သတင်းများ


ဧရာဝ‌တီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး  ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ တိုင်းရင်းဆေးရုံဝန်းအတွင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာတန်ရှိသူများသည် ဓနုဖြူမြို့နယ်၊ ဖန်းခါးကွင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာရှိ တောင်သူဦး မျိုးမြင့်၏ လယ် မြေတွင် ပြုလုပ်သည့် (   မှော်ဘီ-၃  )မျိုးစပါး (၉)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက (၁၀)တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုး မျိုးစပါးများပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက်ဆောင်ရွက် သွားကြရန်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ တောင်သူဦးမျိုးမြင့်၏ လယ်မြေတွင်(မှော်ဘီ -၃  )မျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာတစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း( ၁၂၇) တင်းထွက်ရှိခဲ့ကြောင်းသိရသည်။


Read More...
14-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက်တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ည်းအဝေးကို ယနေ့နေ့လည်ပိုင်းကပြုလုပ်ခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်တောင်သူလယ်သမားနေ့တွင်ဖော်ထုတ်ခဲ့သည့်ရလဒ်များအရ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဝိုင်းဝန်းအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်ဧကအထွက်နှုန်းများပိုမိုတိုတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဧရာဝတီပေါ်ဆန်း မူလအရည်အသွေးပြန်လည်ရရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များအပြင် ဆန်စပါးနှင့်ဆက်စပ်နေသည့် ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးသုတေသန၊ ထုတ်လုပ်ရေးသုတေသန၊ ဈေးကွက်သုတေသနများ   ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေဆီလွှာများပြန်လည်ကောင်းမွန်ရေးအတွက် ပိုက်ဆံလျှော်များ ေမြခံထည့်သွင်းဆောင်ရွက်ခဲ့ရှိပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ  လျာထားဧကများပြည့်မီအောင်နှင့် ဖြစ်ထွန်းအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက်ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ဆောင်းသီးနှံနှင့် နွေးစပါးစိုက်ပျိုးချိန်ရောက်ရှိလာတော့မှာဖြစ်၍ သီးနှံများအထွက်နှုန်းတိုးတက်စေရေးအတွက်   ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်ထားသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်စဉ်ကြောင့် စပါးနှင့် သီးနှံများစိုက်ပျိုးရာတွင် အောင်ရေရရှိရေး ချောင်းပိတ်၊ မြောင်းပိတ်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် တက်ရောက်လာကြသူများမှ အကြုံပြုဆွေးနွေးပေးကြရန် ” အမှာစကားပြောကြားသည်။ ဆက်လက်‌၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေး၊ ဒေသဖွံ့ဖြိုးရေး၊ MSMEsလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဉီးစီးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကတို့က စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေး၊ အယ်နီညိုရာသီဥတုဖြစ်ပေါ်နေမှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၈)ဘီလီယံဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားလည်းကောင်း ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
13-Oct-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှုအားပေး
ပထမအကြိမ် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်ညီလာခံအား ယခုလ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ၂ ရက်ကြာ နေပြည်တော်တွင်ကျင်းပမည်ဖြစ်၍  Pre- Conference Activity အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်   အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးခြင်းအများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာနှင့်မိခင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အထူးကုဆရာဝန်ကြီးများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိပ်ကုသပေးနေမှုများကိုကြည့်ရှု အားပေးခဲ့ကာ အထူးကုဆရာဝန်ကြီးများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများအား ဆေးရုံသန့်ရှင်းသပ်ရပ်မှုရှိ စေရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်၊ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုများအပြည့်အဝပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါခွဲစိပ်ကုသခြင်းများကို ပါမောက္ခဒေါက်တာထွန်းငွေ (ပါမောက္ခ/ဌာနမှူး၊ မေးရိုးနှင့်ခံတွင်းခွဲစိတ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဆန်းထက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ တွဲဖက်ပါမောက္ခဒေါက်တာဆွေဇင်အိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာဇာလီငြိမ်း (အထူးကုဆရာဝန် မေ့ဆေး) မြောက်ဥက္ကလာဆေးရုံ၊ ဒေါက်တာဒီပါထွန်းလင်းချစ်(သရုပ်ပြ)၊ ဒေါက်တာသန့်တည်ဦး (သရုပ်ပြ)၊ ဒေါက်တာအောင်သူထွန်း (သရုပ်ပြ)၊  ဒေါက်တာသော်မောင်ဝင်းဆွေ (ဘွဲ့လွန်)၊ ဒေါ်မြတ်ငြိမ်းအေး (အထက်တန်းသူနာပြု) တို့နှင့်ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သွားဘက်ဆိုင်ရာဆရာဝန်တို့မှ ယခုလ ၁၃ရက်နေ့မှ၁၄ရက်နေ့အထိ နှစ်ရက်တိုင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၄၄)ဦးကို ခွဲစိပ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။


