သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Read More...
06-Dec-2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ငွေဆောင်ကမ်းခြေဒေသသို့လာရောက်လည်ပတ်
Read More...
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့မွန်းလွဲပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ပုသိမ်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
Read More...
05-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Read More...
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Read More...
05-Dec-2024
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်း၌ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်ခဲ့သည်။
Read More...
04-Dec-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာ၊ တောင်သူဦးမန်းကျော်ခိုင်၏ လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာန၊ ပုသိမ်မြို့၊ အမှတ်(၅၁) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက်(Round Baler)ဖြင့် ကောက်ရိုးထုံးခြင်းသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနဦးစီးဌာနမှူးက စပါးရိတ်သိမ်းပြီးသော လယ်ကွက်များတွင် ကောက်ရိုးထုံးစက် အသုံးပြုခြင်းဖြင့် ကောက်ရိုးများ အမြန်သိမ်းဆည်းနိုင်၍ နောက်သီးနှံအား အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ ကောက်ရိုးထုံးများ အလွယ်တကူ သိမ်းဆည်းသိုလှောင်နိုင်ခြင်း၊ ကောက်ရိုးများအား ကျစ်လစ်စွာအထုံးပြုလုပ်ထား၍သိမ်းဆည်း သိုလှောင်ရာတွင် နေရာယူမှုနည်းပါးခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း တောင်သူများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကောက်ရိုးပြတ်များအား မီးရှို့ခြင်းမရှိဘဲ ကောက်ရိုးများအား အထုံးပြုလုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပေးနိုင်ခြင်း၊ သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ခြင်း၊ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် များစွာအကျိုးပြု၍ တောင်သူများ အနေဖြင့် ကောက်ရိုးထုံးစက်များကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
Read More...
03-Dec-2024