သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်
Read More...
၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၁၃၈၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မဟာသင်္ကြန် ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါကြောင်း၊ သင်္ကြန်ရေကစားမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များတွင် ရေကောင်းရေသန့်များရရှိအောင် စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလ မှတ်တမ်းတင် ရိုက်ကူးရေး၊ အချိန်မီသတင်း ထုတ်ပြန်နိုင်ရေးကိစ္စများကိုလည်း ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်ရေး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပွဲတော်ကာလအတွင်း မူးယစ်ရမ်းကား မှုများမရှိစေရေး၊ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်ယင်မှုများမရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး အတွက် လုံခြုံရေးအစီအစဉ်များနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား တော်များနာယူခြင်း၊ ဘေးမဲ့ငါးလွှတ်ခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းများကိုလည်း ရိုးရာယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အားလုံး ပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့် သင်္ကြန်ဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အဖွင့်အမှာ စကားများ ပြောကြားသည်။
ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် ဗဟိုမဏ္ဍပ်နေ့စဉ် ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန်ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေး လုပ်ငန်း ကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည်ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း(မြို့နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို (၅.၄.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက် စေရန်အတွက် စာတတ်မြောက်ရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက် ခဲ့သည့် ဆရာ၊ ဆရာမများမှ တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းကို ပို့ချခဲ့ပြီး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ပို့ချခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက်များကို သင်ကြားပြသပေးကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ (၈)ရက်နေ့မှ မေလ(၁၉) ရက်နေ့အထိ သက်ဆိုင်ရာ စခန်းအသီးသီးရှိ စာသင်ဝိုင်း (၁၇၇၁)ဝိုင်းတွင် စာသင်သား (၂၅၀၁၆) ဦးအား ဆရာ၊ ဆရာမ များက ရက်ပေါင်း(၄၀)ကြာ တစ်နေ့လျှင် (၃)နာရီနှုန်းဖြင့် နာရီပေါင်း (၁၂၀) သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် သက်ဆိုင်ရာ စာဖတ်ဝိုင်းအသီးသီးတွင် သင်ကြားပြသပေးမည့် တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် စေတနာလုပ်အားပေး ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ပုသိမ်မြို့နယ် စာတတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်သင်ကြားပြသပေးမည့် ဆရာ၊ ဆရာမများ၊ စေတနာလုပ်အားပေး တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ညီလက်ညီဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြေခံစာတတ်မြောက်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း" အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
Read More...
06-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစား ခန်းမတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နွေရာသီအားကစားသင်တန်း များကိုဖွင့်လှစ်ပြီး နိုင်ငံတော်၏ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသည့် ကာယဉာဏ ဖွံ့ဖြိုးသည့် ကလေးငယ်များဖြစ်ပေါ်လာစေရေး နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုဦးတည်ဆောင်ရွက် လျက်ရှိရာ အားကစားနည်းအလိုက် စနစ်တကျတတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေး အတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန် အဖက်ဖက်မှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုသင်တန်းကို တက်ရောက်ကြသည့် အားကစားသမားများနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို အတုယူအားကျပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုထောက်ပံ့ငွေများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြန်မာ့သိုင်း အားကစားအဖွဲ့၊ Fitness Dance အားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့များ၏ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း (၁၀) မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား (၂၄၈)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။
Read More...
05-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များသည် လူ့ဘောင်အသိုင်းအဝိုင်းကို များစွာအကျိုးပြုပြီး အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း ရရှိသည့်အချိန်တွင် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သား စနစ်တကျ တက်မြောက်အောင်သင်ကြား၍ ပိုမိုကျွမ်းကျင်အောင် လေ့လာကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဘက်စုံထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်အောင် ပြုစု ပျိုးထောင်ရာတွင် အခြေခံပညာကျောင်းများသည် များစွာအရေးပါပါကြောင်း၊ နောင်တစ်ခေတ် တွင် နိုင်ငံတော်မှအားထားရသည့် သားကောင်းရတနာများဖြစ်ကြပါစေကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Read More...
05-Apr-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအနှံ့အပြားတွင် နွေရာသီကျောင်းပိတ်ရက်ကာလ သင်္ကြန်ပွဲတော်မတိုင်မီ ယဉ်ကျေးလိမ္မာသင်တန်းများအား ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ် သင်ကြားလျှက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် (၇၅၄၃)ဦး၊ ယခုနှစ်တွင် (၅၀၇၀)ဦး တက်ရောက်လျက် ရှိပါကြောင်း၊ လူမျိုးတစ်မျိုး၏ အဆင့်အတန်းမြင့်မား တိုးတက်မှုကို တွက်ဆရာတွင် ယဉ်ကျေးမှုသည် မှတ်ကျောက်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဗုဒ္ဓဘာယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်း၏ ရည်ရွယ်ချက်များနှင့်အညီ ပို့ချပေးသော သင်ခန်းစာများကို စိတ်ပါဝင်စားစွာ မှတ်သားလိုက်နာ ကျင့်သုံးကြရန် လိုအပ်ပါကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် သင်တန်း၏ရည်ရွယ်ချက်ကို အောင်မြင်စေရေးအတွက် သင်တန်းမှပို့ချမည့် သင်ခန်းစာများကို လေ့လာမှတ်သားပြီး မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက် ထိန်းသိမ်းပြီး ယဉ်ကျေးလိမ္မာ၍ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် နိုင်ငံသားကောင်းသမီးကောင်းများဖြစ်လာစေရန်အတွက် သင်ကြားပေးကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများပို့ချသော ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို စနစ်တကျလေ့လာသင်ယူပြီး နိုင်ငံနှင့်လူမျိုး အကျိုးကို သယ်ပိုးနိုင်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်အတွက် ရည်မှန်းပြီး ကြိုးစားသင်ယူ လေ့လာဆည်းပူးကြရန်တိုက်တွန်းလိုပါကြာင်း”အမှာစကား ပြောကြားသည်။
ဆက်လက်၍ ယဉ်ကျေးလိမ္မာသင်တန်း သင်ကြားရေးတာဝန်ခံက သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ယဉ်ကျေးလိမ္မာသင်တန်းအတွက် သင်ကြားရေးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များ၊ သင်တန်းသား၊ သင်တန်းသူများက ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Read More...
05-Apr-2024