သတင်းများ


တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ငပုတောမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပုသိမ်ခရိုင်အတွင်းရှိ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ကန်ကြီးထောင့်မြို့နယ်၊တကုန်းကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းနှင့် ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း၊သော်ကခန်းမ၌ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာ မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အလားတူကန်ကြီးထောင့်မြို့နယ်၊တကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာ မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပုသိမ်ခရိုင်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား အမှာစကားများ ဆက်လက်ပြောကြားခဲ့သည်။ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ငပုတောမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၊နဝရတ်ခန်းမ၌ ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပြီး မြို့နယ်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအားထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့သည်။ ယင်းသို့တွေ့ဆုံအားပေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ လည်းကောင်း၊ ပုသိမ်တက္ကသိုလ်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်းတက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့သည့်အပြင် ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့်ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊  ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်လိုပါကြောင်း၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်" အားပေးစကားများပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ပုသိမ်- ငပုတော ကားလမ်း  (၁၇/၁ မိုင် မှ ၁၇/၃ မိုင် အထိ)ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
22-Feb-2023
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ နိုင်ငံ​တော်အ​နေဖြင့်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်​စေရန်မူဝါဒ၊ရည်မှန်းချက်များချမှတ်ကာမြန်မာနိုင်ငံလူငယ်​ရေးရာဗဟို​ကော်မတီနှင့် တိုင်း​ဒေသကြီး/ပြည်နယ်လူငယ်​ရေးရာ​ကော်မတီတို့ကိုပြင်ဆင်ဖွဲ့စည်း​ဆောင်ရွက်ခဲ့ပြီး​နောက်ဗဟို​ကော်မတီနှင့်တိုင်း​ဒေသကြီးလူငယ် ​ရေးရာ​ကော်မတီတို့ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါ​ကြောင်း၊ အနာဂတ်တာ၀န်များကိုပခုံး​ပြောင်းထမ်း​ဆောင်ကြမယ့်လူငယ်များကိုဘက်​ပေါင်းစုံအရည်အ​သွေးပြည့်၀လာ​စေရန်စနစ်တကျပြုစုပျိုး​ထောင်း​ပေးရမည်ဖြစ်​ကြောင်း​၊ ကော်မတီ၀င်များအ​နေဖြင့်မိမိတို့ဌာနအလိုက်အ​ကောင်အထည်​ဖော်​ဆောင်ရွက်လျက်ရှိ​ပြီးလူငယ်​ရေးရာ​ကော်မတီကိုဖွဲ့စည်းနိုင်မှု​ကြောင့်မူဝါဒရည်မှန်းချက်များအ​ပေါ်ပီပြင်စွာအ​ကောင်အထည်​ဖော်နိုင်မည်ဖြစ်ပါ​ကြောင်း​ ” အဖွင့်အမှာစကားပြောကြားခဲ့သည်။  ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
22-Feb-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငွေဆောင်မြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၌  မြို့အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံပွဲအား ယနေ့ညနေပိုင်းက ယမုံနာဦး ဟိုတယ် တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ငွေဆောင်မြို့အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့်အပြင် ပြည်ပပို့ကုန်များလည်း ထုတ်လုပ်တင်ပို့လျှက်ရှိပါကြောင်း၊ သဘာဝကပေးသည့် ကမ်းခြေဒေသများနှင့် ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး လာရောက် လည်ပတ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရန်အတွက် ဒေသ၌ရှိသည့် သစ်တောသစ်ပင် ဖြစ်ထွန်းမှုများ၊ သုတေသနလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆင်စခန်းများကိုလည်း ခရီးသွားဧည့်သည်များစိတ်ပါဝင်စား၍ သွားရောက်လေ့လာလည်ပတ်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်လည်း ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ကမ်းခြေနှင့် ဟိုတယ်ဇုန်များ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ဟိုတယ်များနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီးကမ်းခြေသာယာလှပရေးအား ယခုထက်ပိုမို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ခရီးသွား ဧည့်သည်များ စိတ်အပန်းပြေပျော်ရွှင်စေရေးနှင့် လုံခြုံမှုရှိစေရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊   တိုင်းဒေသကြီး၏ MSME လုပ်ငန်းများသည် ခရီးသွားလုပ်းငန်းများအပေါ်တွင်လည်း မှီခိုနေသောကြောင့် MSME ပြပွဲများ၊ ဈေးရောင်းပွဲတော်များနှင့် ကမ်းခြေအားကစားပြိုင်ပွဲများအား ဟိုတယ်ဇုန်များအလိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားများအား တည်းခိုခနှင့်ညီမျှသည့် ဝန်ဆောင်မှုများပေးရန် လိုအပ်ပြီး ဝေဖန် အကြံပြုစာရေးသားသည့် စနစ်ကိုလည်းအကောင်အထည်ဖော်ဆောင်ရွက် ကြစေလိုကြောင်းနှင့် သို့မှသာ အားသာချက် အားနည်းချက်များအား ပြုပြင်၍ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဟိုတယ်ဇုန်တာဝန်ခံများ၏ လုပ်ငန်းလိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
