သတင်းများ


နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲမင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်နှစ်၂၅၆၅ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်း၁ရက် ခရစ်နှစ် ၂၀၂၂ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ်ကင်းပရိတ်တရားရွတ်ပွားချီးမြှင့်ပွဲနှင့် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲမ င်္ဂလာအခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်းဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တပ်မတော်အရာရှိကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရာက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားတော်မူခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ဘဒ္ဒန္တ ဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ သြဝါဒခံယူခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခမ်းအနားသို့တက်ရောက်လာကြသူများမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ သာသနာ့ဗိမာန်တော်ကြီးမွမ်းမံပြင်ဆင်ရန်အတွက် အလှူငွေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမာ) ဥက္ကဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော်ရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ ရေစက်ချအနုမောဒနာ တရားနာယူခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Read More...
17-Apr-2022
မြောင်းမြမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာသံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်
မြောင်းမြမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လည်ပိုင်းတွင် မြောင်းမြမြို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်းဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရာက်ခဲ့ကြပါတယ်။ ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြောင်းမြမြိို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၉၉ ကျောင်း၊ သံဃာတော် ၁၈၂၇ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဝတ္ထုငွေများအား လောင်းလှူပူဇော်ခဲ့ကြပါသည်။


Read More...
17-Apr-2022
ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲနှင့် စက်တော်ရာဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အိုများအား ပူ ဇော်ကန်တော့ပွဲကျင်းပ
သတ္တဝါများဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာနေနိုင်ကြစေရန်နှင့် ရှေးအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၁၃၈၄ခုနှစ်၊ တန်ခူးလပြည့်ကျော်(၂)ရက်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့နံနက်ပိုင်းတွင်ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့(ငဝန်မြစ်ကမ်း)၌  ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်းဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြပါသည်။ ရှေးဦးစွာ ဇီဝိတဒါနဘေးမဲ့ငါးလွှတ်ရခြင်း၏ ရည်ရွယ်ချက်များအား ဘိတ်သိပ်ဆရာမှဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများမှ ငဝန်မြစ်အတွင်း ငါးများကို ဘေးမဲ့လွှတ်ကုသိုလ်ပြုခဲ့ကြပါသည်။ ထို့နောက် ပုသိမ်မြို့စက်တော်ရာဘိုးဘွားရိပ်သာတွင် ပြုလုပ်သည့် သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား လက်အုပ်ချီမိုးပူဇော်ကန်တော့၍  ပူဇော်ခံဘိုးဘွားများအတွက် ကန်တော့ပစ္စည်းများလှူဒါန်းခဲ့ရာ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ မေတ္တာပို့သပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အခမ်းအနားသို့မတက်ရောက်နိုင်သော အဘိုးအဘွားများအတွက်ကန်တော့ပစ္စည်းများနေရာအရောက် လှူဒါန်းပေးခဲ့ကြကြောင်းသတင်းရရှိပါသည်။


Read More...
17-Apr-2022
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီက ပုသိမ်မြို့၊ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ယိမ်းအဖွဲ့နှင့် ဆုရရှိသော သင်္ကြန်မယ်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပေးကာ ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြခဲ့ပြီး ဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေးများ ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
17-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းအချိန်တွင် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးတင်မောင်းဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များတက်ရောက်ကြပါသည်။ ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါတော် စာတမ်းဖတ်ကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ကြောင်းကြေငြာပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့တာဝန်ရှိသူများမှ အခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ယိမ်းအကအဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအဖွဲ့များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံ့သာရည်များပတ် ဖြန်းပေးခဲ့ကြပြီး ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ခု၊ ပြိုင်ယိမ်းအဖွဲ့ ၁၈ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၁၁ဖွဲ့တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


Read More...
13-Apr-2022