သတင်းများ
ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး အရေးကြီးလုပ်ငန်းစဉ်အောင်မြင်စွာပြီးစီး
Read More...
မိဘပြည်သူများ စိုးရိမ်ပူပန်နေကြသည့် ငဝန်တာ ရေဝင်လမ်းကြောင်းအား အပြီးသတ် ပိတ်ဆို့နိုင်ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁၂:၀၀ နာရီတွင် Sheet Pile အားလုံးကို အပြည့်အဝ ရိုက်သွင်း ပိတ်ဆို့နိုင်ခဲ့ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Read More...
22-Sep-2026
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့ကြသော ခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားအား တက်ရောက်၍ ဆုများချီးမြှင့်
Read More...
ဧရာဝတီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံးရရှိခဲ့ကြသော ခရိုင်၊ မြို့နယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
Read More...
19-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များအား တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များ အား တွေ့ဆုံခဲ့ပြီး ဘာသာရပ်အလိုက် အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ချက် အားနည်းသည့် ဘာသာရပ်များတွင် အောင်မှတ်ရရှိ စေရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တို့မှ ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ ဂုဏ်ထူးရှင်များ ပိုမိုထွက်ပေါ် လာစေရေးအတွက် တာဝန်ရှိသူများ ပူးပေါင်း၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။
Read More...
18-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့်အတွက် မြို့ဝင်မုခ်ဦးအား မြို့၏အမှတ်သညာ၊ မြို့၏ဂုဏ်သိက္ခာနှင့် လိုက်ဖက်ညီပြီး အများပြည်သူများနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုသိမ်မြို့၌ မြို့အဝင်မုခ်ဦးအပြင် ရွှေရုပ်တုအဝိုင်းနှင့် မြို့တော်ခန်းမကိုလည်း ခေတ်စနစ်နှင့်ကိုက်ညီစေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန် အတွက်လည်း လျာထားလျက်ရှိပါကြောင်း၊ မြို့ဝင်မုခ်ဦးနှင့်အတူ ပတ်ဝန်းကျင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်များနှင့် မြက်ခင်းများ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း” မှာကြားခဲ့သည်။
Read More...
18-Sep-2026
သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရမှ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင် လှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့် ကုသိုလ်ရှင်ဒကာ၊ ဒကာမများ၊ သီတဂူအာယုဒါန၊ သီတဂူ စက္ခုဒါန၊ သီတဂူ ဥဒကဒါနတွင် ပါဝင်လုပ်အားပေးနေကြသော သီတဂူတပည့် ဒကာ၊ ဒကာမများက အလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်၍ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒ ကထာများ နာယူကြည်ညိုပြီးနောက် ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြရာ ဆရာတော်ကြီးက မေတ္တာပို့ဆုတောင်းပေးခဲ့သည်။
Read More...
18-Sep-2026