သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းနားသို့ တက်ရောက်ခဲ့ပြီး ဖျာပုံခရိုင် ပြည်သူ့ဆေးရုံနှင့် ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ဝင်များသည် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကန််ကြီးထောင့်မြို့နယ် ၊ ကွင်းယားအရှေ့ သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များမှ ပုသိမ်ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း(၃)သိန်းနှင့် ငါးခုံးမကြီး (၂)သိန်းခွဲ၊ စုစုပေါင်းငါးကောင်ရေ(၅)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်မှ Oxygen Concentrator (၂)လုံး၊ PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် Dr-ဇင်မာစိုးမှ လက်ခံရယူခဲ့ပြီး ဆေးရုံတွင် Oxygen ထုတ်လုပ်နေမှု၊ Oxygen စက်ရုံသစ်တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့ သံသရာခရီးသည်လူမှုကူညီရေးအသင်းတွင် စိတ်ထားဖြူစင်ပရဟိတအသင်း၊ ပဲ့တင်သံပရဟိတအသင်း၊ (၁၈)ရပ်ကွက် လူမှုကူညီရေးအသင်း ၊ ကျုံကူလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူများအား PPE ဝတ်စုံ(၁၂၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြိီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ Oxygen Concentrator (၂)လုံး PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာမင်းသိန်းမှ လက်ခံခဲ့ပြီး ဓမ္မိကာရုံရွှေကျင်တိုက်သစ်တွင် Oxygen စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
ထို့နောက် ကျိုက်လတ်မြို့နယ် ၊ လှည်းဆိပ်ကျေးရွာအုပ်စုရှိ“ မြသီးနှံ” မျိုးစပါး ထုတ်လုပ်ဖြန့်ချီရေလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး၊ မျိုးစေ့သန့်စင်ခြင်း၊ ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းအခြေအနေများအား ကြည့်ရှု့ခဲ့ပြီးနောက် တောင်သူ ဦးအေးသန်း၏ ပေါ်ဆန်းကြီးမျိုး စီးပွားဖြစ် မျိုးသန့် မျိုးပွားမျိုးစေ့ (RS-CS) စိုက်ခင်းသို့ ရောက်ရှိ၍ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများအား စနစ်တကျ မှတ်တမ်းထားရှိရန် မှာကြားခဲ့ပါသည်။
Read More...
18-Aug-2021

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၇) ရက်နေ့ ၊ ညနေ(၄)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းကဌာနမှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဘုန်းလွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ် အမှုဆောင်အရာရှိဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးတို့က တိုင်းဒေသကြီးမြို့တော်ပုသိမ်မြို့တွင် ဆောင်ရွက်လျှက်ရှိသော စည်ပင်သာယာရေးဆိုင်ရာကိစ္စများကိုလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမြင့်က ဌာန၏အဓိကဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများအစရှိသည်တို့ကို Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးသက်လေးဦးကလည်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောလင်းခယ်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
17-Aug-2021

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်မြို့နယ်၊ ရွာသာယာကျေးရွာ၊ ဥစားကြက် မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှု့ခြင်းနှင့် သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း
Read More...
၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၁၇) ရက်နေ့၊ နေ့လည်(၁၃၅၅) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာရှိ ဦးဇင်အောင်၏ ဥစားကြက် မွေးမြူရေးခြံသို့ ရောက်ရှိ၍ ဥစားကြက်အကောင်ရေ(၉၀၀၀)မွေးမြူမှု တစ်ရက်ပျမ်းမျှ ကြက်ဥ ထုတ်လုပ်မှု (၅၀၀၀ - ၆၀၀၀)လုံး ထုတ်လုပ်နိုင်မှုနှင့် ကိုယ်ပိုင်အစာစပ်စက်ရုံမှ မွေးမြူရေးအစား အစာများ ထုတ်လုပ်နိုင်ခြင်းကြောင့် စျေးကွက်သို့ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးဆောင်ရွက် ပေးနေကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ ဥစားကြက်မွေးမြူရေးခြံသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းအတွက် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ရာ ဥစားကြက်မွေးမြူရေးခြံပိုင်ရှင် ဦးဇင်အောင်မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့သို့ ဆက်လက် ထွက်ခွာခဲ့ရာ (၁၅၁၀)နာရီအချိန်တွင် သာပေါင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ Oxygen Concentrator 10L (၂)လုံး၊ Oxygen-40L (၄)လုံး၊ KN95 (၂၀၀)ခု၊ Favipiravir 400mg (၁၀၀)ခု၊ Enoxaparin (၁၀)ခု၊ PPE(၁၀၀)စုံနှင့် ဆေးရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ဝိ/-)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံတာဝန်ရှိ သူများမှ လက်ခံရယူခဲ့ကြောင်းသတင်းရရှိပါသည်။
Read More...
17-Aug-2021