Read More...
13-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေး၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်းမောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့ နေ့လည်ပိုင်းတွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁) မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆိတ်ချေးကုန်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစုထောက်ပံ့ ငွေဖြင့်ဆောင်ရွက်ပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ မြေခံထည့်သွင်းစိုက်ပျိုးထားသည့် တောင်သူဒေါ်သန်းထွေး၏ လယ်ဧက(၃)ဧကတွင်ပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက (၁၀)တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုး မျိုးစပါးများပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက်ဆောင်ရွက် သွားကြရန်ဆွေးနွေးပြောကြားခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူဒေါ်သန်းထွေး၏ နယူးဧရာ(၁)မျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၃၄)တင်းထွက်ရှိခဲ့ပြီး အထွက်တိုး မျိုးစပါးများပြောင်းလဲ အသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျ သုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများမြေခံထည့်သွင်းစိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်း ခြွေလှေ့စက်မောင်းသင်တန်းဆင်းများမှ စနစ်တကျဖြင့်ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများ နည်းပါးကာ အထွက်နှုန်းတိုးခြင်းဖြစ်ကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးစိန်မောင်သန်း၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀)တွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်(၅)နှစ် မြေခံထည့်သွင်းခဲ့ပြီး ယခုနှစ်တွင် တိုင်းဟိဇီဝမြေဩဇာ တစ်ဧကလျှင် အရည်(၄)လီတာနှင့် အမှုန့်(၃၀) ကီလိုဂရမ် (၁၀)အိတ်ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဧက(၂၀)တွင် ယူရီးယား(၆)အိတ် သာသုံးခဲ့သော်လည်း ယခုနှစ်ထူးခြားချက်များမှာ အပင်အမြင့်ပုံမှန်ထက် (၈)လက်မမှ (၁) ပေ အထိမြင့်ခြင်း၊ တစ်နှံပါအစေ့များလာခြင်း၊ တစ်နှံပါအောင်စေ့များလာခြင်း၊ ကုန်းကျသော နေရာများတွင် အပင်ခြေအထက်(၂)လက်မခန့်မှအမြစ်များ ထပ်မံထွက်ရှိလာခြင်း၊ ပင်စည် တောင့်တင်းခြင်း စသည်ဖြင့်တွေ့ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး၍ စံကွက်ရိတ်သိမ်း ခြင်းပြုလုပ်ချိန်မှတ်တမ်းများနှင့်တကွရှင်းလင်းတင်ပြနိုင်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ပြုလုပ်သည့် အိမ်မဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေး ပင်စင်များထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အတွင်းရှိလုပ်ငန်းရှင်များစုပေါင်း၍ အာဟာရပြည့် စားသောက်ဖွယ်ရာမျာဖြင့် ပေးအပ်ကန်တော့ခြင်းဖြစ်ပါကြောင်း၊ ဘိုးဘွားများအား အိမ်တိုင် ရာရောက် ထောက်ပံ့ပေးခြင်းများရှိသကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့များမှ ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းများလည်းရှိပါကြောင်းနှင့် လိုအပ်သည်များကိုသုံးဆောင်နိုင်ရန်လည်း ဖြစ်ပါကြောင်း၊ အသက်(၈၅)နှစ်ထက် ဘိုးဘွားများသည် ပညာဉာဏ်နှင့် အတွေ့အကြုံများ ရင့်ကျက် သည့်သူများလည်း ဖြစ်ပါကြောင်း၊ ငယ်ရွယ်သူများအပေါ်တွင်လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် အသိပညာ၊ ဗဟုသုတများဖြင့် ဆုံးမပဲ့ပြင်ခဲ့သူ များလည်းဖြစ်ပါကြောင်း၊ ဘိုးဘွားများအား သက်ရှည်ကျန်းမာစွာဖြင့် စုံစုံလင်လင်တွေ့ရှိရပြီး ထောက်ပံ့ငွေများပေးအပ်နိုင်သည့်အတွက်လည်း လွန်စွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်၊ ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီးနောက် တက်ရောက်လာကြသော သက်ကြီးဘိုး/ဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


