သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ “သင်တန်းကာလအချိန်တိုတောင်းသော်လည်း သင်တန်းသား၊သင်တန်းသူများအား သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ပို့ချဆွေးနွေး
ခဲ့ပြီးဖြစ်ပါကြာင်း၊သဘာဝဘေးအန္တရာယ်အမျိုးမျိုးရှိပြီး ပျက်စီးဆုံးရှုံးမှုများလည်း များပြားပါကြောင်း၊ သဘာဝဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်နေစဉ် အရေးပေါ်တုန့်ပြန်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး ပြန်လည်တည်ဆောက်ရေးစသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပြင် ခေါင်းဆောင်မှု၊ အသင်းအဖွဲ့အလိုက်လုပ်ဆောင်တတ်မှု စသည့်သင်ခန်းစာများပို့ချဆွေးနွေးပေးခဲ့ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချဆွေးနွေးချက်များကို အလေးထားလိုက်နာမှတ်သားပြီး မိမိရပ်ရွာဒေသအတွင်း ပြန်လည်မျှဝေခြင်းအားဖြင့် လိုက်ပါဆောင်ရွက်လာနိုင်သည်အထိကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန်ခက်ခဲမည်ဖြစ်သော်လည်း ကာကွယ်တားဆီးနိုင်ရန်အတွက် တစ်ဖက်မှလည်းကြိုတင်ပြင်ဆင်ရမှာဖြစ်ပါကြောင်း၊ယခုသင်တန်းအား ဖွင့်လှစ်ပို့ချမှုများကြောင့် သင်တန်းသား၊သင်တန်းသူများ၏ ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း” သင်တန်းဆင်းအမှာစကားပြောကြားသည်။
ယင်းနောက် သဘာဝဘေးဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားတင်ပြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လူမှုရေးရာဝန်ကြီးကလည်းကောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက်သင်တန်းသားသင်တန်းသူများနှင့်အတူ နေ့လည်စာ စားသုံးခဲ့ကြသည်။ ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းအားယခု လ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ၅ရက်ကြာသင်တန်းပို့ချခဲ့ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ သင်တန်းသားသင်တန်းသူ ၃၅ဦးအား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူ များအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံတက်ရောက် စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်" မှာကြားခဲ့ပြီး ဟင်္သာတခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာဆရာ၊ဆရာမများအားBiometric Data များကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အချက်အလက်များ မှန်ကန်မြန်ဆန်စွာဖြည့်သွင်းစေရေးနှင့်စနစ်တကျမှတ်တမ်းထားဆောင်ရွက်စေရေး မှာကြားခဲ့သည်။
Read More...
26-May-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အင်္ဂပူမြို့အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် ပေ( ၁၂၀ x၃၀ ) ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ရာ ဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလှူငွေများပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း ပေးခဲ့ပြီးကျောင်းဆောင်သစ်နှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
Read More...
26-May-2023
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ လွှဲပြောင်းပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေများအား ခရိုင်(၈)ခရိုင်သို့ လွှဲပြောင်းပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား ဧရာဝတီတိုင်းဒေသကြီးမှ(၈)ဘီလီယံရရှိခဲ့ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် MSMEလုပ်ငန်းများ၊ ကုန်ထုတ် သမဝါယမအသင်းများ တည်ထောင်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လျာထားထောက်ပံ့ သွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ကိုလည်း တစ်ပါတည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံခရိုင်နှင့် လပွတ္တာခရိုင်တို့မှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများထံသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာများအနက်မှ စံပြကျေးရွာ ပထမဆုရရှိသော ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာနှင့် ဒုတိယဆုရရှိသော မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာတို့မှ ကျေးရွာ ကော်မတီဝင်များအား ဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
25-May-2023
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်းဖတ်ကြားခဲ့သောစာတမ်းနှင့် ပြခန်းများရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Read More...
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်း ဖတ်ကြားခဲ့သောစာတမ်းနှင့် ပြခန်းများရှင်းလင်းတင်ပြခြင်း အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)သို့ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က တင်သွင်းဖတ်ကြားခဲ့သည့် “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူ ပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး” စာတမ်းအား ဖတ်ကြားဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သဖြင့် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ပထမခံယူထားသည့် တာဝန်မှာ သင်ကြားခြင်း၊ သင်ယူခြင်းဖြင့် ရှိပြီးသားအသိပညာကို လွှဲပြောင်းပေးရန်၊ ဒုတိယ ခံယူထားသည့်တာဝန်မှာ သုတေသနနှင့် တီထွင်ဖန်တီးမှုဖြင့် အသိပညာအသစ်ကိုဖန်တီးရန်နှင့် တတိယခံယူထားသည့်တာဝန်မှာ ဒေသတွင်းထိတွေ့ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် လူမှုအသိုက်အဝန်းကို အထောက်အကူပြုစေရေး ဒေသတွင်းလူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရန် ဖြစ်သည်ကို သိရှိရပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးနိုင်ပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တက်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာကြူက မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)တွင် တင်သွင်းဖတ်ကြားခဲ့သော “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး” စာတမ်းအားဖတ်ကြားဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ပြန်လည်ဖြေကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Read More...
25-May-2023
၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအားအောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းအားး အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြိုင်ပွဲဝင်ကစားသမားများ၏ အားကစားနည်းအလိုက် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များရရှိမှူများနှင့်ကြိုးစားမှုများသည်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊လေ့ကျင့်မှုကောင်းကောင်းဖြင့် လေ့ကျင့်ထားမည်ဆိုပါက ပြိုင်ပွဲများ၌ အောင်မြင်မှုများ မလွဲမသွေရရှိမှာဖြစ်ပါကြောင်း၊လေ့ကျင့်သားပြည့်ဝရန်အတွက် စခန်းသွင်းလေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိတို့ရရှိခဲ့သည့် ဆုတံဆိပ်များထက် တစ်ဆင့်ပြီးတစ်ဆင့်မြင့်အောင် ကြိုးစားရမှာဖြစ်ပါကြောင်း၊အားကစားနည်းသည် ပညာရေးနှင့်တွဲနေသောကြောင့် ပညာရေးဘက်ကိုလည်း မလစ်ဟင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားအနေဖြင့် မိမိတို့ဝါသနာပါသည့် အားကစားနည်းအား အောင်မြင်အောင်ကြိုးစားပြိုင်ပွဲဝင်ကြရန်လိုပါကြောင်း၊ကျန်းမာရေးအား အထူးဂရုစိုက်၍ ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက် စည်းကမ်းများနှင့်အညီနေထိုင်ကြရန်လည်းလိုပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားဖြစ်ကြပါစေကြောင်း”တိုက်တွန်းအမှာစကား ပြောကြားခဲ့ပြီးတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးပြေးခုန်ပစ်အသင်းတွင် နည်းပြအုပ်ချုပ်နှင့် အားကစားသမား စုစုပေါင်း (၃၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။
Read More...
24-May-2023