သတင်းများ
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Read More...
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ နှစ်စဉ်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်ရန်အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂက ၂၀၂၂ခုနှစ်၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် “Early Warning and Early Action For All” “ကြိုတင်သတိပေးထုတ်ပြန်ချက်ဆောလျင်ဆောင်ရွက် အားလုံး အတွက်” ဟူသောဆောင်ပုဒ်ဖြင့်ကျင်းပပြုလုပ်သွားရန် သတ်မှတ်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန်စနစ်ကျသော၊ ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုသည်အဓိကဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ဘေးအန္တရာယ်လျှော့ချရေး ကြိုတင်ဆောင်ရွက်ထားရှိမှုသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့ ၂၀၂၂ ခုနှစ်၊ မက်လ ၂၁/၂၂ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းငယ်အတွက် ကြိုတင်သတိပေးချက်တွေကို (၂)ရက်ခန့် ကြိုတင်သတိပေးနိုင်ခဲ့ပြီး တဆက်တည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့သည့်အတွက် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ခြင်း၊ ငါးဖမ်းလှေများ တိမ်းမှောက်ခြင်း၊ ပျက်စီးမှု မရှိခဲ့ခြင်းအပြင် သားငါးကဏ္ဍ၊ ဆားလုပ်ငန်းတွေလည်းထိခိုက်ဆုံးရှုံးမှု မရှိခဲ့ခြင်းအားဖြင့် ယခုနှစ်သဘာဝဘေးဆောင်ပုဒ်ရဲ့ အရေးပါမှုကို တွေ့ရမှာဖြစ်ပါကြောင်း၊ စနစ်ကျသော ဖွံ့ဖြိုးတိုးတက်ရေးဟာ ဘေးအန္တရာယ်ရဲ့ထိခိုက်ဆုံးရှုံးနိုင်ခြေကိုလျော့ချနိုင်ခြင်း၊ အနိုင်ယူနိုင်ခြင်းအဖြစ် မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်တဲ့အခါ ပထမဦးစွာ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အပိုင်းက ပိုအရေးကြီးပြီး ကြိုတင်ပြင်ဆင်ခြင်းအပိုင်းမှာလည်း ကြိုတင်သတိပေးစနစ်နဲ့ ကြိုတင်ပြင်ဆင်ခြင်းစနစ်က လွန်စွာကောင်းရမယ်၊အချိန်မီသိ၊ အချိန်မီဆောင်ရွက် တုံ့ပြန်နိုင်မှသာကျရောက်လာတဲ့ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Head of UNDRR( ကုလသမဂ္ဂ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဌာန အကြီးအကဲ) Ms. Mizutori (မစ္စစ် မီဇူတိုရီ)မှ ပြောကြားသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်သတင်းစကား Video Clip နှင့် အပြည်ပြည်ဆိုင်ရာသဘာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်Video Clip ပြသမှုတို့အားကြည့်ရှုခဲ့ပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (IDDRR) အထိမ်းအမှတ် ပြခန်းများအားလှည့်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပြည်တော်တွင်ကျင်းပပြုလုပ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်းတွင် ပြသနိုင်ရန်အတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တင်ပြဆောင်ရွက်နိုင်ရေး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်နေမှုများကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး Command and Control Centerတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
Read More...
13-Oct-2022
တိုင်းဒေသသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လပွတ္တာမြို့နယ်နှင့် မြောင်းမြမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လပွတ္တာထိပ်စွန်းလမ်းမကြီးနှင့် သရက်ကုန်းကျေးရွာသို့ဆက်သွယ်သောလမ်း (၀/၄.၅၅မိုင်×၁၄ပေ×၆ လက်မ) ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးအရည် အသွေးပြည့်မီစေရေး၊ လမ်းပုခုံးများစနစ်တကျဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ် ကျောက်မှော်ကျေးရွာအုပ်စု အောက်ချောင်းကျေးရွာရှိ မိုးစပါးဧက ၁၀၀၊ တင်း၁၀၀စံပြကွက်သို့သွားရောက်၍ စပါးခွံမြေဆွေးထုတ်လုပ်ထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီးဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲနှင့်မိုးစပါးမျိုးသန့်စိုက်ခင်းများတွင် ပေါင်းနှင့်မျိုးကွဲ စုပေါင်းနှုတ်ပယ်ပွဲတက်ရောက်၍ တောင်သူများထံ ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကာ စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး၊ ဖြစ်ထွန်းအောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး မိုးစပါးမျိုးသန့်စိုက်ခင်းများတွင် ပေါင်းနှင့်မျိုးကွဲ စုပေါင်းနှုတ်ပယ်နေမှုများကြည့်ရှုအားပေးခဲ့ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများပိုမိုအသုံးပြုစေရေးမှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင်၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ဥစားကြက်မွေးမြူမှု၊ တိရစ္ဆာန်အစာထုပ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူမှု၊ ကြက်ဥထုတ်လုပ်ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများစနစ်တကျမှတ်သားဆောင်ရွက်စေရေး၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး တိရစ္ဆာန်ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)သို့သွားရောက်၍ ဘိုင်အိုစူပရင်းဇီဝသဘာဝမြေသြဇာအသုံးပြုထားသော ပေါ်ဆန်းရင်စပါးစမ်းသပ်ကွက်၊ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန်အတွက်စမ်းသပ်ကွက်၊ ဆည်ရေသောက်မျိုးစပါးများ အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်၊ စားသုံးမှုကောင်း၊ အထွက်နှုန်းကောင်း မိုးရေသောက်လယ်စပါးမျိုးများစမ်းသပ်ကွက်နှင့် စပါးမျိုးသစ်မွေးမြူခြင်း၊ မျိုးကူးစပ်ခြင်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသ နှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များထွက်ပေါ်လာစေရေး၊ တောင်သူများထံ အထွက်တိုးစပါးမျိုးများ၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြန့်ဝေပေးနိုင်ရေးနှင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအသိပညာပေးလုပ်ငန်းများပိုမိုဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။
Read More...
