သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ် သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်သန့်ရှင်းသာယာလှပေရေး၊ စိမ်းလန်းစိုပြေရေးဆောင်ရွက်နေမည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့်တွေ့ဆုံခဲ့ရာ ပါမောက္ခချုပ်မှ ဘာသာရပ်အလိုက်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှုအခြေအနေများ၊ တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြေရေး ဆောင်ရွက်မည့်အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသသကြီးဝန်ကြီးချုပ်မှ  မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်၏ အခမ်းအနားများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲပြိုင်ပွဲများကို တက်ရောက်အားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတိုးတက်အောင်မြင်စေရေး စနစ်တကျဆောင်ရွက်ရာတွင် တက္ကသိုလ်၊ ကောလိပ် သိပ္ပံများမှ ခေတ်မီဆန်းသစ်သောလေ့လာတွေ့ရှိချက်များကိုလည်း လက်တွေ့လုပ်ငန်းခွင်တွင်အကျိုးရှိစွာအသုံးချရန်လိုအပ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ ဝါသနာအလိုက် အားကစားနှင့်အနုပညာကိုလည်း စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ၊ အနုပညာသမားများဖြစ်စေရေး ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့်စိမ်းလန်းစိုပြေစေရေးဆောင်ရွက်ရာတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များ ထည့်သွင်းစိုက်ပျိုးရန်နှင့် ရှေရှည်စီမံချက်များရေးဆွဲ၍စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများလည်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများမှ တက္ကသိုလ်ကျောင်းအပ်နှံတက်ရောက်မှုများ၊ သန့်ရှင်းသာယာလှပရေးဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။


Read More...
07-Jul-2022
ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅)  ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ခေတ္တစက်ရုံမှူးက ဝန်ထမ်းခန့်ထားမှု အခြေအနေများ၊ ထုတ်လုပ်နိုင်မှုစွမ်းရည်နှင့် ကုန်ကြမ်းလိုအပ်ချက်အခြေအနေများ၊ အမိုးနီးယားနှင့် ယူရီးယားထုတ်လုပ်ပုံအဆင့်ဆင့်၊ ဘဏ္ဍာနှစ်အလိုက် ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှုအခြေအနေများနှင့် ဖြန်ဖြူးမှု အခြေအနေများ၊ စက်လည်ပတ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့်  စက်ပြုပြင်မှုမှတ်တမ်းများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင်စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်ကာလများကပင် စက်ရုံဝန်ထမ်းများနှင့်လာရောက် တွေ့ဆုံအားပေးခဲ့ပြီး အမြန်ဆုံးလည်ပတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများကို တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ စက်ရုံမှူးနှင့် ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီးတန်ချိန်၂ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ကာ နွေစပါးစိုက်ရာသီတွင် တောင်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊  စက်ရုံနှစ်ပတ်လည်စက်ပြုပြင်မှု(Annual Shutdown) ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ခြင်းများအဆင့်သင့်ဖြစ်စေရေး လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ မကြာမီဓာတ်ငွေ့ပိုလွှတ်တော့မည်ဖြစ်၍  ဓာတ်မြေသြဇာထုတ်လုပ်နိုင်ရေး ပြင်ဆင်ရမည့် အစိတ်အပိုင်းများပြင်ဆင်ထားရှိပြီး စွမ်းအားပြည့်လည်ပတ်နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြန်လည်ပို့လွှတ်နိုင်ရေးကြိုတင် ညှိနှိုင်း ဆောင်ရွက်ထားရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ပြန်လည်ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက်သာမက ဒေသခံတောင်သူများအတွက်ပါ သွင်းအားစု လိုအပ်ချက်များနှင့် ဈေးနှုန်းကြီးမြင့်မှုများအား အတိုင်းတာတစ်ခုအထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရွက်ရန်လိုပ်အပ်ကြောင်း”ပြောကြားပြီး ဝန်ထမ်းများအတွက် ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကော်ဖီမစ် အစရှိသည့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ကာ စက်ရုံအတွင်း စက်ရုံလည်ပတ်နိုင်ရေး   ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
07-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဧရာဝတီ - ဟင်္သာတတာ မြစ်ရေတိုက်စားမှု အခြေအနေများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ  ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၄/၆ တွင် ဧရာဝတီမြစ်၏ မြစ်ကမ်းပါးသို့ ဦးတည် တိုက်စားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဆည်မြောင်း နှင့် ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ဧရာဝတီမြစ် ဟင်္သာတမြစ်ကြောင်းအခြေအနေများ၊ တာငုတ်- ဖောင်ဆိပ် ဧရာဝတီမြစ်ကမ်းပါတစ်လျှောက် အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများအဖြစ် Floating unit အလျားပေ ၂၀၀၀ပေ ဆောင်ရွက်မည့်အခြေအနေများ၊ ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ဖောင်ဆိပ်ဖြတ်တာအနီး ကမ်းပြိုမှုအခြေအနေနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဧရာဝတီ-ဟင်္သာတတာ တာတိုင် ၃/၀ ရှိ ရေကင်းစခန်းအမှတ်(၈) အိပ်ပျက်တာနယ်နှင့်ဟင်္သာတ ကမ်းနားတာ ဦးပါရဲရေကင်းစခန်းများရှိ မိုးရာသီ ရေဘေးကာကွယ်ရေး တာတမံ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအား တာတမံလုပ်သားများဖြင့်ဆောင်ရွက်နေမှုအခြေအနေ များ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် ရေမှတ်တိုင်နှင့် ရေမှတ် မှတ်တမ်းရေးသွင်းထားမှုအားကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြစ်ရေမြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိပါက ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံအစိမ်းရောင်၊  အဝါရောင်နှင့် အနီရောင်လွှင့်ထူဆောင်ရွက်ရမည့်အခြေအနေများသိရှိနားလည်ထားကြရန်၊ သဘာဝဘေးအန္တရာယ်များကို အချိန်မီကြိုတင်ကာကွယ်နိုင်ရန်အတွက် တာတမံများတာဝန်ချထားသည့်ရေကင်းအဖွဲ့များ၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ရေဘေးကာကွယ်ရေးနည်းလမ်းများအတိုင်း ဂရုတစိုက်စောင့်ကြည့်ကြရန်၊ မြစ်ရေမှတ်တမ်းရေးသွင်းခြင်းများကိုစနစ်တကျ ရေးသွင်းဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါကသတင်းပေးပို့ခြင်းလုပ်ငန်းများကိုမြန်ဆန်မှန်ကန်စွာ တက်ညီလက်ညီပူး ပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဟာတဘူတာသို့သွားရောက်၍ ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ သွားလာမှုအခြေအနေများမေးမြန်းခဲ့ပြီး ဘူတာရုံးခန်းတွင် မြန်မာ့မီးရထားလုပ်ငန်း  တိုင်းတာဝန်ခံမှ ခရီးစဉ်ပြေးဆွဲမှု၊ ခရီးသည်များစီးနင်းလိုက်ပါမှု၊ ကုန်စည်တင်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးမှ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ကုန်စည်တင်ဆောင်မှုများပိုမိုဆောင်ရွက်နိုင်စေရေး၊ ဘူတာရုံသန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။


