သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်ခရိုင်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးဖြစ်ပွားခဲ့သည့် ကျုံပျော်ခရိုင်အတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
Read More...
12-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများ နှင့်အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
11-Sep-2026
အိုင်သပြုလမ်းဆုံတွင် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အိုင်သပြုလမ်းဆုံတွင် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အိုင်သပြုကျေးရွာအုပ်စု၊ မယင်း (မြောက်)ကျေးရွာရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေသန့်ဆေး ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံပြန်လည်ဖွင့်လှစ်ထားရှိမှုနှင့် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့်လူနာများကို ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပြီး လူနာများကို ကြက်ဥများပေးအပ်ခဲ့ကာ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု ဟံသာအေးကျေးရွာသို့သွားရောက်၍ ရေဝင်ရောက်မှု ပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီး ပိန်းအင်းကျေးရွာအုပ်စု၊ ရုံးတောကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေကိုများကို ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမ များအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
Read More...
10-Sep-2026