သတင်းများ
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအားစည်ကားသိုက်မြိုက်စွာကျင်းပ
Read More...
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ(ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ မတ်လ ၅ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများနှင့်ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားရင်ပြင်တွင် စေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကာ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ အနုမောဒနာတရားနာကြားခဲ့ကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များမှ ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး သြဝါဒါဆရာတော်ကြီးများနှင့်တကွ မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင်သီတင်းသုံးတော်မူကြသောဆရာတော်အရှင်သူမြတ် အပါး(၂၀၀) အား ဆွမ်း၊လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလောင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းအရ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များလိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များမှ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။
ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားအား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ပြုလုပ်ခဲ့ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအားနာယူကြည်ညိုကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးတောင်ခြေတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အားပင့်ဆောင်ပူဇော်၍ ဖောင်တော်အားရေမျှောပူဇော်ကုသိုလ်ပြုခဲ့ကြပြီး မြတ်မော်တင်စေတီတော်မြတ်ကြီးရှိ သက္ကရာဇ် ၁၂၅၂ ခုနှစ်က သွန်းလုပ်လှူဒါန်းထားရှိသည့် ရှေးဟောင်းကြေးသွန်းခေါင်းလောင်းတော်ကြီးများနှင့် ၁၂၅၆ခုနှစ်တွင် ထွင်းထုလှူဒါန်းထားသည့် ရှေးကျောက်စာချပ်အား ရှေးလက်ရာမပျက်ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုများနှင့် ရင်ပြင်တော်တိုးချဲ့တည်ဆောက်နေမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းလက်ရာများမပျောက်ပျက်စေဘဲရေရှည်တည်တံ့စေရေး၊ စနစ်တကျမှတ်တမ်းများထိန်းသိမ်းထားရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလများအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီး ဘုရားဖူးလာပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့နောက် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ဘုရားပွဲတော်ကျင်းပမှုဆိုင်ရာကိစ္စရပ်များသုံးသပ်ဆွေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
19-Feb-2023
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရှင်းလင်းဆောင်၌တရားပွဲနှင့် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရှင်းလင်းဆောင်၌ တရားပွဲနှင့် ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းအတွက် ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ညနေပိုင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ တရားဒေသနာတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ အမှူးပြုသော စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာများက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ပဉ္စမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့ အမှူးပြုသော စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက လှူဒါန်းငွေ စုစုပေါင်း (၃၁၈၅၁၂၀၀၀) သုံးထောင်တစ်ရာရှစ်ဆယ့်ငါးသိန်း တစ်သောင်းနှစ်ထောင်ကျပ်နှင့် ကျောင်းကျင်း (၃၀၀)ကျင်းအတွက်တန်ဖိုးငွေကျပ် (၅၁၀)သိန်းတိတိ တို့အား လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။
Read More...
18-Feb-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိကျေးရွာများတွင် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအခြေအနေများမေးမြန်းခဲ့ပြီး ဆေးရုံသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ဆေးကုသဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့်လူနာများအတွက် စားသောက် ဖွယ်ရာများ နှင့်ထောက်ပံ့ငွေများအသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ခရိုင်ကျေးရွာရှိ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(Gasifier)သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲနေမှုအခြေအနေများတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျှပ်စစ်ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် ပြင်ခရိုင်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ဦးစွာ ငပုတောမြို့နယ် ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဒုတိယပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရန်နည်းလမ်းများရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ပြီး