Read More...
06-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာတွင်တည်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အထွေထွေမန်နေဂျာရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အထွေထွေမန်နေဂျာမှ ညောင်တုန်း/ မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ပိုက်လိုင်းများကောင်းမွန်မှုရှိစေရေး၊ အယိုအဖိတ် လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး၊ ရေရှည်ထုတ်လုပ်နိုင်ရေး စနစ်တကျထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် လျာထားချက်ပြည့်မီစွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ အဆိုပါ ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသည့် လေဆီနှင့် သဘာဝဓာတ်ငွေ့များကို ရွာမ၊ မှော်ဘီရှိစက်ရုံများ၊ CNG ဆိုင်များ၊ LPC (ညောင်တုန်း-၂)၊ LPC(ညောင်တုန်း-၃) စက်ရုံများ၊ ရွာမ Gas Turbine သို့ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ မာလာကွင်းကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ကာ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါစသည့် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


Read More...
03-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာတွင် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးပွဲတက် တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ တောင်သူဦးကျင်လှိုင်၊ ဦးကျော်ဇောလင်း၊ ဦးစန်းဝင်းတို့၏လယ်မြေတွင် ပျိုးဗန်းဖြင့် ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ ကောက်စိုက်စက်နှင့်စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်စရိတ်သက်သာခြင်း၊ အချိန်၊ လုပ်သား၊ သွင်းအားစုများလျော့ချနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းကောင်းခြင်းစသည့် အကျိုးကျေးဇူးများရရှိသဖြင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးပြောကြားသည်။ ထို့နောက် နည်းပညာပြန့်ပွားရေးစင်တာတွင် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကိုပန်းတိုင်အထွက်နှုန်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ စက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး   တစ်ဧက တင်း၁၀၀ ထွက်ရှိရေး ဧက ၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့သည်။


Read More...
03-Jul-2022