သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့နယ်၊နန်းတော်ကျွန်းကျေးရွာ၊ တောင်သူဦးခင်စိုး၏ Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်း ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ တောင်သူ ဦးခင်စိုး၏ယာမြေသို့ရောက်ရှိ၍ ပထမ သီးနှံအဖြစ် ပဲတီစိမ်းစိုက်ပျိုးပြီးစီး၍ ဒုတိယသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် Supersun-41 နေကြာ(၁၀)ဧက စံပြစိုက်ခင်းသို့ရောက်ရှိကာ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှု အားပေးခဲ့ပါသည်။  ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိရေးအတွက် တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်၊ သုံးသီးစိုက်ဧရိယာများအဖြစ် ဆီထွက်သီးနှံများ၊ ငရုတ်၊ ပြောင်း၊ ပဲ သီးနှံမျာကို ထပ်မံစိုက်ပျိုးကြရန်၊ နေကြာသီးနှံ စိုက်ပျိုးပြီးစီး၍ ရိတ်သိမ်းပြီးစီးပါက မိုးမရွာမီကာလ အတွင်းနွေနှမ်းသီးနှံထပ်မံ စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပါသည်။ အဆိုပါနန်းတော်ကျွန်းကျေးရွာအုပ်စု အတွင်း အစေ့ထုတ်ပြောင်း(၁၉၇၆)ဧက၊ ဖူးစားပြောင်း(၂၃)ဧက၊ နေကြာ(၇၄၃)ဧက၊ မတ်ပဲ (၅၆၈)ဧက၊ ပဲတီစိမ်း(၁၉၅)ဧက၊ ငရုတ်(၅၃)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့် ဘာသာရပ် များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှသာ မိမိတို့၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်၍ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ အစွမ်းကုန် ကြိုးစားကြစေလိုပါကြောင်း၊ ဂုဏ်ထူးပေါင်းများစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်း စိုက်ဧက(၂၀၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ဇလွန်မြို့၊ ဒို့တောရွာ မျိုးစေ့နှင့်ပဲမျိုးစုံ ရောင်းဝယ်ရေးသို့ ရောက်ရှိ၍  ပဲတီစိမ်းစိုက်တောင်သူများမှ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ ပြင်ရွာကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး ဧက(၂၀၀)စံပြစိုက်ခင်းသို့ ရောက်ရှိ ၍ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်အားပေးခဲ့ပြီးဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ  ဆိုလာရေတင်စနစ်ဖြင့်ရေတင်စနစ်အား ကျယ်ကျပ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆောင်ရွက်ကြရန်၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များကို သုံးစွဲကြရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများကို အချိုးကျသုံးစွဲကြရန်၊ တစ်သီးစိုက်ဧရိယာများမှ နှစ်သီးစိုက်ဧရိယာများအဖြစ် ထပ်မံစိုက်ပျိုးကြရန် မှာကြားခဲ့ပြီး ဒေသခံတောင်သူများမှ တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Read More...
