သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားဂုဏ်ပြုဆုချီးမြှင့်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ဒေသ၊ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်တို့မှ လည်းကောင်း၊ ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအားလက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းတို့မှ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဖမ်းဆီးရမိလက်နက်ခဲယမ်းများနှင့်လျှို့ဝှက်ဖောက်ခွဲရေးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။


Read More...
19-Oct-2022
ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းပေးခြင်းကို  ပထမအသုတ်အနေဖြင့်သင်တန်းသား/သူ (၂၀၅)ဦးသင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အနေဖြင့် ပုသိမ်ခရိုင်တွင် သင်တန်းသား/သူ (၁၁၅) ဦး၊ ဟင်္သာတခရိုင်တွင် သင်တန်းသား/သူ (၄၀) ဦးနှင့်မြောင်းမြခရိုင်တွင် သင်တန်းသား/သူ (၄၃)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၉၈) ဦးအား အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပြီးဖြစ်၍ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် များကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များအနေဖြင့် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးလိုအပ်ချက်ရှိသည့်နေရာဒေသများရှိ ပြည်သူများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် မိမိတို့သင်ယူတတ် မြောက်ထားသည့် ပညာရပ်များအား လက်တွေ့နှင့်စာတွေ့ပေါင်းစပ်၍ ပြည်သူများ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းလိုပါကြောင်း”ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသားတစ်ဦးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း  သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။


Read More...
19-Oct-2022
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) ဖျော်ဖြေပွဲကြည့်ရှုအားပေး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ပြဇာတ်ကြီးတပ်စု)က ပြဖျော်ဖြေပွဲကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံပြည်သူပွဲကြည့်ပရိတ်သတ်များတက်ရောက်အားပေးကြပါသည်။ ဦးစွာ စစ်သည်၊ စစ်သမီးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြမှုများ၊ မျက်လှည့်လက်လှည့်တင်ဆက်မှုများ၊ တစ်ခန်းရပ်ဟာသ တင်ဆက်မှုများနှင့် အငြိမ့်တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ စစ်သည် စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့် ဆုတော်ငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


Read More...
19-Oct-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုဖြစ်ပွားခဲ့မှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ၊ ယာယီစာသင်ခန်းများဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယခုလ (၁၆)ရက်နေ့ နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ညနေပိုင်းတွင်သွားရောက်အားပေးကြည့်ရှု ခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့သည့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယာယီစာသင်ခန်းများပြင်ဆင်ထားရှိသည့် မြို့တော်ခန်းမ၊ အားကစားခန်းမများသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ စာရေးကိရိယာများ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားတွေ့ဆုံမှာကြားခဲ့ပါသည်။ ယာယီစာသင်ဆောင်များပြင်ဆင်ပြီးစီးပြီဖြစ်၍  ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရှိရပါသည်။


Read More...
19-Oct-2022
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိုင်းဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အရေးကြီး လုပ်ငန်းတစ်ခုဖြစ်သည့် မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း (၁၀-၃-၂၀၂၂) ရက်နေ့တွင် စတင်ခဲ့ပြီး မြို့နယ်(၂၆) မြို့နယ်လုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ စိစစ်ပြီးမဲဆန္ဒရှင် စာရင်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လစဉ် Update ဖြစ်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးခွင့်ရရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ရှိဖို့လိုပါကြောင်း၊ သက်ဆိုင်ရာဌာနများက မဲဆန္ဒရှင်ပြည်သူများ ပုံစံ (၆၆/၆) ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးတို့ကို စိစစ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း၊တိုင်းဒေသကြီးမှလည်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ စာရင်းသွင်းသူနှင့် မှတ်တမ်းတင်သူလွဲမှားမှုမရှိစေရေးအတွက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် စစ်ဆေးကြပ်မတ်ရန်လည်းလိုပါကြောင်း၊ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုဖြင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ လိုအပ်ချက်မရှိအောင် အဆင်ပြေအောင် အလေးထားဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ ယခုဆောင်ရွက်လျက်ရှိတဲ့ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးစိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းကိစ္စရပ်များတွင် တာဝန်ရှိကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့နှင့်အခက်အခဲရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အချိန်နှင့်တစ်ပြေးညီတင်ပြကြရန် လိုကြောင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ  ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက လူဦးရေ စာရင်းပြင်ဆင်၊ဖြည့်စွက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများ လျာထားဆောင်ရွက်မှုတို့အား  ရှင်းလင်းတင်ပြခဲ့ ကြောင်းသတင်းရရှိသည်။


Read More...
17-Jun-2022