သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်
၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများတက်ရောက်ခဲ့ကြသည်။


Read More...
03-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက္ကူစက်ရုံ(သာပေါင်း)အတွက် ဝါးနှင့်သစ်ပွ ကုန်ကြမ်းရရှိရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ တိုင်းဧရာဧည့်ရိပ်သာတွင်ပြုလုပ်သည့် စက္ကူစက်ရုံ(သာပေါင်း)အတွက် ဝါးနှင့်သစ်ပွ ကုန်ကြမ်း ရရှိရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က“ တိုင်းဒေသကြီးတွင် ဘဏ္ဍာနှစ်အလိုက် သစ်တောစိုက်ခင်းများ တိုးချဲ့ထူထောင် စိုက်ပျိုး လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် စီးပွားဖြစ် သစ်တော စိုက်ခင်းများ၊ ဒီရေတောစိုက်ခင်းများကို တိုးချဲ့ထူထောင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ စက္ကူစက်ရုံ (သာပေါင်း)အတွက် လိုအပ်သည့် ကုန်ကြမ်းများကို စဉ်ဆက်မပြတ် လုံလောက်စွာရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်ပါကြောင်း၊


Read More...
02-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။


Read More...
02-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအား တက်ရောက်ဖူးမြော်ကြည်ညို
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းကြီးပရိယတ္တိစာသင်တိုက်နှင့် ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိစာသင်တိုက်တို့၏ ပဓာနမဟာနာယက ဘဒ္ဒန္တသောဘိတ (မဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သက်တော်ရှည် ဆရာတော်ဘုရာကြီး၏ (၈၄)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မရမ်းချိုကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူး၏ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက် ဖူးမြှော်ကြည်ညို၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ဇနီးတို့က လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


Read More...
02-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး၊ ဘဲ​မွေးမြူ​ရေးခြံများနှင့် ကြက်​မွေးမြူ​ရေးခြံများသို့သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိူင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ ထူးထက်ဟန် ကုမ္ပဏီ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
01-Dec-2024