သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်အားတက်ရောက်ဖွင့်လှစ်ပေး
Read More...
(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သော အမှတ်(၁၃) ရပ်ကွက်၊ မဉ္ဇူလမ်းသွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ဖွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မဉ္ဇူလမ်းသွယ် (၂)လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အလျား၉၉၃ပေ၊ အကျယ်၁၂ပေနှင့် ထု၆လက်မ ရှိကြောင်း သိရသည်။
Read More...
05-Dec-2023

တိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြိုနယ်တွင်ပြုလုပ်သည့် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာတွင် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍“ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်လိုနေပါသေးကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရန်အတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် တစ်ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိစေရေး ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိ စေရေးအတွက် တောင်သူများအားမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေဩဇာများ (ပိုက်ဆံလျှော်)မြေခံထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ လာမည့်မိုးစပါး စိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးမည်ဖြစ်၍ ပိုက်ဆံလျှော်မျိုးစေ့ထုတ်ရန် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပိုက်ဆံလျှော်အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် အဖွဲ့လိုက်စုပေါင်း စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်နေရာများတွင် စနစ်တကျစုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ တိုးတက်စိုက်ပျိုးပြီး သီးထပ်စွမ်းအားမြင့်မားစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကော်ဖီ၊ ရာဘာ စသည့် နှစ်ရှည်ပင်စိုက်ပျိုးခြင်းများအား ရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းအပြင်ဆီထွက်သီးနှံ (နေကြာ) ကိုလည်း အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံများအောင်ရေရရှိရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်ခြင်း များနှင့် ရေငန်တားတာများဆောင်ရွက်ခြင်းနှင့် ရေတံခါးများပြုပြင်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးမှထွက်ကုန်များကိုအခြေခံသည့် MSMEလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန် လိုအပ်ပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိ အောင် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ပြီးနောက် ပုသိမ်ခရိုင်အတွင်း ပိုက်ဆံေလျှာ်ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ-ဓါတ်မြေဩဇာ ထည့်သွင်းအသုံးပြုခြင်း စသည့် စမ်းသပ်စိုက်ပျိုးထားရှိသည့်ဆန်၊ စပါး နမူနာများကိုကြည့်ရှုစစ် ဆေးခဲ့ပြီး စတင်စိုက်ပျိုးချိန်မှစ၍ ဆန်ကြိတ်ခွဲသည်အထိစနစ်တကျမှတ်တမ်းများ ထားရှိစေရေး နှင့် ဆန်၊ စပါးအရည်အသွေးကောင်းမွန်မှုအခြေအနေများအား စမ်းသပ်မှုများဆောင်ရွက် နိုင်စေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိပ်ချောင်းကျေးရွာ၊ တောင်သူ ဒေါ်မြင့်မြင့်အေး၏ စိုက်ဧက(၃.၈၉)ဧက ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဆီထွက်သီးနှံဆောင်းနေကြာများအား ဌာနဆိုင်ရာ များနှင့် တောင်သူများက မျိုးစေ့ချစိုက်ပျိုးပေးနေမှုများနှင့် ဗေဒါနှင့်သဘာဝမြေဩဇာ ပြုလုပ်ထားရှိများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ငပုတောမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အဝင်လမ်းဘေး (ဝဲ)မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။အဆိုပါမြောင်းသည် မြောင်းအလျား(၀.၆၆)မိုင်၊ ထိပ်ဝအကျယ်(၂၀)ပေ၊ အောက်ခြေအကျယ်(၈)ပေနှင့် ပျှမ်းမျှအမြင့် (၆)ပေရှိပြီး စိုက်ဧက(၁၀၀)ဧကအား အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပုသိမ်-ငပုတောကားလမ်းဘေးရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့များ စနစ်တကျရိတ်သိမ်း စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငပုတောလမ်း (၁၉မိုင်၅ဖာလုံ) (ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်အပိုင်း)ကွန်ကရစ်လမ်းခင်းခြင်း (၃) ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၇)ဖာလုံ၊ တံတားအတက်အဆင်းဖြေညှိခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း လုပ်ငန်းများအား လည်းကောင်း၊ ငပုတောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အုန်းပင်စု-သက္ကယ်ချောင်း လမ်းအရှည်(၀/၄မိုင်၊ အကျယ်၁၂ပေနှင့် ထု၇လက်မ)ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအမာခံကျောက်ခင်းခြင်းပြီးစီးမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသောကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေး ဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးမှာကြားခဲ့သည်။
Read More...
04-Dec-2023

တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Read More...
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မသန်စွမ်းသူများ လူ့ဘောင်လောကအတွင်း အကျုံးဝင်ပါဝင်နိုင်ရေး၊ အခွင့်အရေးများအပြည့်အဝရရှိနိုင်စေရေး၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ ဒီဇင်ဘာလ(၃)ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကုလသမဂ္ဂမှဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းတွင်နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၉၄) ခုနှစ်မှစတင်၍ အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်တွင် အကြိမ်(၃၀)ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “United in action to rescue and achieve the SDGs for, with and by persons with disabilities" ဖြစ်ပြီး မြန်မာဘာသာပြန်ဆိုထားသည့် ဆောင်ပုဒ်သည် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်နည်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို ကြုံတွေ့နေရဆဲပဲဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေး အသိပညာပေးဆောင်ရွက်သွားရန်နှင့် မသန်စွမ်းသူများအတွက်ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို မသန်စွမ်းသူများ သိရှိစေရေးနှင့်လက်လှမ်းမီရယူ အသုံးပြုနိုင်ရေး အတွက်လည်း တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အခြေအနေ အကြောင်းအရာအမျိုးမျိုးကြောင့် မသန်စွမ်းမှုတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပိုသည့် မသန်စွမ်းသူများကို ဘဝကိုအရှုံးမပေးဘဲ အများနည်းတူကဏ္ဍစုံတွင် ပါဝင်နိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်ကြရန်နှင့် မသန်သော်လည်းစွမ်းဆောင်နိုင်သူများဖြစ်ကြစေရန် ပိုမိုကောင်းမွန်သော၊ ရေရှည်ဖွံ့ဖြိုးတိုးတက် သော အနာဂတ်ဖန်တီးနိုင်စေဖို့ မသန်စွမ်းသူများကိုယ်တိုင်နှင့် လူ့အသိုင်းအဝန်းတစ်ခုလုံးက အလေးထားဂရုပြုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှပေးပို့သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ သဝဏ်လွှာ Video Clipအားကြည့်ရှုအားပေးခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများအရေးနှင့်ပတ်သက်သည့် Video Clipပြသမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး မသန်စွမ်းသူများအား ရင်းနှီးနွေးထွေး စွာနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
Read More...
03-Dec-2023

ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
Read More...
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကိုးသိန်းအားကစားဝင်းအတွင်းရှိ New Generation Gym အမျိုးသား၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်ရေးအားကစားရုံသို့ရောက်ရှိ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူထားရှိသည့် Gym ပစ္စည်းများနှင့် Gym ခန်းမပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ကိုယ်ကာယလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။
Read More...
02-Dec-2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး RCCသုံးထပ်အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး R.C.C သုံးထပ်အဆောက်အဦ ဆောက်လုပ်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန္နက်တင်မင်္ဂလာပြုလုပ်ရန်နေရာယူပြီး မင်္ဂလာအချိန်တွင် ပန္နက်တိုင်များအား စိုက်ထူကာ အောင်သပြေ၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများက ခရိုင်စုပေါင်းရုံး သုံးထပ်အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေ၊ ခြံစည်းရိုးကာရံခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် RC နှစ်ထပ်ဆောက်လုပ်မည့် လုပ်ငန်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ နှစ်ကျပ်ကျွန်းကျေးရွာသို့သွားရောက်၍ တောင်သူ ဦးမင်းတင်၏ super sun-41 နေကြာမျိုး (၇)ဧက၊ ပဲပုပ်(၂)ဧက၊ အစေ့ထုတ်ပြောင်း(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်နှင့် နည်းပညာလိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် ဌာနဆိုင်ရာများအား မှာကြားခဲ့ပါသည်။
Read More...
01-Dec-2023