သတင်းများ
မြောင်းမြမြို့၊ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီး၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ
Read More...
ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကသွားရောက်၍ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအ ဖွဲ့ထံအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ၏ စေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၌ ပြုလုပ်သည့် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်၍“မောင်တို့မယ်တို့သည် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှာဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေသည် ခေတ်မီသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ် သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် စိုက်ပျိုးရေးဒီပလိုမာများရရှိကြပြီး လုပ်ငန်းခွင်ဝင်ရောက်မည့်သူများ၊ တက္ကသိုလ်ဝင်ခွင့်ရရှိသူများဖြစ်၍ မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့် တောင်သူများထံ စိုက်ပျိုးရေးနည်းစနစ်များဆင့်ပွားဆောင်ရွက်ပေးကြရန်၊ မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ် များအပြင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များစဉ်ဆက်မပြက်လေ့လာ၍ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်လာစေရေးကြိုးစားဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင်မွေးမြူရေးလုပ်ငန်းများကိုပူးတွဲဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် နိုင်ငံတော်နှင့်တောင်သူများ အားထားရသော စိုက်ပျိုးရေးပညာရှင်များဖြစ်လာစေရေးကြိုးစားဆောင်ရွက်ကြရန် ”လုပ်ငန်း ခွင်ဝင် အမှာစကားများပြောကြားခဲ့ပြီး ကျောင်းဆင်း မောင်၊မယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။
စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲတွင် ကျောင်းသားကျောင်းသူ ၁၁၄ဦးအား စိုက်ပျိုးရေးဒီပလိုမာများအပ်နှင်းပေးနိုင်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ရာ မြောင်းမြမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများပြောကြားခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကာ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ရွှေခယ်သိရိအားကစားခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
အလားတူ အိမ်မဲမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်သည့်၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကာမြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေးအားပေးစကားများ ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက်ကျောင်းသားကျောင်းသူများလေ့လာကျက်မှတ်ရေးနည်းလမ်းများရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ပညာရေးကိုလိုလားကြသည့် ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည် အောင်ချက်အကောင်းဆုံး ၅၂.၁၆ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ပြီး ယခုပညာသင်နှစ်တွင်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာမွေးထုတ်ပေးနိုင်သည့် အလားအလာကောင်းများရှိနေပါကြောင်း ၊ ယခုပညာသင်နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်ဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ပုံမှန် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားမိဘများက မိမိတို့၏သားသမီးများအား ၏ရည်မှန်းချက်များအကောင်အထည်ဖော်နိုင်ရေး အခွင့်အရေးပေးရန်လိုပါကြောင်း၊ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်၊ ဘာသာရပ်များကို စနစ်တကျလေ့လာကျက်မှတ်ကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်အောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်၊ဝါးခယ်မမြို့နယ်၊ အိမ်မဲမြို့နယ်တို့တွင် ၂ ၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား ကျောင်းသူ ကျောင်းတွင်းဖြေ ၁၁၈၈ ဦး၊ ပြင်ပဖြေ ၁၇၈၀ ဦး၊ စုစုပေါင်း ၂၉၆၈ဦးရှိကြောင်းသိရသည်။
Read More...
11-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများ ဖွင့်ပွဲအား ယနေ့ညနေပိုင်းက ပြည်ထောင်စုကွင်း (ကန်သာယာ)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးသည်။ ဦးစွာ ခရိုင်၈ခရိုင်မှ ခင်းကြင်းပြသထားသည့်ဒေသထွက်ကုန်ပြခန်းများ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းသာမကပြည်ပစျေးကွက်များတွင် ထိုးဖောက်ဝင်ရောက်နိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကျနစေရေး၊ ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက်ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့ပြီးပြခန်း တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုမျအပေါ် လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန် ပြပွဲများအား ယနေ့မှစ၍ ဖေဖော်ဝါရီလ ၁၃ရက်နေ့နံနက်ပိုင်းအထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်၈ခရိုင်မှပြခန်းများအပါအဝင် ပြခန်း(၆၂)ခန်းပါဝင်ပြသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့်စည်ကားလျက်ရှိကြောင်းသိရသည်။
Read More...
