သတင်းများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ဖျာပုံမြို့၊ အောက်ကွင်းကြီးမျိုးသန့်ခြံတွင်ပြုလုပ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲတက်ရောက်
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Read More...
17-Aug-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြခရိုင်နှင့် ဖျာပုံခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
Read More...
16-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Read More...
၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုေပးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Read More...
16-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာရှိရာဘာခြံနှင့်ကော်ဖီသီးညှပ်စိုက်ပျိုးထားမှုကြည့်ရှုစစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရာဘာခြံနှင့် ကော်ဖီ သီးညှပ်စိုက်ပျိုးထားရှိမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
Read More...
16-May-2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် လပွတ္တာမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Read More...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ေရာက်ရှိ၍ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ(လပွတ္တာ) တာဝန်ခံက ကျွဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မျိုးဖြန့်ဖြူးရောင်းချမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျွဲမွေးမြူရေးခြံ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံမှ ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊ ခိုင်းကျွဲ၊နွား အစာထုတ်လုပ်ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကျွဲကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်၊ ခိုင်းကျွဲမျိုးပွား၊ မျိုးထိန်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျွဲမွေးမြူရာတွင် စာကျက်မြေနေရာသည် အရေးကြီးသောကြောင့် လွှတ်ကျောင်းနိုင်သည့် စာကျက်မြေနေရာများ ရရှိရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေကိုလုံလောက်စွာရရှိရေး ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားရန်" မှာကြားခဲ့သည်။
Read More...
15-May-2025