သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ် ရောက်ရှိရန် လိုအပ်ပါ ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ မှတ်တမ်းထားရှိပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများအား အမှန်တကယ် ထည့်သွင်းသုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Export Zone ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုအကျိုးစီးပွား တိုးတက်ကောင်းမွန်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လိုကြောင်း" အမှာစကားပြောကြားခဲ့သည်။
Read More...
19-Sep-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ် တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/ သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Read More...
19-Sep-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရွှေကြာသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများချီးမြှင့်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား “ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ” ကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။
Read More...
19-Sep-2025
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
Read More...
၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Read More...
17-Sep-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှု၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင်အတူ ယနေ့ညနေပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
16-Sep-2025