27-Feb-2023
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ​ ဇလွန်မြို့မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲ​တော်ဖွင့်ပွဲ တက်​ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့ မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ် ရှင်တော် မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲ​တော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း​၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် အတူ တက်​ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ဦးစွာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း၊ သယံဇာ​ရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှု​ရေးရာဝန်ကြီး ဦး​မောင်​မောင်းသန်း၊ လမ်းပန်းဆက်​ရေးဝန်ကြီး ရဲမှူးကြီးတင်​ဇော်ထွန်း၊ အစိုးရအဖွဲ့အတွင်း​ရေးမှူး ဦး​ဝေဇင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်း တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး  ဘုရားကြီးဂန္ဓကုဋိတိုက်​တော်တွင် သြဝါဒါစရိယဆရာ​တော်ကြီးများအား လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားကို န​မောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဇလွန်မြို့၊ လယ်ဦး​ကျောင်းတိုက်ဆရာ​တော် ဘဒ္ဒန္တဝိသာရဓ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြကာ သြဝါဒါစရိယဆရာ​တော်ကြီးများက ပရိတ်တရား​တော်များ ရွတ်ပွားချီးမြှင့်​တော်မူခဲ့ကြပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းက သာသနာ​ရေးဆိုင်ရာများ ​လျှောက်ထားခဲ့ပါသည်။ ထို့​နောက်  သြဝါဒါစရိယဆရာ​တော်ကြီးများအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ ဦး​ဆောင်၍ နဝကမ္မ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးကုသိုလ်ကောင်း မှုအစုစုတို့အတွက် နု​မောဒနာတရား​နာကြားခဲ့ပြီး ​ရေစက်သွန်းချအမျှ​အပေး​ဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆ်ိုဆု​တောင်း၍ အခမ်းအနား​အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက  မာရ်​အောင်မြင်ပြည်​တော်ပြန် ရုပ်ရှင်တော် မြတ်ကြီးအား ပန်း၊ မုန့်ဆွမ်း၊ သစ်သီးဆွမ်းနှင့် ရွှေသင်္ကန်းများဆက်ကပ်လှူဒါန်းခဲ့ကြ၍ လက်ျာရစ်လှည့်လည်ပူဇော်ခဲ့ပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကာ ဘုရားဖူးလာကြသူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


Read More...
27-Feb-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့၊ ထူပါရုမ်စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံဆောင်ရွင်နိုင်ရေး ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊  ရေကြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ထူပါရုမ်စေတီတော်မြတ်ကြီးအား ရေရှည်တည်တံ့ပြီး စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်ရန်အတွက် လိုအပ်သောပြင်ဆင်ဆောင်ရွက်မှုများပေးနိုင်ရန် သွားရောက်ဖူးမြှော်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး တန်ဆောင်းတော်ကြီးတွင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်တွေဆုံခဲ့ကာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)မှ စေတီတော်ကြီး မွမ်းမံပြင်ဆင်ရန်အတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးစနစ်တကျပြုပြင်မွမ်းမံရန်၊ စေတီတော်ရင်ပြင်တော်ရှိ တန်ဆောင်းများ၊ အဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းကြရန်၊ လျှပ်စစ်မီးကြိုးသွယ်တန်းမှုများ စနစ်တကျရှိစေရန်နှင့် သန့်ရှင်းရေလုပ်ငန်းများဆောင်ရွက် ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက လိုအပ်ချက်များအား တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စေတီတော်ကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ အကြီးစားပြုပြင်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မြို့နယ်ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာအုပ်စုရှိ ထွန်းမေတ္တာ သာကူစေ့နှင့်ကော်မှုန့်စက်ရုံသို့ရောက်ရှိခဲ့ကာ စက်ရုံတာဝန်ခံမှ သာကူစေ့ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်နှင့် စပါးခွံလောင်စာသုံး ဘွိုင်လာရေနွေးငွေ့အသုံးပြု သာကူစေ့ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ရုံမှ သာကူစေ့ထုတ်လုပ်နိုင်မှု၊ စျေးကွက်ရရှိမှု၊ ကုန်ကြမ်းရရှိမှု၊ သိုလှောင်ထားရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ဘွိုင်လာမှစွန့်ပစ် ဖွဲပြာများအား စနစ်တကျသိုလှောင်ထားရှိပြီး သဘာ၀မြေသြဇာ များထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်များ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ဘွိုင်လာစက်ရုံအသစ်ထပ်မံတည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့သည်။ ထို့နောက် စက်ရုံတာဝန်ခံ မှ ကော်မှုန့်စက်ရုံ လည်ပတ်နေမှုအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါစက်ရုံမှ ရန်ကုန်မြို့သို့ နေ့စဉ် သာကူစေ့ (၃) တန်နှင့် ကော်မှုန့် (၁၂)တန်  တို့အား တင်ပို့လျှက်ရှိ ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကြီးအိုင်ကျေးရွာ အုပ်စုရှိ မန်းစိုးသိန်း၏ ပီလောပီနံအမှုန့်ထုတ်စက်ရုံသို့ရောက်ရှိခဲ့ပြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ် သူများအသင်း ဥက္ကဋ္ဌမှ ပီလောပီနံအမှုန့်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေအနေများ၊ ပြည်ပသို့တင်ပို့ရန်အတွက် ဓါတ်ခွဲစမ်းသက်မှုအခြေအနေများ၊ ပီလောပီနံတိုးချဲ့ စိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုမိုတိုးချဲ့စိုက်နိုင်ရေး၊အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ မန်းစက္ကူကျေးရွာအုပ်စုရှိ တောင်သူ ဦးသိန်းထွန်း၏ လယ်မြေ (၈) ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်  ဝါးခယ်မစိမ်းမျိုး ပဲတီစိမ်းစိုက်ခင်းသို့ရောက်ရှိ၍ ဒေသခံတောင်သူများ ပဲနှုတ်နေမှုအား  ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့၊ ကံ့ကော်ကျောင်းတိုက်သို့ရောက်ရှိ၍ ကံ့ကော်ကျောင်းတိုက်ဆရာတော်အား ဖူးမြှော်ကြည်ညို၍ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကံ့ကော်ဘုန်းတော်ကြီးကျောင်း ရှိတက္ကသိုလ်ဝင်စာမေးပွဲ အတွက် ပညာဒါနပေးနေသည့်အဆောင်တွင် ၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား များနှင့်တွေ့ဆုံအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။


Read More...
26-Mar-2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့်တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်-ကံကုန်း- မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား (မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်း (Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်း၊  တံတားအရှည် ၃၈၄ မီတာ (၁၂၆၀ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၇.၃မီတာ၊ လူသွားလမ်းအကျယ် ၀.၆မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၆၀မီတာ(၂၀၀ ပေ)၊ ရေလမ်းကင်းလွတ် အမြင့် ၆.၀ မီတာ (၂၀ပေ)၊ တံတားခံနိုင်ဝန် H.S - 25 (AASHTO)လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ စီမံကိန်းလုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းတပ်ဆင်ခြင်းစသည့် အချောသတ်လုပ်ငန်းများဆောင်ရွက်မှုများအားတာဝန်ရှိသူများက  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေး၊စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေးလုပ်ငန်းများအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါ  ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းအား အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၉၇ %) ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ် ၊ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များစိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများပြသထားရှိရန်ပြင်ဆင်ထားရှိမှုများနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တောင်သူလယ်သမားနေ့ ကျင်းပရေးကော်မတီများမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအားလုံး ပြသနိုင်ရေး၊ တောင်သူများအားပါဝင်တက်ရောက်စေရေး ယခင်နှစ်များထက် ကဏ္ဍစုံပါဝင်စေရေးလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
25-Feb-2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တွေ့ဆုံအားပေး
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ များအားတွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊စက်ဒေါင့်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊မြတ်ပညာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ စက်ဒေါင့်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်အခြေအနေများနှင့် ကျောင်း၏ပညာရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက်  တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာအထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့်ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း  မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြုပြင်ဆင်ကြရမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ကျောင်းသူများ၏ အားနည်းသည့်ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ မလျော့သောဇွဲလုံ့လဖြင့် အစွမ်းကုန်ကြိုးစားကြစေလိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်၊ ရိုးရိုးသားသားကြိုးကြိုးစားစားဖြေဆိုကြရန်နှင့် ဂုဏ်ထူးပေါင်း များစွာဖြင့် ရာနှုန်းပြည့်ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုပါကြောင်း" အားပေးစကားများပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး သာပေါင်းမြို့နယ်၊ ဘုရားကြီးကျေးရွာသို့သွားရောက်၍ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအပြီးသတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘုရားကြီးတည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်ရေးလုပ်ငန်းများအပြီးသတ်ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီးရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးရန်၊ လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။ ထို့နောက် ဘုရားကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများအချိန်မီပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဘုရားကြီးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းတမံတည်ဆောင်ခြင်းလုပ်ငန်း (၁၈၀)ပေ ဆောင်ရွက်မည့်အစီအမံများအား ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရှင်းလင်းတင်ပြမှုအပေါ်  အချိန်မီဆောင်ရွက်စေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
25-Feb-2023