10-Oct-2022
တိုင်းဒေသသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် (၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ကမ္ဘာအေးစေတီတော် ရွှေထီးတော်အထွဋ်တင်မင်္ဂလာအခမ်းအနားတက်ရောက်
Read More...
(၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀) နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ကမ္ဘာအေးစေတီတော် ရွှေထီးတော်အထွဋ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော်ပုရဝဏ်အတွင်းကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(နိုင်ငံတော်ဝိနည်းဓိုရ်)ဆရာတော်များ အမှူးပြုသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
ဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)၊ ဘဒ္ဒန္တပညာဓဇ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ပုဇွန်တောင်ဆရာတော်မှ ငါးပါးသီလချီးမြှင့်တော်မူပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ပွားပူဇော်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ နိုင်ငံတော်ဆရာတော်ကြီးများထံ စိန်ဖူးတော် နှင့်ထီးတော်ဆပ်ကပ်ခဲ့ကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(နိုင်ငံတော်ဝိနည်းဓိုရ်) ဒေါက်တာဘဒ္ဒန္တ နန္ဒလင်္ကာရ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) သုံးခွမြို့မ၊ ရေလည်ကျောင်းဆရာတော်မှ ပဌာန်းရွတ်ဖတ်ပူဇော်ပြီးစီးမှုနှင့်စပ်လျဉ်း၍ မိန့်ကြားခဲ့ပါသည်။ အဲ့ဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ စေတနာရှင်အလှူရှင်များက ဆရာ တော်ကြီးများနှင့်ပဌာနဘာဏက သံဃာ တော်များအား လှူဖွယ်ဝတ္ထုနှင့်နဝကမ္မ အလှူတော်ငွေများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ သန်လျင်မြို့၊ နယ်လှည့်သစ္စာဓိဌာန် စတုဒီသာနတ်စင်တစ်ရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတေဇ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)မှ (၁၉)ကြိမ်မြောက်၊ ဝါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)နေ့/ည အသံမစဲ အဘိဓမ္မာ(၇) ကျမ်း၊ ပဌန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲ၏ ရည်ရွယ်ချက်များအားလျှောက်ထားတင်ပြခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် (၁)၊ ဘဒ္ဒန္တ ပညာဓဇ(အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ)ပုဇွန်တောင် ဆရာတော် မှ ရေစက်သွန်းချအနုမောဓနာတရားဟောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ္ဘာအေးစေတီတော်အား စိန်ဖူးတော်၊ရွှေထီးတော်၊ ငှက်မြတ်နားတော်၊အရံစေတီတော်များပင့်ဆောင်တင်လှူပူဇော်ခဲ့ကြပြီးဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
Read More...
10-Oct-2022
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၂၃) ကြိမ်မြောက် သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကျင်းပ
Read More...
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝင်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၂) ကြိမ်မြောက်သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ကြပါသည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း သံဃမဟာပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၂၇)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရှိရသည်။
Read More...
09-Oct-2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသည့် သမိုင်းဝင် တာဝတိံသာ ဘုရားကြီးနှင့် ရွှေစည်းခုံစေတီ ပုရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းရေး၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေးတို့အားမှာကြားသည်။
ထို့နောက် လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံအား လမ်းချဲ့ခြင်းလုပ်ငန်းခွင်သို့သွားရောက်၍ လမ်းပုခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့်ရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားပြီး မြို့ရှောင်လမ်းတစ်လျှောက်သန့်ရှင်းသာယာမှုရှိစေရေးကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ သရောင်းချောင်းစိုက်ပျိုးရေးခြံ၊ ပေါ်ဆန်းမွှေး(၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ပိုးမွှားများမကျရောက်မှုမရှိစေရေး၊ မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးနှင့် တောင်သူများထံ မျိုးကောင်းမျိုးသန့်စပါးများဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ ၁၇၀၀ပေ×၈ပေ× ၆ လက်မထုရှိသော ကွန်ကရစ်လူသွားလမ်းအား စည်ပင်သာယာရေးအဖွဲ့မှ Colour Brick ခင်းခြင်းနှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။
Read More...
08-Oct-2022