လာသင်ယူရမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဓါတ်ခွဲပညာရပ်များဆိုင်ရာ လုပ်ငန်းအပေါ်တွင် အဆင့်မြင့်အောင်ကြိုးပမ်း၍ အရည်အသွေးပညာဗဟုသုတ များကိုလည်း တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် သင်တန်းပြီးမြောက်ပါက နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့်  ပြန်လည်အကျိုးပြု၍ နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ဖြည့်တင်းလုပ်ကိုင်နိုင်မည်ဖြစ်သော ကြောင့် သင်တန်းကာလတစ်လျောက် ပို့ချသောပညာရပ်များအားကြိုးစားသင်ယူ သွားရန်” တိုက်တွန်းအမှာစကားပြောကြားပြီး သင်တန်းသား/ သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဆေးဘက်ကျွမ်းကျင်-၄(ဓာတ်ခွဲ) သင်တန်းသည် (၈)လကြာသင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၅၇)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
17-Jul-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင် အသက် ၁၉နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံး အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ရှေးဦးစွာ  ဗိုလ်လုပွဲအား ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်‌အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ကျုံပျော်ခရိုင်အသင်းက ပုသိမ်ခရိုင်‌အသင်းအား  တစ်ဂိုး - ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီးနောက် ဒုတိယဆုရရှိသည့်   ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊  ပထမဆုရရှိသည့်‌ ကျုံပျော်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့​နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရသည်။


Read More...
13-Jul-2023
ချောင်းသာကမ်းခြေ၌ပြုလုပ်သည့် အုန်းပင်စိုက်ပျိုးပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
ရာသီဥတုများပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာခြင်းများကြောင့် မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၏ အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာကမ်းခြေ၌ အုန်းပင်စိုက်ပျိုးပွဲအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်အတူ အုန်းပင်(၁၃၀)အား တက်ရောက်စိုက်ပျိုးပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရွှေသောင်ယံမြို့၌ ပြုလုပ်သည့်  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော  သစ်ပင်စိုက်ပျိုးပွဲတော်အား တက်ရောက်၍ ဗြူးအုပ်ဆောင်း ၂၀၀၊ မဓမ ၁၀၀၊ ဗြူးခြေထောက်အဖို ၃၀၀၊ ဗြူးခြေထောက်အမ ၃၀၀ စုစုပေါင်း ဒီရေ တော အပင်၉၀၀နှင့် အုန်းပင်၅၀တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ တပျော်တပါးစိုက်ပျိုးပေးသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းသာမြို့ရှိ ဦးအောင်ရွှေ၏ ဇီဝစိုးငှက်သိုက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းတာဝန်ခံမှ ဇီဝစိုးငှက်ဝင် ရောက်မှု၊ ငှက်သိုက်ရရှိမှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများပိုမိုတိုးတက်လုပ်ကိုင်နိုင်စေရေးမှာကြားခဲ့ကြောင်းသိရသည်။ အဆိုပါဇီဝစိုးငှက်သိုက်လုပ်ငန်းတွင် ဇီဝစိုးငှက်အကောင်ရေ ၅၀၀ကျော် ဝင်ရောက်နေကြောင်းသိရသည်။


Read More...
13-Jul-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့ သွားရောက်၍ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၅) ဓါတ်မြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့သည်။ ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံလည်ပတ်မှု၊ ဓာတ်ဩဇာထုတ်လုပ်မှု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်ရုံလည်ပတ် ဓါတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တွင် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့် စက်ရုံဝန်းအတွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်စိမ်းလန်းစိုပြေရေးဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်၍ ဓါတ်မြေဩဇာလိုအပ်ချက်များများပြားပါကြောင်း၊ Annual Shutdown ကာလအတွင်း စက်ပြင်ဆင်ခြင်းလုပ်ငန်းများကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့တွင် ဓါတ်မြေဩဇာစတင်ထုတ်လုပ်နိုင်ပြီဖြစ်၍ လာရောက် တွေ့ဆုံအားပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်အမီ တောင်သူများ၏ ဓါတ်မြေဩဇာလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် စက်ရုံမှူးနှင့်ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံလည်ပတ်နေမှု၊ ဓါတ်မြေဩဇာ ထုတ်လုပ်မှုနှင့် Central Control Room မှ စက်ရုံလည်ပတ်နေမှုထိန်းချုပ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
12-Jul-2023
ပုသိမ်ခရိုင်တွင်ပြုလုပ်သည့် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ဒေသတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs)ထုတ်ကုန်ပြပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ နေ့လည်ပိုင်းက  ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစီးပွား ရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခန်းမအတွင်း ပြသထားသည့် စက်မှုလယ်ယာပြခန်း၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနပြခန်း၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနပြခန်း၊ ခရိုင်သစ်တောဦးစီးဌာနပြခန်း၊ ခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ ခရိုင်ပညာရေးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနပြခန်း၊ Nurture Group ပြခန်း၊ ငပုတောမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ သာပေါင်းမြို့နယ်ဒေသထွက်ကုန်များပြခန်း၊ ကန်ကြီး ထောင့်မြို့နယ်ဒေသထွက်ကုန်များအရောင်းပြခန်း၊ ပုသိမ်မြို့နယ် ဒေသထွက်ကုန်များအရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြပွဲအား အများပြည်သူများလေ့လာနိုင်အောင် ယနေ့မှ (၁၅)ရက်နေ့အထိ ပြသွားမည်ဖြစ်ပြီး ပြခန်းပေါင်း(၁၅)ခန်းပြသသွားမည်ဖြစ်ပါသည်။


Read More...
12-Jul-2023