သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ တက်ရောက်၍ “ ယနေ့ အောက်တိုဘာလ(၁)ရက်နေ့သည် ကမ္ဘာပေါ်က သက်ကြီးရွယ်အိုများ၏ အဖိုးထိုက်တန်မှု၊ နိုင်ငံ့တာဝန်များကျေပွန်ခဲ့မှု၊ ကမ္ဘာကြီးအပေါ် တတ်စွမ်းသမျှ စွမ်းဆောင်နိုင်ခဲ့မှုများကို လေးစားတန်ဖိုးထားပြီး ဂုဏ်ပြုကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဖြစ်သည့်အတွက် တက်ရောက်လာသူ ဘိုးဘွားနှင့် တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားများ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရာတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝကိုသိရှိနားလည်စေနိုင်ရန်၊ အလေးထားပြီး တန်ဖိုးထားချစ်ခင်တတ်စေရန် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ သက်ကြီးသူများ၏ အခွင့်အရေးများ သိရှိတန်ဖိုးထား တာဝန်ယူ‌ဆောင်ရွက်လာနိုင်စေရန်အတွက် ပြည်သူလူထုနှင့် လူငယ်များအားအသိပညာပေးခြင်း၊ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်း၊ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း၊ သက်ကြီးပုဂ္ဂိုလ်များဦးဆောင်ပါဝင် ဆောင်ရွက်သည့် လူမှုအားမာန်အဖွဲ့( Inclusive Self Help Group- ISHG)များကို မိမိတို့ တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာခြင်း၊ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်း သက်ကြီးပုဂ္ဂိုလ်ဦးရေ တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားအတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဆောင်ပုဒ်သည် “သက်ကြီးသူများဘဝသာယာဖို့သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်းကြပါစို့” “Fulfilling the Promises of the Universa Declaration of Human Rights for Older Persons: Across  Generations” ဖြစ်ပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များကို လေးစားထိုက် ဂုဏ်ပြုတိုက်သူများအဖြစ် တန်ဖိုးထားပြီး ယခုလိုအခမ်းအနားကျင်းပပေးရုံ သက်သက်မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များရဲ့ဘဝ လုံခြုံမှုရှိစေရေး၊ ယခုလိုအခမ်းအနားကျင်းပပေးရုံ သက်သက်မဟုတ်ဘဲ သက်ကြီးပုဂ္ဂိုလ်များရဲ့ဘဝ လုံခြုံမှုရှိစေရေး၊ ယင်းတို့၏ လုပ်ကိုင်နိုင်သော စွမ်းအားကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများမှာ အသုံးပြုနိုင်ရန်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးများကို ဆောင်ရွက်သွားကြဖို့နဲ့ ယနေ့အခမ်းအနားသို့ကြွရောက် ချီးမြှင့်ပေးတဲ့ ဂုဏ်ပြုခံ သက်ကြီးပုဂ္ဂိုလ်များနဲ့တကွ တိုင်းဒေသကြီးအတွင်း မှာရှိတဲ့ သက်ကြီးပုဂ္ဂိုလ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတွေနဲ့ပြည်စုံကြပါစေကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသမှုအားကြည့်ရှုအားပေးသည်။  ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက  ကန်တော့ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီးခဲ့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်၊ကျုံပျော်၊ မြောင်းမြနှင့် လပွတ္တာခရိုင်များရှိ ရိပ်သာတာဝန်ခံများထံသို့ ငွေပဒေသာပင်၊ အသက်အကြီးဆုံး အဘိုးအဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် ရိပ်သာများရှိဘိုးဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကိုလည်းကောင်း၊  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဟင်္သာတ၊ မအူပင်၊ မြန်အောင်နှင့် ဖျာပုံခရိုင်များရှိ ရိပ်သာတာဝန်ခံများထံသို့ ငွေပဒေသာပင်၊ အသက်အကြီးဆုံး အဘိုးအဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေနှင့် ရိပ်သာများရှိဘိုးဘွားများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော့ခံဘိုးဘွားများအားရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပြကောက်ကွက်(၁)၌ စာရင်းကောက်ကြီးကြပ်သူ၊ စာရင်းကောက်၊ တိုက်နယ်မှူး၊ မိတ်ဖက်အဖွဲ့အစည်းများဖြင့် အိမ်ထောင်စု(၃၂၅)၊ လူဦးရေ(၁၂၁၇)ဦးအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းကောက်ကြီးကြပ်သူမှ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စာရင်းဇယားများတိကျမှန်ကန်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် ပြည်သူများသိရှိလိုက်ပါဆောင်ရွက်စေရေးမှာကြားခဲ့သည်။


Read More...
