သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ၊ Shwedon AYA စက်မှုဇုန်စီမံကိန်း လျာထားမြေနေရာ၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ၊ Shwedon AYA စက်မှုဇုန်စီမံကိန်း လျာထားမြေနေရာရှိ ရှင်းလင်းဆောင်၌ အောင်ရွှေသီးကုမ္ပဏီလီမိတက်မှ Shwedon AYA EPZ Industrial Park လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဆွေးနွေးခဲ့ပါသည်။


Read More...
03-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးနှင့် Town Plan ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးနှင့် Town Plan ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်သို့ အကူအညီပေးရေးအတွက် မြို့နယ်အလိုက် စုစုပေါင်းလှူဒါန်းငွေ (၆၄၀၈၈၆၅၀)ကျပ်အား လက်ခံခဲ့ပါသည်။


Read More...
03-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဗျင်းဘွဲကျေးရွာရှိ ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့နယ်၊ ဗျင်းဘွဲကျေးရွာအုပ်စု၊ ဗျင်းဘွဲကျေးရွာရှိ ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မအူပင်ခရိုင်အတွင်းရှိ ပြိုကျနေအိမ် (၉၈)လုံးအတွက် (၁)အိမ်လျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၉၄၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Read More...
03-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်စက်မှုဇုန်စီမံကိန်းရှင်းလင်းဆောင်၌ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား လိုအပ်သည်များ ဆွေးနွေးမှာကြား
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ မအူပင်စက်မှုဇုန်စီမံကိန်းရှင်းလင်းဆောင်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မအူပင်ဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီမှတာဝန်ရှိသူများ၊ မအူပင်စက်မှုဇုန်စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တာဝန်ရှိသူများမှ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။


Read More...
03-May-2018
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုးမြစ်ရေတိုက်စားမှုကြောင့် မအူပင်ကျွန်းမြောက်ပိုင်းတာ မိုင် ၁/၂-၂/၆ အတွင်း (တလုပ်လတ်အနောက်)မြစ်ကမ်းပြိုကျမှု အခြေအနေနှင့် တာတမံပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၈.၄.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လတ်အနောက်ကျေးရွာတွင် တိုးမြစ်ရေတိုက်စားမှုကြောင့် မအူပင်ကျွန်းမြောက်ပိုင်းတာ မိုင် ၁/၂-၂/၆ အတွင်း (တလုပ်လတ်အနောက်)မြစ်ကမ်းပြိုကျမှု အခြေအနေနှင့် တာတမံပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
03-May-2018