သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)မိုးလုံလေလုံအားကစားရုံသစ်ဖွင့်ပွဲနှင့် သင်တန်းသားအိပ်ဆောင် RCသုံးထပ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံအားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
30-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှိုက်ခွဲခြားခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ မဟာဗန္ဓုလပန်းခြံအတွင်းရှိ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်ခွဲခြား ခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် အလုပ်ရုံအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
30-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


Read More...
30-Jul-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစား သမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ် ယအောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားသမားများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


Read More...
29-Jul-2025
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊  အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။


Read More...
29-Jul-2025