သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့၊ Azuraဟိုတယ်၌ ပြုလုပ်သည့် ‌ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ “ ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယခုလအတွင်းဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ လျှပ်စစ်လိုအပ်ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်စနစ်များဖြင့် လျှပ်စစ်လိုအပ်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိကမ်းခြေများသို့ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ ငွေဆောင်၊ ချောင်းသာဟိုတယ်ဇုန်များသို့ ပြည်တွင်းပြည်ပခရီးသွား(၇)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း(၁၁)သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ အောက်တိုဘာလ သည်ပွင့်လင်းရာသီဖြစ်၍ ခရီးသွားများပိုမိုဝင်ရောက်လာတော့မှာဖြစ်ပြီး ခရီးသွားလုပ်ငန်း များပိုမိုဖွံ့ဖြိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်ခရီးသွားများ ပိုမိုကျော်လွန်ဝင်ရောက်အောင် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားများတစ်ခေါက်လာရောက်သည်နှင့် ထပ်ကာထပ်ကာလာရောက်ချင်စိတ်များဖြစ်ပေါ်စေရေး ဝန်ဆောင်မှုကောင်းများပေးဆောင်ရန်လိုပါကြောင်း၊ ခရီးသွားများသွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိုင်းအားနည်းမှုများအပေါ် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ကမ်းခြေသာယာလှပရေးများအပြင် ခရီးသွားလာသူများ အေးချမ်းစွာ အပန်းဖြေအနားယူနိုင် ရေးနှင့် စည်းကမ်းတကျ သွားလာလည်ပတ်နိုင်စေရေး၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိစေရေးနှင့် လုံခြုံမှုအပြည့်အဝရရှိစေရန်အတွက်လည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊  ပြည်တွင်းပြည်ပ ခရီးသွားများ အနေဖြင့် အပန်းဖြေရုံသက်သက်မကဘဲ  တိုင်းဒေသကြီးရှိမြို့ကြီးများ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများနှင့် တခြားဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ စိတ်ဝင်စားဖွယ်ရာ၊ လေ့လာလည်ပတ်စရာခရီးစဉ်အသစ်များ ဖော်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်များ ရယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများ ပိုမိုသန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖိုးတိုးတက်စေရေး ဟိုတယ်ဇုန်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လည်း လိုပါကြောင်းနှင့် အကြံကောင်းဉာဏ်ကောင်းများရှိပါကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချောင်းသာရုံးခွဲတာဝန်ခံက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာများကိုရှင်းလင်းတင်ပြပြီးနောက်  တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးအဖွဲ့သယံဇာတရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဖြန့်ဖြူးပေးနေမှုနှင့် လေအားလျှပ်စစ်၊ ရေအားလျပ်စစ်၊ Solar စနစ်များဖြင့် လျှပ်စစ်ထုတ်လုပ်နိုင် ​ရေး ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။


Read More...
07-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် သဘော့ကန်တံတားတည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ ရွှေသောင်ယံမြို့၊ ပြည်သူ့ ဆေးရုံသို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအားထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာ၌ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆)မှ ဆောင်ရွက်လျက်ရှိသည့် သဘော့ကန်တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ သွားရောက်ခဲ့ရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၆) တာဝန်ခံမှ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအ လေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့သည်။  အဆိုပါတံတားသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ငရုတ်ကောင်း - ငွေဆောင်- ချောင်းသာ - ရွှေသောင်ယံ- မကျီးဇင် - ကျောက်ချွန် -ဂွလမ်း (ရွှေသောင်ယံ - မကျီးဇင်အပိုင်း)၌တည်ရှိပြီး တံတားပေအရှည် ၁၅၉ဝ ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၈၂.၁၂ပေနှင့် တံတားခံနိုင်ဝန် HL-93ရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် သပေါ့ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ရာ ကျောင်းအုပ်ကြီးက ကျောင်းအတွက်လိုအပ်ချက်များကို တင်ပြခဲ့ရာ ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဝက်သေကျေးရွာသို့သွားရောက်၍ ပုသိမ်မြို့ နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင် နွယ်ညိုချောင်း-သဲကျင်း-ပိုးလောင်းလမ်း၌ ဝက်သေ ​ေချာင်းကူးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ ပြည်သူ့ဆေးရုံ သို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။  အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းသာမြို့ပြည်သူ့ဆေးရုံ သို့​သွားရောက်ကာ ​ဆေးရုံတက်​ရောက်ကုသလူနာများအား လိုက်လံကြည့်ရှု အား​ပေးစကားများ​ပြောကြားခဲ့ပြီး ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍  ဧည့်မထဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့စိုက်ပျိုးရေးဉီးစီးဌာန၊ ခြံထွက်ဟင်းသီးဟင်းရွက် အရောင်းဆိုင်နှင့် ပုသိမ်မြို့နယ်နှင့် ရွှေသောင်ယံမြို့ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ ရေထွက်ပစ္စည်းဝယ်ယူစုဆောင်းသူလုပ်ငန်းရှင်များမှ အခြေခံစားသောက်ကုန်၊ ဟင်းသီးဟင်းရွက်များ၊ ငါး၊ ပုစွန်များကိုလည်းကောင်း ဝန်ထမ်းများနှင့် ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
07-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အားတက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄၀ပေ×၃၀ပေ)RCနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးမှူးတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းပြုလုပ်ရာ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့်အခမ်းအနား ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCနှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် မင်္ဂလာရှိသောနေ့ဟု ပြောရမှာဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၈၇.၅၇ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့သည့်အတွက်လည်း အနှစ်သာရပြည့်ဝသည့် အခမ်းအနားတစ်ခုဖြစ်သည်ဟု ပြောရမှာလည်းဖြစ်ပါကြောင်း၊ ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရရှုံးခဲ့သူများ၊ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးစည်းရုံးဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့်ပညာရေးကိုလိုလားသည့် ဒေသဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ညီလက်ညီဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ရာနှုန်းပြည့်အောင်ချက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေးဌာနသို့ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီးနောက်  အုန်းချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက တိုင်းဒေသကြီးပညာရေးမှူးထံသို့ ကျောင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအတွက်ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးလက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသားသူလေးများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်မှုအားကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