Read More...
12-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အကြို တောင်သူကွင်းသရုပ်ပြပွဲအားတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ ပြသထားသည့်  ကမ္ဘာ့စားနပ် ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲနှင့်သုတေသန ဆောင်ရွက်ထားရှိမှုများကြည့်ရှု အားပေးခဲ့ရာ တာဝန်ခံဒေါ်ဖြူပြာလွင်မှ ၂၀၂၃−၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင်ဆောင်ရွက် ထားရှိသည့် မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါး၊ စပ်မျိုးစပါး၊ ရေမြှုပ်ခံစပါးနှင့် ရေနေခံစပါးသုတေသနများ၊ မျိုးကူးစပ်ခြင်းသုတေသန၊ ပေါ်ဆန်းမွှေးစပါးမျိုးများအား မျိုးသန့်လိုင်းရွေးချယ်ခြင်းသုတေသန၊ ပေါ်ဆန်းစပါးစိုက်ချိန်စမ်းသပ်ခြင်းသုတေသန၊ ပေါ်ဆန်း အရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးသုတေသန ( ပိုက်ဆံလျှော်+နွားချေး+ သဘာဝမြေဩဇာ) သုတေသနများနှင့်သုတေသနရလဒ်များအား ရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်မှ  ပြောင်းလဲလာသောရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်အပြင် အထွက်ကောင်း၍စျေးကွက်ရှိသည့် စပါးသုတေသနများ၊ ဆီထွက်သီးနှံသုတေသနများ၊ ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်ပင် သုတေသနများအား ဆောင်ရွက်သွားရန်၊ စပါးသီးနှံသာမက အဓိကသီးနှံ(၁၀)မျိုးကိုလည်း ပန်းတိုင်အထွက်နှုန်းများရောက်ရှိအောင် သုတေသနပြု ဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် ရာနှုန်းပြည့် မျိုးစပါးများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဆီဖူလုံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုးရန်နှင့်အောင်မြင်အောင်စိုက်ပျိုးနိုင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်စေရေးအတွက် လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ သပြေချောင်ကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစု ထောက်ပံ့ငွေနှင့် မြမျိုးသန့် သမဝါယမအသင်းပိုင်ရန်ပုံငွေမှ ချေးယူငွေများဖြင့် ဆောင်ရွက်ပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာမြေခံထည့်သွင်းစိုက်ပျိုးထားသည့်တောင်သူဦး ဦးဝင်းသိန်း ၏ စိုက်ဧက(၃)တွင်ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (ဆင်းသုခ) မျိုးစပါး စံကွက်ရိတ်သိမ်း ပွဲသို့တက်ရောက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက မြောင်းမြမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မိုးစပါး(RS to CS)မျိုးစေ့ထုတ်ဧက(၂၀)သီးသန့်စိုက်ပျိုးသည့် တောင်သူများနှင့် စိုက်ဧကများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မျိုးကောင်းမျိုးသန့် မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်စေရေးပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ တောင်သူများမျိုးသန့် မျိုးစပါးများတွင်ကျယ်စွာအသုံးပြုနိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ပြီး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၃) ဧကမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု များကိုကြည့်ရှုအားပေးသည်။ အဆိုပါတောင်သူဦးဝင်းသိန်း၏ စိုက်ဧက(၃)တွင် ရိတ်သိမ်း ခြွေလှေ့စက်ဖြင့်ရိတ်သိမ်းရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၁၀)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။


Read More...
12-Oct-2023