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဆေးဝါးများ၊ ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှုအားပေးခြင်းနှင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၁၇) ရက်နေ့၊နံနက်( ၁၀၀၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ရှိ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ Oxygen Concentrator (၂)လုံး၊ Oxygen-40 Litter (၂၀)အိုး၊ PPE(၂၀၀)စုံနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ဝိ/-)ကျပ်အားထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံတာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ငပုတောပြည်သူ့ဆေးရုံးအတွင်းရှိ ခွဲစိပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုအခြေအနေအားကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့၊ စိန်ပန်းကျောင်းတိုက်အတွင်း Oxygen စက်ရုံတည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ရာ (၁၁၂၀)နာရီအချိန်တွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ရောက်ရှိ၍ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား စက်မှုမြို့တော်စီမံကိန်းဒုတိယဥက္ကဋ္ဌ ဦးစည်သူစိုးမှ ရှင်းလင်းတင်ပြခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
17-Aug-2021

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကျုံပျော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဆေးဝါးများ၊ ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အောက်စီဂျင်စက်တပ်ဆင်မည့်နေရာ ကြည့်ရှုခြင်းနှင့် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုအားပေးခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၁၅) ရက်နေ့၊ (၁၄၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ Oxygen (40)L (၂၀)အိုး၊Oxygen Concentrator (၂)လုံး၊ Surgical Mask(၂၅၀၀)ခု၊ Goggles(၅၀)ခု၊ PPE(၅၀)စုံနှင့် ဆေးရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ဝိ/-)ကျပ်အားပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးနှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ ဆေးရုံဝန်ထမ်းများအတွက် Nan Myaing Coffee ထုပ်များ၊ ရွှေဖီဦးအသင့်ဖျော်လ္ဘက်ရည်ထုပ်များ၊ မှော်ဘီအဆင့်မြင့်ခေါက်ဆွဲထုပ်များနှင့်ကြက်ဥများ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ PPE (၃၀၀)စုံ၊ Oxygen Concentrator (၂)လုံးနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ နာရေးကူညီမှုအသင်း(ကျုံပျော်) အဆောက်အဦတွင် အောက်စီဂျင်စက်တပ်ဆင်ရန် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျုံပျော်မြို့မှ ပြန်လည် ထွက်ခွာလာခဲ့ရာ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာတွင် Saemaul Undong (S.M.U) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဖြင့်ဆောင်ရွက်သည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း (၃၆)ဧကသို့ ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ စိုက်ပျိုးဖြစ်ထွန်း နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မျိုးစေ့စိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တောင်သူများမှ စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲများအား တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သို့ပြန်လည်ထွက်ခွာလာခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (၅၆.၃၀၅သန်း)ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း(ပုသိမ်မြို့အဝင်လမ်း)မိုင် ၁၁၀/၃-၁၁၀/၄ အတွင်း Box Culvert 95' ×10' Box Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်မှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် (၄)နာရီလျှင် အောက်စီဂျင်(၄၀) လီတာ (၁၆)အိုးထွက်ရှိသည့် အောက်စီဂျင်စက် တပ်ဆင်ပြီးစီး၍ အောက်စီဂျင် ထုတ်လုပ် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More...
15-Aug-2021