01-Oct-2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ
(၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၁)နှစ်တာကာလအတွင်း အကြမ်းဖက်အဖွဲ့များ၏လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိအောင်နှင့် အများပြည်သူစိတ်ဝင်စားပြီး ထူးခြားသည့်မှုခင်းများ၌ စွမ်းစွမ်းတမံဖော်ထုတ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်(၈၉)ဦးကို ဆုများချီးမြှင့်နိုင်ခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ “မြန်မာ့ရဲ"သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နေ့ထူးနေ့မြတ်ဖြစ်သလို ရဲတပ်ဖွဲ့ဝင်များ၏နေ့သစ်လောင်းသည့် နေ့တစ်နေ့လည်းဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့သည် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လာခဲ့သည်မှာ ယနေ့တွင်( ၅၉ )နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စိန်ခေါ်မှုအသစ်တွေကိုအမြဲမပြတ်ထိတွေ့နေကြရမှာဖြစ်၍ အသင့်ဖြစ်နေအောင် စီမံဆောင်ရွက်ထားကြဖို့လိုအပ်ပါကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေးအတွက်ပြည်သူနဲ့အတူလက်တွဲပြီး ထိရောက်အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်နေကြရသကဲ့သို့ နယ်စပ်ဒေသလုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်နှင့်အညီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းထားရှိပြီး အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်တာနှင့်အညီ နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက်အလက်ဖလှယ်မှုများအပြင်နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်းပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလိုက်နာရမယ့် အစဉ်အလာကောင်း (၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင်အရေးကြုံတိုင်းနောင်တော်တပ်မတော်နှင့်တစ်စိတ်တစ်ဝမ်းထဲလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက်နှင့်အညီ တပ်မတော်နှင့် အတူလက်တွဲ၍ လက်ရှိ နိုင်ငံတော်ရဲ့ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကို တပ်ဖွဲ့ဝင်တိုင်းကနားလည်ပြီး တာဝန်ကျေပွန်စွာ မှန်ကန်မွန်မြတ်သော စိတ်စေတနာကောင်းများဖြင့် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ တာဝန်တွေကို ဆောင်ရွက်ရင်းဖြင့် အသက်ပေးလှူခဲ့ရသည့်တပ်ဖွဲ့ဝင်များနှင့် ကိုယ်အင်္ဂါချို့ယွင်းဆုံးရှုံးခဲ့ရသည့် တပ်ဖွဲ့ဝင်တွေကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်နှင့်  ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ကျွမ်းကျင်မှု၊ရိုးသားဖြောင့်မတ်မှု၊သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်း၍လုပ်ငန်းတာဝန်တွေ အစဉ် ကြိုးပမ်းထမ်းဆောင်သွားကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေရရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေများနှင့် အင်္ဂပူမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ရဲမှုထမ်းဟောင်းများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်‌ငွေ၊ တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေ ရရှိသူများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေ၊ တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ ရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိးမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


Read More...
