သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ခရိုင်အတွင်းရှိ ဆန်စက်၊ ကြာဇံစက်နှင့် မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ညောင်စောက်ကျေးရွာရှိ Green Indo Myanmar တန်၃၀၀ဆန်စက်ရုံ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ စပါးသိုလှောင်ကန်၊ စပါးအခြောက်ခံစက်၊ Silo စပါးသိုလှောင်ရုံ foundation ဆောင်ရွက်နေမှု ၊ စပါးကုန်ကြမ်းသိုလှောင်ရုံ၊ ဆန်ဖြူကုန်ချောသိုလှောင်ရုံ ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆန်စက်နှင့်ပတ်သက်သည့် Paddy Cleaner ၊ Paddy Destoner ၊ Paddy Husker ၊ Thickness Grader ၊ Rice Whitener၊ Rice Polisher ၊ Rotary Sifter ၊ Length Grader ၊ Color Sorter ၊Weigher ၊ Belt Conveyor ၊ Buckets Elevator စက်များတပ်ဆင်နေမှု၊ ဆန်ဖြူတန် ၃၀၀ အား Export Quality ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်မည့်အစီအမံများ၊ ကြာဇံစက်ရုံဆက်လက်တည်ဆောက်မည့်အ ခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်ပစ္စည်းများတပ်ဆင်ပြီးစီးစေရေး၊ သတ်မှတ်ကာလအတွင်း စမ်းသပ်လည်ပတ်နိုင်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်စေရေးမှာကြားခဲ့သည်။
Read More...
09-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
09-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများတိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Read More...
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင်အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာ များ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Read More...
08-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။
Read More...
08-Aug-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ များသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Read More...
07-Aug-2025