သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ Association for Rengein Tanjo-ji International Cooperation (ARTIC) နှင့်တို့အကြား နားလည်မှု စာချွန်လွှာချုပ်ဆို
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍများတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာသော ကျောင်းနေမှုဘဝနှင့် အခြေခံပညာရေးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ၊ လူထုအတွင်း အသက်မွေးဝမ်းကျောင်း တိုးတက်ကောင်းမွန်စေရေး၊ ရေရှည်ထိရောက်သော ကျောင်းလုပ်ငန်းများ တိုးမြှင့်ပေးရေး၊ ဒေသခံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိရောက်သော ကျောင်းလုပ်ငန်းတိုးမြှင့်ပေးရေး၊ ဒေသခံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ/ဆရာမကောင်းများ ပြုစုပျိုးထောင်ပေးရေးလုပ်ငန်းများ


Read More...
10-Jul-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံဦးစီးမှူးများ၊ စိုက်ကွင်းတာဝန်ခံများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြား
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့နှင့်အတူ (၉.၇.၂၀၁၉)ရက်နေ့၊ ညနေ (၁၆၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစိုက်ပျိူးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံဦးစီးမှူးများ၊ စိုက်ကွင်းတာဝန်ခံများအား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
10-Jul-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ခဲ့
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၉.၇.၂၀၁၉)ရက်နေ့၊ နံနက် (၁၁၃၀)နာရီအချိန်တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အောင်ပွဲရ ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။


Read More...
09-Jul-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၈.၇.၂၀၁၉)ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင် (၅)ဦး၊ မျိုးစေ့ထုတ်တောင်သူ (၅၉)ဦး၊ မွေးမြူရေးလုပ်ငန်းရှင် (၈)ဦးတက်ရောက်ဆွေးနွေးကြပါသည်။


Read More...
09-Jul-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်အားပေး
မြို့နယ်အသီးသီးမှ လာရောက်ကြသည့် အသင်းများ အဆင့်မြင့်ကွင်းတွင် ကစားခွင့်ရရှိရေး၊ တိုးတက်ပြောင်းလဲနေသည့် တိုင်းဒေသကြီးမြို့တော်၏ အခြေအနေကို မြင်တွေ့စေလိုခြင်း၊ မြို့နယ်များရှိ ကစားသသမား လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းတွင် အရည်အသွေးရှိ လူငယ်များ ရွေးချယ်နိုင်မည့် အခွင့်လမ်းကောင်းများ ရရှိစေရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်၊ အသက် (၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊


Read More...
09-Jul-2019