သတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုစစ်ဆေး
Read More...
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်( ၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်( ၄၃၂၈) ဦး စုစုပေါင်း( ၅၄၇၈) ဦးအပြင် အထောက်အကူပြု အဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသား ဘာသာရပ်သင် ဆရာ၊ ဆရာမ (၄၂၆) ဦး၊ တက္ကသိုလ်များမှ ကထိကဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၄၉ဦး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် သန်းခေါင်စာရင်းကောက်ယူဆောင်ရွက်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Read More...
01-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်
Read More...
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေး ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များမှ မျိုးစပါးပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့များတက်ရောက်ခဲ့ကြသည်။
Read More...
01-Oct-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားတက်ရောက်
Read More...
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အောက်တိုဘာလ(၁)ရက်နေ့သည် ကမ္ဘာပေါ်တွင်ရှိသည့် သက်ကြီးရွယ်အိုများ၏ အဖိုးထိုက်တန်မှု၊ နိုင်ငံ့တာဝန်များကျေပွန်ခဲ့မှု၊ ကမ္ဘာကြီးအပေါ် တတ်စွမ်းသမျှ စွမ်းဆောင်နိုင်ခဲ့မှုတွေကို လေးစား၊ တန်ဖိုးထားပြီး ဂုဏ်ပြုကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ ဖြစ်သည်နှင့်အညီ တက်ရောက်လာသူ အဘိုးအဘွားများနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဘိုးအဘွားများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း၊
Read More...
01-Oct-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နှစ်(၆၀)ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ကြသည်။
Read More...
01-Oct-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကြည့်ရှုအားပေး
Read More...
၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်(၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆)ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း(၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်(၄၃၂၈) ဦး စုစုပေါင်း(၅၄၇၈) ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ ၄၂၆ဦးတို့ဖြင့် ရပ်ကွက် ကျေးရွာအသီးသီးတွင် တပြိုင်နက်ကောက်ယူလျက်ရှိရာ ထိုသို့ကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
Read More...
01-Oct-2024