01-Oct-2023
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ တံခွန်တိုင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အထက်ရင်ပြင်တော်နှင့် အောက်ရင်ပြင်အကြားရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ အောက်ရင်ပြင် (- 12 to 0)level ကော်လံများကွန်ကရစ်လောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ 0 level ကွန်ကရစ်ကျောက်ပုံးကျောက်ခွက်များ ဆောင်ရွက်နေမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်းဆောင်ရွက်မည့်အခြေအနေများနှင့် မြောက်ဘက်မုခ်ဦးလှေကား ဆောင်ရွက်နေမှုနှင့် ရေကန်နံရံများတည်ဆောက်မည့်လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ​အောက်ရင်ပြင်တိုးချဲ့ခြင်းလုပ်ငန်း​ဆောင်ရွက်စဥ်စေတီ​တော်ကြီး၏အ​ပေါ်ရင်ပြင်​မြေထိန်းနံရံကြံ့ခိုင်​​စေရေးအတွက်ပါတစ်ပါတည်း​ဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများအရည်အသွေးပြည့်မီရန်၊ လာမည့်ဘုရားပွဲေတာ်ရာသီအမီပြီးစီးစေရေး လူအင်အားစက်ယန္တရားများဖြင့် အင်အားပြည့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊အမှတ်(၁)ရပ်ကွက်သို့သွားရောက်ခဲ့ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှဟိုင်းကြီးကျွန်းအဝင်ရေလမ်းကောင်းမွန်စေရေးလုပ်ငန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နုန်းတားကျောက်စီလှိုင်းကာ ၅၀၀ပေဆောင်ရွက်ခြင်းနှင့်သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေလမ်းေကြာင်းများရေရှည်ကောင်းမွန်စေရေးအစီအစဉ်များရေးဆွဲဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများအချိန်မီပြီးစီးစေရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
30-Sep-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် မှာကြား
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ဌာနဆိုင်ရာများနှင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ စုပေါင်းရုံး၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ တက်ရောက်၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ဌာနဆိုင်ရာများနှင့်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောရာ“ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြို့နယ်ဌာန ဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များလစဉ်ပြုလုပ်လျက်ရှိသည့် အစည်းအဝေးများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေး လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ပညာရေးနင့်ပတ်သက်ပါက အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ကြပ်မတ် ဆောင်ရွက် ပေးရန်လိုပါကြောင်း၊ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မ ကျော်သောမိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျောင်းအခြေပြုထိုးနှံခြင်းများပြီးစီးပါက ရပ်ကွက်အခြေပြုထိုးနှံခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ အကျုံးဝင်သူများ အားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးဆောင်ရွက် ပေးရန်လိုပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ နိုင်ငံသားအသိအမှတ်ပြုကတ်မရှိ၍ ထောက်ပံ့ကြေး မရခဲ့သည့် ကိုယ်ဝန်ဆောင်များအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပြီး စာရင်းပေးသွင်းနိုင်ရေးလုပ်ဆောင်ကြရန်လည်း လိုအပ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်တော့မည်ဖြစ်၍ အချိန်မီကောက်ယူပြီးစီးနိုင်စေရေးဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ပေးရန် မိမိတို့တိုင်းဒေသကြီးသည် လူစွမ်းအားအရင်းအမြစ်များပေါများပြီး ကျန်းမာကြံ့ခိုင်သည့်လူငယ်လူရွယ်များမွေးထုတ်၍ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရန် ပြိုင်ပွဲဝင်များကို စခန်းသွင်းလေ့ကျင့် လျက်ရှိပါကြောင်းနှင့် အောင်မြင်မှုများပိုမိုရရှိရန်နှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်များ မွေးထုတ်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း၊ လုံခြုံရေးကိစ္စများရပ်များကိုမပေါ့ဆ ရန်နှင့် မိမိတို့ရပ်ကွက်ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုဆောင်ရွက်ကြရန်”မှာကြားခဲ့ကြောင်းသိရသည်။


Read More...
29-Sep-2023
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး လက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး  ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သည့်အခါတိုင်း အားကစားအဖွဲ့များနှင့်တွေ့ဆုံ၍ အားကစားသမားများ၏ လေ့ကျင့် ပြင်ဆင်မှုအပိုင်းများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ နည်းစနစ်မှူးများ၏ တင်ပြဆွေးနွေးချက်များ အပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်သည့်အခါ မိမိတို့ တိုင်းဒေသကြီးသည် ပြည်နယ်တိုင်းအဆင့် လေး/ ငါး နေရာတွင်သာရှိနေပါ၍ ရောက်ရှိနေသည့်အဆင့်ထက် ကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်ဝှေ့အားကစားသမားများ အနေဖြင့်  ကျန်းမာကြံ့ခိုင်ပြီးသက်လုံကောင်းရန် နည်းစနစ်ကျကျဖြင့် ဉာဏ်ရည်ကိုအသုံးပြု ပြိုင်ပွဲဝင်ရန်လေ့ကျင့်ထားကြသဖြင့် အောင်မြင်မှုရရှိမည်ကိုယုံကြည်ပါကြောင်း၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့်နည်းပြများဖြင့်လေ့ကျင့်နေကြသည်ဖြစ်၍ တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ယှဉ်ပြိုင်အနိုင်ရရှိရန်” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးလက်ဝှေ့အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
29-Sep-2023