သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် လမ်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရွာသွန်းမှုမရှိတော့သဖြင့် ရန်ကုန်-ပုသိမ် လမ်းပိုင်း အား လူအင်အား၊ စက်ယန္တရားအားများဖြင့် အရှိန်အဟုန်ဖြင့်ပြင်ဆင်ဆောင်ရွက်နိုင်ရေး လမ်းပိုင်း အလိုက် တာဝန်ခံများက ရှင်းလင်းတင်ပြရန်၊ ခရီးသွားရာသီရောက်ရှိလာပြီဖြစ်သဖြင့် လမ်းများ ကောင်းမွန်ရေးနှင့် လမ်းဘေးဝဲယာ သန့်ရှင်းသာယာစေရေး အလေးထားဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးဂရုစိုက်ဆောင်ရွက်ရန်၊ မိုးတွင်းရာသီတွင်ပျက်စီးခဲ့မှု များအား အမြန်ဆုံးပြီးစီးစေရေးဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။


Read More...
19-Nov-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများစုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။


Read More...
18-Nov-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဌာနမှူးက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးမည့်အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်မကုသမီလူနာများ၊ ခွဲစိတ်ကုသရန်စောင့်ဆိုင်းနေသည့် လူနာများနှင့် ခွဲစိတ်ကုသပြီးလူနာများအား လိုက်လံကြည့်ရှု အားပေး စကားများ ပြောကြားခဲ့ပါသည်။


Read More...
18-Nov-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသမှုများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
18-Nov-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ပြည်သူ့ဆေးရုံတွင် သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သွားတုပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၄.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄ ထိ ဆောင်ရွက်လျှက်ရှိသော သက်ကြီးဘိုးဘွားများအား သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတု ပြုလုပ်တပ်ဆင်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
17-Nov-2024