10-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်ဘီးလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်ဘီးလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၄၇၀ပေ၊အကျယ်၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်းအဖွဲ့သည် တကုန်းကြီးကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ခဲ့ပြီး ကျန်းမာရဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့်အခြေအနေများမေးမြန်းခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောက်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တာပါတ်ကလေး-တာပတ်ကြီး (အင်းမ-ကြံတော)ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည်(၀/၄.၅)မိုင်၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာ၌ ပြုလုပ်သည့် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့် အတူတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၆၄၅ပေ၊အကျယ်၈ပေနှင့် ထု၇ လက်မရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ၍ ရာနှုန်းပြည့်အောင်မြင်စေရေးကြိုးစားကြရန်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများအားလုံးကြိုးစားပေးကြရန် အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊မယင်းကူးကျေးရွာအုပ်စု တောင်သူဦးမောင်မောင်သော်၏ နေကြာ(ဆင်းရွှေကြာ-၂) ၅ဧက၊ ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး(GW-11) ၄၂ဧကနှင့်ပဲတီစိမ်းဧက၂၀၀ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းတိုးတက်စေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ သဘာဝမြေသြဇာများပိုမိုသုံးစွဲစေရေးမှာကြားခဲ့သည်။
ယင်းနောက် မအူကုန်း ကျေးရွာအုပ်စု၊ဒေါင့်မှန်ကျေးရွာ ဦးမောင်မောင်သော်၏ တနိုင်တပိုင်ပြာစိမ်းနွားမွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီးပြာစိမ်းနွားမျိုးကောင်းမျိုးသန့်များကိုမွေးမြူဖြန့်ဖြူးရောင်းချပေးနေမှုများရှင်းလင်းတင်ပြမှုအပေါ် နို့စားနွားများပါမွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြင့် လယ်ယာအတွင်းသို့ မြေဩဇာများအဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့အား တွင်ကျယ်စွာဆောင်ရွက်သွားရန် မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာကုန်ထုတ်လမ်းအမှတ်(၁)(၂)(၃)(၄)အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာကုန်ထုတ်လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်း(၄)လမ်း၏ စုစုပေါင်းအရှည်မှာ (၁မိုင်၊၀.၆၈ဖာလုံ)အကျယ်(၁၂)ပေနှင့် ထု(၉)လက်မရှိသော မြေရောကျောက်ခင်းလမ်းဖြစ်ကြောင်းသိရသည်။ ထိို့နောက် တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေ ၅ဧကတွင် နေကြာ (ဆင်းရွှေကြာ-၁) ဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေးမှာကြားခဲ့သည်။
ယင်းနောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရေကြည်မြို့၊မြို့ရပ်ကွက်၊ဂိုဒေါင်လမ်းကတ္တရာထပ်ပိုးလွှာလမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကတ္တရာထပ်ပိုးလွှာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၄၀၀)ပေ၊အကျယ်(၁၂)ပေရှိကြောင်းသိရသည်။
Read More...
10-Feb-2023
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲပုသိမ်မြို့တွင်ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးကိုရည်ရွယ်ကာ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုပါဝင်ပြီး မြန်မာတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် တပို့တွဲလတွင်သာ ကျင်းပလေ့ရှိသော ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း(ကန်သာယာ)၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မင်္ဂလာငွေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ကြောင်းကြေငြာပေးပြီး ပြိုင်ပွဲဝင်များ၏ အိုးစည်ဗုံမောင်းများနှင့် ထမနဲထိုးယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနအသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယခုကျင်းပခဲ့သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း(၁)သင်း၊ ဌာနဆိုင်ရာ(၁၆)သင်း၊ရပ်ကွက်(၁၅)သင်း၊ စုစုပေါင်း (၃၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆုရရှိသည့်အသင်းအားဆုငွေ(၅)သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအားဆုငွေ(၃)သိန်းကျပ်၊တတိယဆုရရှိသည့်အသင်းအားဆုငွေ(၂)သိန်းကျပ်နှင့်နှစ်သိမ့်ဆုအတွက်ဆုငွေ(၁)သိန်းကျပ်တို့အားချီးမြှင့်ခဲ့ကြောင်းသိရသည်။
Read More...
03-Feb-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိမြို့နယ်များ၌ပြုလုပ်သည့်ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများအားတက်ရောက်အားပေး၍ မျိုးစေ့များစိုက်ပျိုးပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်၊သဲကုန်းကျေးရွာအုပ်စု၊တောင်သူ ဦးထွန်းသွင်၏လယ်မြေ (၁၀)ဧက၌ ပြုလုပ်သည့် (Super Sun 41)နေကြာ မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန် သူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်စေရန်အတွက် အထူးအလေးထား စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး နေကြာစိုက်ခင်းသို့ ဆိုလာရေတင်စနစ်ဖြင့် ရေပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ရုံးတုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးဖိုးစွမ်း၏ လယ်မြေ(၅)ဧက၌ပြုလုပ်သည့် (Super Sun 66)မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်ကြီးထောင့်)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း (၉၆ပေ×၁၁၈ပေ) ၁ထပ် RCC လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊အချိန်မီပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
02-Feb-2023