Read More...
07-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆)သင်တန်း ဆင်းပွဲအခမ်းအနားအားတက်ရောက်
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ယနေ့နံနက်ပိုင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆)သို့ တက်ရောက် လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသူအားလုံးသည် ကျွမ်းကျင်စွာတတ်မြောက်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ သင်တန်းပြီးပါက အသက်မွေးဝမ်းကြောင်းအဖြစ် ဆက်လက်ရပ်တည်၍ ဆောင်ရွက်သူများရှိသကဲ့သို့ မိမိနေအိမ်တွင် မိသားစုများအတွက် အချုပ်အလုပ်တာဝန်ယူ သူများလည်းရှိနေပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများသည် အရှိန်အဟုန်ဖြင့်တိုးတက်လျက်ရှိနေပြီး နည်းပညာများကိုအမှီလိုက်၍ လိုအပ်ချက်ရှိသည့် သင်တန်းကျောင်းများအတွက် ပစ္စည်းပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာ များနှင့်ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ သက်မွေးပညာရပ်ကို ကောင်းစွာအသုံးချနိုင်ပြီဆိုပါက နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ ဦးရေ လျော့ချနိုင်ပြီး တစ်ဦးချင်းဝင်ငွေများတိုးတက်စေမှာဖြစ်သကဲ့သို့ မိသားစုများ၏ လူနေမှုအဆင့်အတန်းကိုလည်း မြှင့်တင်နိုင်မှာဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့သင်တန်းများအား မပြတ်ဖွင့်လှစ်၍ တိုင်းဒေသကြီး၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် သင်တန်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း” သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် ဆုရသင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီးနောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကျောင်းအုပ်ထံသို့ ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းအုပ်က သင်တန်းမှသင်ကြားပေးသည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသူများ ချုပ်လုပ် ထားသည့်လက်ရာများကိုကြည့်ရှုအားပေးခဲ့သည်။ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း(ပုသိမ်)အနေဖြင့် ယနေ့အထိ အခြေခံသင်တန်း(၉)ကြိမ်၊ အဆင့်မြင့်သင်တန်း (၈)ကြိမ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၆)ကြိမ်နှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း(၆)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ (၁၂၅၇) ဦးတို့ကို အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပို့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။


Read More...
06-Oct-2023
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းအတွက် (နဝမအကြိမ်)အအလှူငွေပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက်  (နဝမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။ အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံ တန်ဆောင်း တည်ဆောက်ခြင်းအတွက် နဝမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၌ မဟာရံတံတိုင်းတည်ဆောက်ခြင်း၊ အာရုံတန်ဆောင်းတည်ဆောက်ခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများအတွက်လည်း အလှူရှင်များဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊  မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း လုပ်ငန်းများအား အလှူငွေရရှိမှုပေါ်မူတည်၍ အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် တပေါင်းလ ဘုရားပွဲတော်အမီ အချောသတ်လုပ်ငန်းများပြီးစီးစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီစေရေးအတွက် လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေ မှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးမိသားစုကလှူဒါန်းသည့် အလှူငွေများကိုပေးအပ်ရာ သယံဇာတရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် သယံဇာတရေးရာ    ဝန်ကြီးတို့က အလှူငွေများကိုလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


Read More...
05-Oct-2023