ဆရာ၊ဆရာမ များအနေဖြင့်လည်း မိမိတို့ကျောင်းသူကျောင်းသားများ၏ အားနည်းသည့်ဘာသာရပ်များကိုပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စားမေးပွဲအထောက်အကူပြုဘာသာရပ်ဆိုင်ရာသိကောင်းစရာ (Hand- Out)များနှင့် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ၁၃၀ပေ× ၆၀ပေ RC(၂ )နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ကလပ် တိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူများအားတွေ့ဆုံအားပေးထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံခဲ့၍ ဆေးရုံသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဇီးသောင်ကျေးရွာတွင် ဒေသရှိသဘာဝထုံးကျောက်သက်နုမှ ကျောက်မီးဖိုထုတ်လုပ်နေ မှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုမိုထုတ်လုပ်နိုင်ရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်သာယာ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူကျောင်းသူများနှင့်ဆရာ၊ဆရာမများအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောက်ကလပ်ဦးစေတီနှင့် ကျောက်ကလပ်တောင်သို့သွားရောက်ခဲ့ပြီး ကျောက်တောင်များတွင် ပင်လယ်လှိုင်းနှင့်ဒီရေတိုက်စား၍ကျောက်ကလပ်ပုံ သဏ္ဍန်ဖြစ်ပေါ်မှုနေများ၊ ကမ်းခြေရှုခင်းသာယာမှုများနှင့် ရှင်စောပုဘုရား အောက်ဘက်ကမ်းခြေတစ်လျှောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးကမ်းခြေသန့်ရှင်းသာယာလှပေစေရေး၊ အပန်းဖြေလာရောက်ကြသည့်ဧည့်သည်များ စိတ်အပန်းပြေစေရေးနှင့် ခရီးသွားဧည့်သည်များပိုမိုစိတ်ဝင်လာစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
.
ဆက်လက်၍ လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၂၀)မှဆောင်ရွက်လျက်ရှိသည့် လပွတ္တာ(ကျောက်ဖျာလေး)-သုံးခွ- အုတ်တွင်းလမ်းအား ရာသီမရွေးသွားလာနိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှူများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် သက္ကယ်သောင်ကျေးရွာအုပ်စု၊ သောင်လေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်ခဲ့၍ ကျောင်းဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများနှင့်တွေဆုံခဲ့ကာ တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ အုတ်တွင်းကျေးရွာရှိ ဆားတောင်သူ ဦးပြည့်စုံ၏ တာပေါ်လင်ခံ၍နေလှန်းဆားထုတ်လုပ်မှုအခြေအနေများကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းတာဝန်ခံမှ ရိုးရိုးမြေသားပေါ်တွင် သမားရိုးကျနေလှန်းဆားထုတ်လုပ်မှုထက် တာပေါ်လင်ပေါ်တွင်နေလှန်းဆားထုတ်လုပ်မှုတွင် ပိုမိုအကျိုးရှိမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဆင့်မီဆားကြမ်းပိုမိုထုတ်လုပ်နိုင်ရေး၊ ဆားကြမ်းမှတစ်ဆင့် အိုင်အိုဒင်းပါဝင်သည့်ဆားချောများတိုးတက်ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
18-Feb-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပါသည်။
ဦးစွာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကျောင်းသားကျောင်းသူများ၊ မိဘများ၊ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ယခုကဲ့သို့စုစည်းတွေ့ရှိရခြင်းကြောင့် မိမိတို့အနေဖြင့်များစွာဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားစေရေးအတွက် တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းတွင်း၊ ပြင်ပဖြေဆိုမည့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းတက်ရက်များတွင်အချိန်ပိုသင်ကြားပေးခြင်းအပြင် စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များပါ အချိန်ပိုသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ပြီး အောင်စိတ်မွေး၍ အောင်မြင်စေရေးအစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ ပြီးကျောင်းသား၊ကျောင်းသူများအ တွက် တက္ကသိုလ်ဝင်စားမေးပွဲအထောက်အကူပြုဘာသာရပ်ဆိုင်ရာသိကောင်းစရာ (Hand- Out)များနှင့် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
17-Feb-2023
ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပ
Read More...
သာသနာတော်နှစ် ၂၅၆၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁၃)ရက်၊ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရ ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယမဟာထေရ်မြတ်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တရားနာပရိတ်သတ်များ တက်ရောက်နာယူကြည်ညိုကြပါသည်။ ဦးစွာ “နမောတဿ” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး သဲဖြူ နှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များနာယူကြည်ညိုခဲ့ကြကာသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ဓမ္မပူဇာအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Read More...
17-Feb-2023