21-Feb-2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တွေ့ဆုံအားပေး
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအား တွေ့ဆုံအားပေးခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပုသိမ်မြို့နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ပညာရေးမှူးက  အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရမည့်နည်းလမ်းများ အားရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့်ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သောဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်း များစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း" အားပေးစကားများပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ပုသိမ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား မြို့နယ်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
21-Feb-2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်
၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနား ကို အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊  ဒေသခံချင်းတိုင်းရင်းသူတိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ ဦးစွာ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ မုခ်ဦးအား  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊  ချင်တိုင်းရင်းသား ရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအားဆက်လက်ပြုလုပ်ရာ သဘာပတိကြီးမှမောင်း (၃)ချက်ထု၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိမိတို့တိုင်းဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား(၈)မျိုးလုံး စုပေါင်းနေထိုင်ကြပြီး နေထိုင်မှုအများဆုံး တိုင်းရင်းသားများမှာ ဗမာ၊ ကရင်၊ ရခိုင်နဲ့ ချင်းတိုင်းရင်းသားများ ဖြစ်ကြပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာလည်း မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိသည့်အတွက်ပြည်ထောင်စုအတွင်း မှီတင်နေထိုင်ကြသည့်တိုင်းရင်းသား ပြည်သူအားလုံးသည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ တိုင်းရင်းသားစာပေ သင်ကြားရေးများ၊ တိုင်းရင်းသားရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များ နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အစဉ်အလာမပျက် ကျင်းပဆောင်ရွက်နိုင်စေရန်စာပေနှင့်ယဉ်ကျေးမှုအသင်းများသို့ ထောက်ပံ့ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိဒေသရဲ့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာအမွေအနှစ်များ၊ ဓလေ့ထုံးစံများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် နှင့်  ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကိုထာဝစဉ် သယ်ပိုးနိုင်ပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီးဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဆလိုင်းလှမြင့်က ချင်းအမျိုးသားနေ့ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။  ဧရာဝတီတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးဆလိုင်းအောင်ကိုကိုဦးက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအားရှင်းလင်းပြောကြား၍ ခင်းကျင်းပြသထားသော နောက်ခံအရောင်နှင့် ဆင်ယင်ထုံးဖွဲ့မှုအကြောင်းကိုချင်းတိုင်းရင်းသူ တစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့ဝင် ဒေသခံ ဆလိုင်းသိန်းဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးသဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ချင်းတိုင်းရင်းသားတိုင်းရင်းသူများ၏ ရိုးရာအကများဖြင့် ဖျော်ဖြေကပြမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းကောက်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခဲ့ပြီးအင်္ဂပူမြို့နယ် ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်အောင်ခရိုင်ပညာရေးမှူးမှ အောင်ချက်မြင့်မားရေးအတွက် လေ့လာကျက်မှတ်ဖြေဆိုရန်နည်းလမ်းများရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင်တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ် ပါမောက္ခ၊ ဌာနမှူးများနှင့်အထက်တန်းပြဆရာ၊ ဆရာမများဘာသာရပ်ဆိုင်ရာသိကောင်းများဆွေးနွေးပွဲများပြုလုပ်ပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲကို အကြိုလေ့ကျင့်ဖြေဆိုလျက်ရှိပြီး  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကာ ဆရာ၊ဆရာမ များအနေဖြင့်လည်း မိမိတို့ကျောင်းသူကျောင်းသားများ၏ အားနည်းသည့်ဘာသာရပ်များကိုပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေး အောင်စိတ်မွေး၍ အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်းများစွာဖြင့်ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်”အားပေးစကားများပြောကြားခဲ့ ပြီးကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို မြို့နယ်ပညာရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
20-Feb-2023