သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောဖွင့်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၁.၆.၂၀၁၈) ရက်နေ့တွင် တိုင်ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များနှင့်အတူ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
21-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖျာပုံမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း မြစ်ကမ်းထိန်းလုပ်ငန်းအား ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကမ်းထိန်းနှင့်ပတ်သက်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ အန္တရာယ်ရှိ အဆောက်အဦနှင့်ကျောင်းတွင်း မြေနိမ့်ပိုင်း ရေဝပ်ခြင်းအား ကြည့်ရှုခဲ့ပြီး


Read More...
21-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော ကတ်ပြားဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့လို့လည်း ပြည်သူများ၏ သွားလာစရိတ်၊ စားစရိတ်ငွေများ သက်သာကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ကာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။


Read More...
21-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လယ်ယာမြေများအား မူလ လက်ငုတ်တောင်သူများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ လယ်ယာမြေများအား မူလ လက်ငုတ်တောင်သူများထံသို့ ပြန်လည်စွန့်လွှတ်ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ကာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် (၁၅.၁၂.၂၀၁၄)ခုနှစ်မှ ကျုံစုတ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ဒေသခံတောင်သူများဆန္ဒအရ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ


Read More...
20-Jun-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပြုလုပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော ကတ်ပြားဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့လို့လည်း ပြည်သူများ၏ သွားလာစရိတ်၊ စားစရိတ်ငွေများ သက်သာကြောင်း၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ တွဲလက်ညီညီဖြင့် နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ တက်ရောက်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ကာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။


Read More...
20-Jun-2018