သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ စံနီကမ်းနားတံတားဖွင့်ပွဲအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာရှိ မတည်အလှူရှင်နှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် တံတားအရှည် ပေ (၃၂၀)၊ အကျယ်(၁၀)ပေ စံနီကမ်းနား သစ်သားတံတားအသစ်ပြန်လည်တည်ဆောက်ခြင်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတား၏ မုခ်ဦးရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
24-Oct-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့သည်။


Read More...
23-Oct-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းပေါင်း၇ထောင်ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးသည့်အခါတိုင်း ပြန်လည်သုံးသပ်ခြင်းများကို ဆောက်ရွက်ခဲ့ပါကြောင်း


Read More...
23-Oct-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးဖွင့်ပွဲအခမ်းအနားအားတက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


Read More...
23-Oct-2025
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်ပေးခဲ့သည့် မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေး


Read More...
22-Oct-2025