သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာရှိ တောင်သူ ဦးထွန်းသွင်၏ တစ်နှစ်သုံးသီးစိုက်ပျိုးထားရှိသည့် လယ်မြေ ဧက(၅၀)တွင် တတိယသီးနှံ နွေစပါး GW 11 စိုက်ခင်းအား မြေဩဇာကြဲပတ်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်စေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစေရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့ အောက်ပိုင်းအခြေခံပညာအထက်တန်းကျောင်းခွဲစာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် ပန်းတနော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက် ရေးလုပ်ငန်းများတိုးတက်ဆောင်ရွက်နေမှုနှင့် gas သန့်စင်စနစ် တပ်ဆင်ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက်ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ မြေသားရေလှောင်ကန်နှင့် ငါးမွေးမြူရေးကန်များ အဆင့်မြှင့်တင်တူးဖော်ဆောင်ရွက်နေမှု၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် Fully Automated FRS Cold Storage System တည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံးတည်ဆောက်တပ်ဆင်ပြီးစီးစေရေး၊ ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
12-Mar-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကိုကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာ ဖြေဆိုနေမှုများကိုကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၆)၊ (၈)၊ (၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူး ဂရုပြုဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ စာစစ်ဌာန (၂၃၀) ခုတွင် မြန်မာစာ ဘာသာရပ်အား ကျောင်းသား(၇၇၆၃)ဦး၊ ကျောင်းသူ (၁၁၁၈၀)ဦး၊ စုစုပေါင်း(၁၈၉၄၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။
Read More...
11-Mar-2024
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ
Read More...
မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ( ၁ )ရက်နေ့မှ လပြည့်နေ့အထိ(မတ်လ ၁၀ရက်နေ့မှ မတ်လ၂၄ ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပသွားမည့် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦးတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံရေတပ်စခန်း ခေတ္တဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းအရ မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များလိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများကပ်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းတည်ဆောက်ခြင်းနှင့်ဘက်စုံပြုပြင်မွမ်းမံခြင်း မင်္ဂလာကမ္ဗည်းမော်ကွန်းကျောက်စာတော်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်ထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။
ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် ရေစက်ချမင်္လာအခမ်းအနား ဒုတိယပိုင်းကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ပြုလုပ်ခဲ့ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်ထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ တာဝန်ရှိသူအသီးသီးကဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့သည်။ ထို့နောက် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းတို့တွင် မတည်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနီးကပ်ကြီးကြပ် ဩဝါဒါစရိယ၊ ငပုတောမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုဇာတမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကာ ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီးနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်တောင်ခြေသို့သွားရောက်ခဲ့ပြီး ရှင်ဥပဂုတ္တမထေရ်မြတ်အားပင့်ဆောင်၍ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူခဲ့ကြပြီး ရှင်ဥပဂုတ္တဖောင်တော်အား ရေမျှောပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်တောင်တော်အနီးရှိ နတ်တောင်စေတီတော်အားဖူးမြှော်ကြည်ညို၍ နတ်တောင်ကျောင်းတိုက်ဆရာတော်အား သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့်ဘက်စုံပြုပြင်မွမ်းမံခြင်း ပန္နတင်မင်္ဂလာအခမ်းအနားအား ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အောက်ရင်ပြင်တော်(၃၆ဝ ပေ × ၃၆ဝ ပေ)အကျယ် တည်ဆောက်ခြင်းနှင့် စကျင်ကျောက်ပြားခင်းခြင်း၊ အပေါ်ရင်ပြင်တော်အား ပြုပြင်တည်ဆောက်ခြင်း၊ မဟာရံတံတိုင်းနှင့် စိန်တောင်များကာရံခြင်းအပေါ်ရင်ပြင်တော်သို့ အတက်/အဆင်း လှေကား(၄)စင်းတည်ဆောက်ခြင်း တံခွန်တိုင်ပြုပြင်ခြင်း၊ နဂါးလမ်းနှင့်ဆင်ဖြူတော်လမ်းလှေကားပြုပြင်ခြင်း၊ ရင်ပြင်အောက်ထပ်နားနေဆောင်များ တည်ဆောက်၍ ကြွေပြားခင်းခြင်းနှင့် ပွတ်လုံး လက်ရမ်းများ ပြုလုပ်ခြင်း၊ အနေကဇာဆောင်အားအာရုံခံ တန်ဆောင်း အဖြစ်ပြုပြင်ခြင်း၊ ဗောဓိညောင်ပင်နှင့် နေ့နံဂြိုလ်ထောင့်များပြုလုပ်ခြင်း၊ ရှင်ဥပဂုတ္တကျောင်းဆောင်တည်ဆောက်ခြင်းနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ခြင်း၊ မြောက်ဘက်မုခ်ဦးလှေကားတည်ဆောက် ခြင်းနှင့် ရေကန်အားပြုပြင်ခြင်း၊လျှပ်စစ်မီးနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် စေတီတော်ကြီးအဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ၂၀၂၄ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရှိရပြီး ဘုရားပွဲမစတင်မီကာလများတွင်ပင် ဘုရားဖူးလာရဟန်းသံဃာများ၊ ဝတ်ရွတ်အဖွဲ့များ၊ ရပ်နီး၊ရပ်ဝေးမှ ဘုရာဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
Read More...
10-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ကျေးရွာဆိပ်ခံတံတားသစ်အား တက်ရောက်ဖွင့်လှစ်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ခမောက်မော်ကျေးရွာရှိ အိမ်ခြေ (၄၃၆) အိမ်ခြေမှ လူဦးရေ(၁၅၈၈)ဦးအား အကျိုးပြုမည့် ဆိပ်ခံတားသစ်ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူမှုရေးရာဝန်ကြီး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခမောက်မော်ကျေးရွာ ဆိပ်ခံရေဆင်းတံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဆိပ်ခံရေဆင်းတံတားသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားသစ်အားစနစ်တကျအသုံးပြုရန်နှင့် ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး အကအဖွဲ့များအားချီးမြှင့် ငွေများပေးအပ်ခဲ့သည်။ အဆိုပါတံတားသည် (၃၀ပေ× ၂၀ ပေ)နှင့် ချဉ်းကပ် (၈၀ပေ×၈ပေ) ဆောင်ရွက်ထားရှိပြီး ခရီးသည်တင်ရေယာဉ်များနှင့် ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ် ကြီး/ငယ်များ လွယ်ကူစွာဝင်ထွက်ဆိုက်ကပ်နိုင်မှာဖြစ်ကြောင်းသိရသည်။
Read More...
09-Mar-2024
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ အုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့ ၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် ဒွါဒသမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးအား နိုင်ငံတဝှမ်းမှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရင်ပြင်တော်တိုးချဲ့ခြင်း၊ မဟာရံ တံတိုင်းများဆောက်လုပ်ခြင်းတို့အား ဘုရားပွဲအမီ ဆောင်ရွက်ပြီးစီးစေရေးရည်မှန်း ဆောင်ရွက် ခဲ့ပြီး လာမည့်ဘုရားပွဲတော်ဖွင့်ပွဲနှင့်အတူ ရင်ပြင်တော်တိုးချဲ့ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားအား တပါတည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၏ အဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မီးလင်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်လည်း ဆောင်ရွက်ထားရှိပါကြောင်းနှင့် အာရုံခံတန်ဆောင်းများကိုလည်း ဆက်လက်တည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့ အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေမှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုကလှူဒါန်းသည့် အလှူငွေများ ကိုပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် အလှူရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
Read More...
08-Mar-2024