သတင်းများ
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)အား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကော်မတီအဖွဲ့များအနေဖြင့် မှတ်တမ်းမှတ်ရာများပြုစုခြင်း၊ လူအင်အားစုဖွဲ့ခြင်းများကို နေ့စဉ်တင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၌ သောက်သုံးရေများလုံလောက်စွာ ပြင်ဆင်ထားရန်လိုပါကြောင်းနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေသန့်ဆေးပြားလည်း အချိန်မီရောက်ရှိရန်လိုပါကြောင်း၊တိုင်းဒေသကြီးမှအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ကော်မတီများကလည်း သဘာဝဘေးကြောင့်ပျက်စီးမှုများရှိလာပါက ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျတင်ပြ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ပစ္စည်းများစနစ်တကျ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများစုဆောင်း ထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်မှုကောင်းမှသာ ပြီးပြည့်စုံမှာဖြစ်ပါကြောင်း၊သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ရေလှောင်ကန်များကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် စားနပ်ရိက္ခာလုံလောက်စွာသိုလှောင်ထားရှိရေး၊ချက်ပြုတ်စားသောက်နိုင်ရေးအတွက်လည်း ထင်း၊မီးသွေးများကိုလည်း ကြိုတင်စုဆောင်းထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် အမျိုးသားသဘာဝဘေးကော်မတီက တောင်းခံသည့်အချက်အလက်များအား အချိန်တစ်ပြေးညီ ပေးပို့နိုင်ရေးဆောင်ရွက်သွားကြရန်နှင့် ဆက်သွယ်ရေးပစ္စည်းများအား စနစ်တကျအသုံးပြုနိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ကော်မတီများအားလုံးကလည်း မိမိတို့၏ကော်မတီများ၏ လုပ်ငန်းများအပြင် အခြားသောကေယ်မတီများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သဘာဝဘေးကျရောက်ပါက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးက ယနေ့ညနေ(၄)နာအချိန်ထုတ်ပြန်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
09-May-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား တွေ့ဆုံမှာကြား
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုန့်ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်၊အထောက်အကူပြုပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားခြင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လွတ်လပ်ရေးကျောက်တိုင်အားကစားကွင်း၌ ယနေ့ညနေပိုင်းက လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့ကြောင်းသိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်ရင်းတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteerများ နှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ လူအင်အား၊ ဆက်သွယ်ရေးယာဉ်များ၊သယ်ယူပို့ဆောင်ရေးယဉ်များ၊ရေသန့်စင်စက်တင်ယာဉ်၊ ရေသယ်ယာဉ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များစုစည်းထားရှိမှုများနှင့်သဘာဝဘေးကူညီကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများပြင်ဆင်စုဖွဲ့ထားရှိမှုများ၊ စားသောက်ဖွယ်ရာများစုစည်းထားရှိမှု နှင့် ကော်မတီများအလိုက်စုဖွဲ့ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အစုအဖွဲ့များအနေဖြင့် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အရံသင့်စုဖွဲ့ထားခြင်းဖြစ်ပါကြောင်း၊ ယာဉ်၊ ယန္တရားများလည်းစုစည်းထားရှိပြီး အရေးပေါ်အခြေအနေများတွင် အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အစုအဖွဲ့များအနေဖြင့် ဘေးသင့်ရာနေရာဒေသများသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်မှာကြားခဲ့သည်။
ထို့နောက် ရွှေပုသိမ်ဧည့်ရိပ်သာသို့ သွားရောက်၍ သဘာဝဘေးကျရောက်လာပါက ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဆန်၊ဆီ၊ဆား၊ရေသန့်နှင့် ခေါက်ဆွဲခြောက်များအား စနစ်တကျသိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး သဘာဝေးကျရောက်သည့်နေရာများကို အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ရန်နှင့် ပြည်သူများ၏လက်ဝယ်အရောက် စနစ်တကျရောက်ရှိရေးတို့ကို အစီအမံများချမှတ်၍ စနစ်တကျဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
Read More...
09-May-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Read More...
၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် ဗီနိုင်းစိုက်ထူပွဲအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ပေါင်းဆန်စက်တည်ဆောက်နေမှုအခြေအနေများ၊ ဆန်သိုလှောင်ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ဝယ်ယူကြိတ်ခွဲမည့်အခြေအနေများ၊ ပြည်ပနှင့် ရန်ကုန်စျေးကွက်များသို့ တင်ပို့မည့် အခြေအနေများ၊ ပြည်ပနိုင်ငံများနှင့်ချိတ်ဆက်၍ မတ်ပဲတင်ပို့ရောင်းချနိုင်ရန် ပဲသန့်စင်ခြင်းချိန်တွယ်ခြင်းနှင် ပဲနမူနာပေးပို့နိုင်ရန်ဆောင်ရွက်နေမှုများအား ပုသိမ်စက်မှုစီမံကိန်း ဒုတိယဥက္ကဌမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ပပို့ကုန်များ အရည်အသွေးပြည့်ဝမှုရှိစေရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အရည်အသွေးပြည့်ဝသောထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် မုန်တိုင်းအန္တရာယ်သတိပေးချက်များထုတ်ပြန်လျက်ရှိရာ ဝယ်ယူစုဆောင်းထားရှိသည့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရေးလုံခြုံစွာဖုံးအုပ်ထားရှိရန်၊ အမိုးအကာအောက်များတွင် သိုလှောင်သိမ်းဆည်းထားရန်မှာကြားခဲ့သည်။
Read More...
