သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၈ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုများနှင့်  အခြေခံပညာအထက်တန်းကျောင်းများတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊  ဆရာ၊ ဆရာမများ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
08-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာ-သင်္ကန်းကြီးကားလမ်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာရှိ တောင်သူဦးမန်းဖြူ၏ စိုက်ဧက(၅)တွင် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲသို့တက်ရောက်၊ လပွတ္တာမြို့နယ်၊ ရွာသစ်ကျေးရွာအခြေခံပညာမူလတန်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၇.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ဃန်းကြီးကားလမ်းအနီး ကမ်းပြိုသည့်နေရာသို့ရောက်ရှိ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လပွတ္တာ-သင်္ဃန်းကြီး ကားလမ်းအပိုင်းရှိ မိုင်တိုင် (၁/၇) မှ (၂/၀)အကြား၊ မိုင်တိုင် (၂/၄) မှ (၂/၅)အကြားနှင့် မိုင်တိုင် (၂/၆) မှ (၂/၇)အကြားတွင် စုစုပေါင်း အလျား (၃၃၀)ပေခန့် ကမ်းပြိုမှု ဖြစ်ပွားခဲ့သည့်အခြေအနေနှင့် ယာယီကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကာကွယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်နှင့် မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အန္တရာယ်ပြအမှတ်အသားများ ပြသဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားပါသည်။


Read More...
08-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ ၇ ရက်နေ့က လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသား၊ ကျောင်းသူများအတွက်  စာရေးကိရိယာပစ္စည်းများ၊ ဆန်၊ ဆီနှင့် ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ကာ ပုံဆွဲခန်း၊ ကွန်ပျူတာခန်းနှင့် သင်​ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးကျောင်းသား ၊ ကျောင်းသူများကို အသိပညာပေးသင်ကြားနေမှုများအား ကြည့်ရှုအား​ပေးခဲ့သည်။


Read More...
07-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)နှင့် (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား/သင်တန်းသူများအားကြိုဆိုပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄)နှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
07-Jun-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး၊ မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ စားရေးကိရိယာပစ္စည်းများ၊ ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မြောင်းမြခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးရှင်းလင်းပြောကြားမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
06-Jun-2024