ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲမဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၂၂ခုနှစ်ဧပြီလ(၂)ရက်နေ့ ယနေ့နံနက်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင် (၆)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ  Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ပါတယ်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည်  လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုပါကြောင်း၊ စာရင်းပြုစုခြင်းလုပ်ငန်းစဉ်များဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များ စာရင်းပြုစုဖြည့်သွင်းခြင်း၊ မြေပြင်စာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့်နိုင်(၄)အား Execel Format ဖြင့် စာရင်းပြုစုရေးသွင်းခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားပါတယ်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် စာရင်းကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးကိစ္စရပ်များ ကွန်ပျူတာ၊ ကွန်ပျူတာ ကျွမ်းကျင်သူများနှင့် အခြားလိုအပ်သည်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လဝက နိုင်(၄) စာရင်း Execel Format ဖြင့် စာရင်းပြုစုရေးသွင်းခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ခရိုင်၊ မြို့နယ်များအလိုက် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပါသည်။ ပြီးနောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ ခရိုင်အလိုက်ဆောင်ရွက်ထားရှိမှု များဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီး စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ ဆီဖူလုံရေးစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ကာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆီထွက်သီးနှံဖြစ်သောနေကြာကို မျိုး၊ မြေ၊ ရေ၊ နည်း မှန်(၄)မှန်အပြင် ရာသီအချိန်မီစိုက်ပျိုးရန် လိုအပ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သည့်အတွက် မြေပြင်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အတတ်နိုင်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစည်းအဝေးလုပ်နေရုံနဲ့မပြီးဘဲ လက်တွေ့ အောင်မြင်အောင်ဆောင်ရွက်ကြရန်၊  သုတေသနပြုလုပ်ရာမှာ တွေ့ရှိချက်များနှင့်မပြီး လက်တွေ့ရလဒ်အား ပြသပေးရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် (၂၂၁၆၈၈)ဧကမှထွက်ရှိလာမည့် မျှော်မှန်းထားသောအထွက်နှုန်းများရရှိရေး၊ လာမည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်းအထွက်နှုန်း ပိုမိုတိုးတက်ရရှိနိုင်ရေး၊ မိမိတိုင်းဒေသကြီးအတွင်း မျိုးထုတ်နိုင်ရေး၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။

02-Apr-2022