သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ ဟင်္သာတမြို့၊ သဘာဝဘေးစီမံခန့်ခွဲရေး သင်တန်း ကျောင်းတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်အလှူ‌ငွေများထောက်ပံ့လှူဒါန်းခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကျင်းပ
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၅ရက်နေ့ ၀၈၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာ တခရိုင်၊ ဟင်္သာတမြို့၊ သဘာဝဘေးစီမံခန့်ခွဲရေးသင်တန်းကျောင်းတွင် ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်များသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်မြို့နယ်လျှင် အလှူငွေကျပ်သိန်း (၁၂၀)ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်း၊တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ပါသည်။


Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း (COVID-19)ရောဂါ ကြိုတင်ကာကွယ်/ ထိန်း ချုပ်/ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖွင့်လှစ်ထားရှိသော Facility Quarantine Centre များအား တိုင်းဒေသကြီးဝန်ကြီးချုပ်လိုက်လံကြည့်ရှု့စစ်ဆေးခြင်းနှင့်ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ရေးပစ္စည်းများနှင့်အလှူငွေများအား ပေးအပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Coronavius Disease (COVID−19)ရောဂါကြိုတင်ကာကွယ်/ထိန်းချုပ်/ကုသရေးလုပ်ငန်းများအားကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များဖြင့်အညီကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊စေတနာ ရှင်/အလှူရှင်များဖြင့် (COVID−19)ရောဂါကြိုတင်ကာကွယ်/ ထိန်းချုပ်/ ကုသရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် ဧပြီလ(၄)ရက်နေ့ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနဝန်ကြီးဦးဌေးဝင်း၊တိုင်းဒေသကြီး


Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့တွင် လူမှု ဝန်ထမ်းကယ်ပြန်ဝန်ကြီးဌာနမှ သဘာဝဘေး(လေပြင်းဘေး) ကြိုတင်ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်သည့်နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်
၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးသန်းဆွေဝင်းတို့နှင့်အတူ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ နယ်၊ ကြာအင်းအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွား လေ့ရှိသည့် ကံဆယ်ကျေးရွာနှင့် မြန်အောင်မြို့နယ်၊ ရွှေကျင်ကျေးရွာအုပ်စုရှိ သဘာဝဘေးဒဏ်အများဆုံးဖြစ်ပွားလေ့ရှိသည့် ဘုရားလှကျေးရွာနှင့်ဘုရားကြီးကုန်းကျေးရွာတို့သို့သွားရောက်ခဲ့ပြီး သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး လေဘေးဒဏ်ခံနိုင်မည့် နေအိမ်များဆောက်လုပ်နိုင်ရေးအတွက် လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆောက်လုပ် ရေးပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခြင်းနှင့် ခိုင်ခန့်မှုအားနည်းသည့် နေအိမ်များ ပြင်ဆင်ထားရှိမှု အခြေအနေ များအား ကြည့်ရှု့စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Coronavirus Disease 2019 (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းအတွက် (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် (Covid - 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်အတွက် အလှူငွေပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ (၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက (Covid - 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးကြပါသည်။


Read More...
06-Apr-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၃၁.၃.၂၀၂၀ ရက်နေ့၊ ကြေညာချက်အမှတ် (၂/၂၀၂၀) ပြည်သူသို့ပန်ကြားချက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (Covid – 19)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု/ကျေးရွာများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ လမ်းဘေးဆိုင်များအားလုံးသည် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ပူးပေါင်းကူညီဆောင်ရွက်ပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ (ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၃၁.၃.၂၀၂၀ ရက်နေ့၊ ကြေညာချက်အမှတ် (၂/၂၀၂၀) ပြည်သူသို့ပန်ကြားချက်)


Read More...
06-Apr-2020