သတင်းများ
ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊ သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု -သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်၍ “ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်းများတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားများ ရှိသည့်အခါတိုင်း မိမိအနေဖြင့် တက်ရောက်အားပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးရှိ သူနာပြုသင်တန်းကျောင်း(၃)ကျောင်းမှ သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်းဆင်းမျာ းမွေးထုတ်ပေးနေသကဲ့သို့ အကူသူနာပြုသင်တန်းများမှလည်း သင်တန်းဆင်းများမွေးထုတ်ပေးလျက်ရှိရာ မိမိတို့တိုင်းဒေသကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်း ဟင်္သာတကို ၂၀၀၁ခုနှစ်စတင် ဖွင့်လှစ်ခဲ့ရာ သူနာပြု (၁၀ဝ၂)ဦးအားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်၍ ဆေးရုံအသီးသီး၌ သူနာပြုနှင့်သားဖွားများကို ဖြည့်ဆည်းပေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်သည့်အတွက် ပြည်သူလူထုအား ကျန်းမာရေးကို ဆောင်ရွက်ပေးနိုင်သည်ဟုပြောရမှာဖြစ်ပါကြောင်း၊ သူနာပြုများအနေဖြင့် လူနာများအပေါ်တွင်လည်း ဝါသနာ၊ စေတနာ၊ အနစ်နာစသည့်နာသုံးနာကိုအခြေခံ၍ အကြင်နာ၊ ဂရုဏာ၊ စာနာမှုများ စသည့် တို့နှင့်အတူ မိမိတို့အသက်မွေးဝမ်းကြောင်းပညာရပ်များကို ကောင်းစွာလေ့လာသင်ယူ၍ ပြည်သူများအား ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ သူနာပြုများသည် မည်သည့်အခြေအနေ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ ဘာသာလူမျိုးအဆင့်အတန်းမခွဲခြားဘဲ သူနာပြုသစ္စာအဓိဌာန်များ၌ ပါရှိသည့်အတိုင်း မိမိတို့၏လုပ်ငန်းတာဝန်များကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင် နေရ၍ များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုသင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျရာနေရာဒေသများတွင် ပြည်သူများ ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ များစွာတိုးတက်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် တိုင်းဒေသကြီးအတွက် လွန်စွာအားထားပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီး၊ ဟင်္သာတမြို့ပြည်သူ့ဆေးရုံ သူနာပြုအုပ်နှင့် ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်(စီမံ)၊ ကျောင်းအုပ်(သင်ကြား)တို့က သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာ အဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း သင်တန်းသား သင်တန်းသူများ၏ “ဂရုဏာအလင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လည်စာများအတူတကွသုံးဆောင်ခဲ့ကြသည်။ ဟင်္သာတမြို့သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၅၂)ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းနိုင်ခဲ့ကြောင်းသိရသည်။
Read More...
23-Sep-2023
ကျုံပျော်မြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆေးရုံကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝေပးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
23-Sep-2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းနေမှုးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး
Read More...
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားေရာက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် ရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် ၁၀၀ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
Read More...
23-Sep-2023
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု အားပေး
Read More...
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်က“(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ယခင်နှစ်ထက် အောင်မြင်မှုများ ရရှိရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုလအတွင်း တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပြီးစီးခဲ့ပြီး ဆုရရှိသူများအား စုစည်း၍ ဗဟိုအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန် ဝါရင့်၊ သမ္ဘာရင့် အကဲခတ်ပညာရှင်ကြီးများ၏ အကြံပြုသုံးသပ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခင်နှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်း၍ အားနည်းချက်များကိုလည်း ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အောင်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များ၏ အားသာချက်၊ အားနည်းချက်များကို အချိန်ယူ ပြင်ဆင်လုပ်ဆောင်ပါက အောင်မြင်မှုများ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များကို အနီးကပ်ကြီးကြပ် သင်ကြားပြသပေးမည့် ဆရာများအနေဖြင့်လည်း အားသာချက်၊ အားနည်းချက်များကိုလေ့လာသုံးသပ် သင်ကြားပြသပေးစေလိုကြောင်းနှင့် ပံ့ပိုးမှုကောင်းကောင်းဖြင့် သင်ကြားပြသပေးရန်လည်း လိုအပ်ပါကြောင်း၊ ဗဟိုအဆင့်တွင် အောင်မြင်မှုများရရှိရန် ခရိုင်တာဝန်ခံများ၊ နည်းပြဆရာများကလည်း လေ့ကျင့်ချိန်ကာလအတွင်း အမြဲတစေကြီးကြပ် ကြရန်လိုပါကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်ချက်များရှိပါက ထပ်မံဖြည့် စွက်ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ပြိုင်ပွဲဝင်များအနေဖြင့် နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့်မှုအခြေအနေများ၊ ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်မည့်နေရာများနှင့် သွားလာရေးအတွက် ကြိုပို့ယာဉ်စီစဉ်ပေးမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ဘာသာရပ်အလိုက် အောင်နိုင်ရေးကော်မတီများမှ အစိုးရအဖွဲ့ဝင်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကိုးသိန်း အားကစားကွင်းရှိ အားကစားသမားများ တည်းခိုဆောင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များရောက်ရှိ၍ စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များနှင့် အထောက်အကူပြုအဖွဲ့များ တည်းခိုနေထိုင်မည့် အမျိုးသားဆောင်၊ အမျိုးသမီးဆောင်များအား စနစ်တကျနေရာ ချထားရန်၊ ပြိုင်ပွဲဝင်များ လွတ်လပ်စွာလေ့ကျင့်နိုင်ရန်၊ ပြိုင်ပွဲဝင်များအား စုဖွဲ့မှုအားကောင်းကောင်းဖြင့် စနစ်တကျလေ့ကျင့်ရန်နှင့် တည်းခိုဆောင်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီးများပြည့်စုံစေရေး၊ စားရိပ်သာများ စနစ်ကျကောင်းမွန်ရေး၊ သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အမှိုက်သိမ်းကန်များထားရှိ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး ဆောင်ရွက်ကြရန် နည်းပြဆရာများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တည်းခိုဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
22-Sep-2023
ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ အပတ်စဉ်(၃)၊ အကူသူနာပြု (ပြင်ပ)(၉)လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ)(၉)လသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံ ကြီးမှ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်းမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် သင်တန်းသား၊ သင်တန်းသူ (၃၂)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အကူသူနာပြုပညာကို စာတွေ့၊ လက်တွေ့လေ့လာသင်ယူပြီး အရည်အချင်းပြည့်ဝစွာဖြင့် အောင်မြင်ခဲ့ကြ၍ ထိုက်တန်သည့် အကူသူနာပြု သင်တန်းဆင်းလက်မှတ်ကို လက်ခံရရယူရမှာဖြစ်ပါကြောင်း၊ ပညာရေးဘက်တွင် ထူးချွန်ရုံသာမက လက်တွေ့လုပ်ဆောင်မှု စွမ်းရည်မှာလည်း မြင့်မားရန်လိုအပ်ပါကြောင်း၊ လူနာများအပေါ်တွင်လည်း ဝါသနာ၊ စေတနာ၊ အကြင်နာ၊ ဂရုဏာ၊ စာနာမှု၊ အနစ်နာခံမှုများ စသည့် နာ(၆)နာနှင့်အတူ ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် အကူသူနာပြုအလုပ်ကို ဂုဏ်ယူစွာ၊ ကျေနပ်စွာဖြင့် အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း သွားကြရန် တိုက်တွန်းပါကြောင်း၊ အကူသူနာပြုများသည် ပြည်သူထဲမှ ပေါက်ဖွားလာကြ သည်နှင့်အညီ ပြည်သူကိုအလုပ်အကျွေးပြုရန် အဓိကဟုခံယူထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်တွင်လည်း သူနာပြုများကိုကူညီပြီး လူနာပြုစုသည့်နေရာများတွင် တစ်ထောင့် တစ်နေရာမှပါဝင်ပြီး ရှေ့ယခင် အကူသူနာပြုများနည်းတူ ပြစုစောင့်ရှောက်ပေးရန် မှာကြား လိုပါကြောင်း၊ ပြည်သူကို ဗဟိုပြုသော ကျန်းမာရေးစနစ်ကို အောင်မြင်အောင် ဖော်ဆောင်ရန် အကူသူနာပြုများက ပါဝင်ရန်လိုအပ်ပြီး အကူသူနာပြုများ ကိုယ်တိုင်ကလည်း အရည်အသွေး ပြည့်မီအောင်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြတ်ထူးချွန်အောင် လူမူဝန်းကျင်မှာ ပြေလည်ညီညွတ် မျှတအောင် နေတတ်ရန် ကိုယ်တိုင်သင်ယူလေ့ကျင့်ကြရန် အလေးအနက်ထား ပြောကြားလို ပါကြောင်း၊ အကူသူနာပြုများသည် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားကြရန်”အဖွင့်အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်သူ သင်တန်းသား၊ သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အပတ်စဉ်(၃)၊ အကူသူနာပြု(ပြင်ပ) (၉)လသင်တန်းသား၊ သင်တန်းသူ များကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။
Read More...
22-Sep-2023