09-May-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘိုကလေးမြို့ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ် (၁/၂၀၂၂) ဒုတိယနှစ်သင်တန်းကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၃/၂၀၂၃)ပထမနှစ်နှင့် အမှတ်စဉ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်း ကြိုဆိုပွဲအခမ်းအနားအား ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူဆရာဆရာမများတက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားကို သင်တန်းသား/သင်တန်းသူများက ဘိုကလေးပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဆရာများ ခံယူအပ်သော သစ္စာဒိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်၍ စံနမူနာပြတိုင်းဒေသကြီးတစ်ခုဖြစ်ပြီးအခြေခံပညာကျောင်းတက်ရောက်မှုအများဆုံး တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကြိုးကိုယ်ကျိုးမဖတ် ဆောင်ရွက်တက်သူများဖြစ်ကြပါကြောင်း၊ ဆရာကြီးဆရာမကြီးများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ မိမိတို့တာဝန်ကျသည့်ကျောင်းများတွင် လိုအပ်ချက်များရှိပါကလည်း တင်ပြကြရန်၊ သင်တန်းပြီးဆုံး၍ ပညာရေးဘွဲ့ BED ရရှိပြီးပါက ပညာရေးစနစ်သစ်၏ အခြေခံပညာအထက်တန်းအဆင့်တွင် ဘာသာရပ်များအလိုက်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက် ပညာရေးကဏ္ဍကိုမြှင့်တင်ပေးကြသည့် အားကိုးအားထားရသည့် ဆရာကြီးဆရာမကြီးများဖြစ်ကြပါစေကြောင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား သင်တန်းသူများမှ မြို့နယ်အလိုက် သင်တန်းတက်ရောက်မှုအခြေအနေ များတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးတွေ့ဆုံအးပေးခဲ့ပါသည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဥ်(၃/၂၀၂၃)ပထမနှစ်တွင် ၃၄၉ ဦးနှင့် အမှတ်စဥ်(၁/၂၀၂၂) ဒုတိယနှစ်သင်တန်းတွင် ၃၃၉ ဦး စုစုပေါင်း ၆၈၈ဦး တက်ရောက်လျှက်ရှိကြောင်းသိရသည်။
Read More...
08-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်သို့သွားရောက်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လပွတ္တာခရိုင်မီးသတ်စခန်းသို့ရောက်ရှိ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွာရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများစုစည်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လပွတ္တာခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ နှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဓိကအားဖြင့် ပင်လမ်းကမ်းစပ်၊ မြစ်ကမ်းစပ်အနီးရှိ ကျေးရွာများမှ ဒေသခံများ၊ ကျေးရွာတာဝန်ခံများနှင့် ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ တပ်မတော်၊ ရဲတပ်ဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းတာဝန်များခွဲဝေ၍ ကျေးရွာအလိုက် သိရှိအောင်ဆောင်ရွက်ကြရန်၊ cyclone shelter ၊ School cun shelter များတွင် စားရေရိက္ခာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ထားရှိရန်၊ လူ၊ တိရိစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ကျေးရွာများအရောက် အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ဇင်ရွဲလေးကျေးရွာ၊ school cun shulter သို့ရောက်ရှိ၍ သောက်သုံးရေ၊ ဆန်၊ ထင်း၊ လောင်စာတောင့်များ ကြိုတင် ပြင်ဆင်စုဆောင်း ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စား၊ရေ၊ ရိက္ခါများလုံလောက်စွာထားရှိစေရေးသက်ကြီးဘိုးဘွားများ၊ ကလေးငယ်များ စောလျင်စွာပြောင်းရွှေ့ထားစေရေးမှာကြားခဲ့သည်။ အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ သင်္ကန်းကြီးကျေးရွာ၊ school cun shulter သို့ရောက်ရှိ၍ ကြိုတင် ပြင်ဆင်ဆောက်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်ရေ၊ သုံးရေများလုံလောက်စွာရရှိရေး၊ သန့်ရှင်းရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရေး၊ ပြည်သူများ မုန်တိုင်းရှောင်ကာလအတွင်း ၄င်းတို့၏ ကျေးရွာများရှိ အိုးအိမ်ပစ္စည်းများလုံခြုံမှုရှိစေရန် လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
Read More...
08-May-2023