သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဝါးခယ်မတံတားနှင့် ရွှေလောင်းတံတားတို့အား တည်ဆောင်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှု့စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောလမ်းပန်းဆက်သွယ်ရေးကဏ္ဍအား အထူးအလေး ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၈ရက်နေ့ နံနက်(၁၀၃၀)နာရီအချိန် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်မြခရိုင်အတွင်းရှိ ဝါးခယ်မတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တံတားရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်နှင့်အတူ ပုသိမ်ကမ်းနားလမ်းတိုးချဲ့သည့်ဆိပ်ခံတံတား(Jetty)တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ်လ၈ရက် နံနက် (၀၈၀၀)နာရီအချိန်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၂)မှ တည်ဆောက်လျက်ရှိသော ပုသိမ်ကမ်းနားလမ်းတိုးချဲ့သည့်ဆိပ်ခံတံတား(Jetty)တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက်တည်ဆောက်ရေးလုပ်ငန်းခွင်တွင် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးတို့မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၈.၂၀၁၉)ရက်နေ့ ၊ နံနက် (၀၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့အတွင်းရေးမှူး ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့သည့် ဟင်္သာတမြို့ နယ်၊ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာနှင့် မြန်အောင်မြို့၊လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းပါးပြိုကျမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက် ကြည့်ရှု့စစ်ဆေးခြင်းနှင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးတာသည် (၄.၈.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ရေစိမ့်ပေါက်မှရေများပန်းထွက်ပြီး တာဟောင်းကျိုးပေါက်ခဲ့ကာ အနီးဝန်းကျင်ရှိ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာတို့မှ အိမ်ထောင်စု(၁၈၈)စုတို့အား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရာချထားခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်ခန့်တွင် အဆိုပါနေရာသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့်


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော မြန်အောင်တာမိုင် ၆/၃ တာခြေအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ကူညီဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြု‌ဆုငွေများချီးမြှင့်ခြင်းနှင့် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်မြင့်စားကျက်စိုက်ခင်းနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအားသွားရောက်ကြည့်ရှု့
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီကာလမတိုင်မီကပင် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူများအား ကြိုတင်အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းပါးများနှင့် ရေကာတာ/ ပန်းတာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးထိန်းချုပ်ကာကွယ်တားဆီးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်


Read More...
30-Nov--0001