သတင်းများ


ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၃၁)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးကွပ်ကဲမှုအောက် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ (၃.၅.၂၀၂၁)ရက်နေ့မှ(၃၀.၅.၂၀၂၁)ရက်နေ့ထိ “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန တိုင်းဦးစီးမှူးမှ ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းတင်ပြခဲ့ကာ ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကာယကံရှင်များထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
31-May-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ရေကြောင်းအဝင်လုံခြုံရေးအတွက် ငဝန်မြစ်အတွင်း လိုက်လံစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲမြင့်သည် ၂၀၂၁ခုနှစ်၊မေလ(၂၉) ရက်နေ့ နံနက်(၈)နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းအရာရှိချုပ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျှက် ပုသိမ်မြို့ရေကြောင်းအဝင်လုံခြုံရေးအတွက် ငဝန်မြစ်အတွင်း လိုက်လံစစ်ဆေး ခဲ့ပါတယ်။ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရေယာဉ်ဖြင့် ငဝန်မြစ်အတွက် လိုက်လံကြည့်ရှုစစ်ဆေးခြင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းအရာရှိချုပ် ဦးလတ်ထွန်းက ရေကြောင်းအဝင်လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးရဲမြင့်က လိုအပ်သည်များလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်မြို့အဝင်သတ်မှတ် ရေကြောင်းလမ်း အတိုင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါတယ်။


Read More...
29-May-2021
ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး (၄/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၄)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေ နှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး(၄/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးမြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ယခင်အစည်းအဝေး၌တင်ပြခဲ့သော အမှုတွဲ(၁၄)တွဲအားအတည်ပြု ဆုံးဖြတ်ပြီး ယခုအစည်းအဝေးတွင် အမှုတွဲ(၅)တွဲအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
28-May-2021
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂၀၂၁)အစည်းအဝေးသို့ Online Meeting ဖြင့် တက်ရောက်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၂၇)ရက်နေ့၊ (၁၄၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၁)အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)မှ Online Meeting ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ ရှင်းလင်းတင်ပြရာတွင် တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာပါက အရေးပေါ်တုံ့ပြန်နိုင်ရန်အတွက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိသဖြင့် အရေးကြီးတာတမံ (၈)ခုအား ကျိုးပေါက်ခြင်းမရှိစေရေး တာတမံထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးများဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးပစ္စည်းများအချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးအား တိုင်းဒေသကြီးအတွင်း စုစုပေါင်းအိမ်ထောင်စု(၇၈၀၀)စုစာအား စုပုံသိုလှောင်ထားရှိပြီး ဖြစ်ပါကြောင်း၊ သဘာဝဘေးမဖြစ်ပွားမီ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား သိရှိနိုင်ရန်အတွက် မြို့နယ်အလိုက် သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးလက်ကမ်း စာဆောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာများစိုက်ထူခြင်းများ ဆောင်ရွက်ထားရှိပါကြောင်း၊ ဒေးဒရဲမြို့နယ်အတွင်းရှိ တင်ဒါအောင်ကုမ္ပဏီများမှ ပြန်လည်အပ်နှံသည့် ဥတိုကျေးရွာ Shelter ၊ တံတားချောင်းကျေးရွာ Shelter နှင့် သံဒိတ်ကျေးရွာ Shelter များအား ဆက်လက်တည်ဆောက်နိုင်ရန်နှင့် လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ပြီးဖြစ်သည့် Shelter များအနက်မှ School Cum Shelter အလုံး(၂၀)အား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်၍ စာသင်ကျောင်းအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသော Shelter များအား ကျေးရွာကော်မတီများမှ ထိန်းသိမ်းစောင့်ရှောက် ထားရှိပါကြောင်းနှင့် ဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရေး အသိပေးဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် Shelter (၁၆)လုံးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် (၃)လုံးသာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်(၁၃)လုံးမှာလုပ်ငန်းလည်ပတ်မှုမရှိကြောင်း၊ အဆိုပါ Shelter များအား ကုမ္ပဏီများ၏ တင်ပြချက်များအရ လုပ်ငန်းဆောင်ရွက်ပြီးစီးမည့်ရက်များအား သတ်မှတ်ပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့တို့မှ ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ World Bank ၏IRM အစီအစဉ်ဖြင့် သဘာဝဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ Life Jacket (၂၀၀၀)ထည်၊ Fiber Boat (၂၀)စီး၊ Speed Boat (၁)စီး၊ မော်တော်ဆိုင်ကယ်(၁၅)စီး၊ မော်တော်ယာဉ် (၂)စီးနှင့် ဆိပ်ခံဘောတံတား(၂)ခုတို့၏ ဖြန့်ခွဲထားရှိမှုစာရင်းအားလည်း လစဉ်ပေးပို့သွားမည် ဖြစ်ပါကြောင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုတို့ဖြင့် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
27-May-2021
ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်၏ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား ကျင်းပခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၂၆)ရက်နေ့၊ (၁၃၀၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်၏ တာဝန်နှင့် ဝတ္တရားများ လွှဲပြောင်းစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီဥက္ကဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိုင်ငံပိုင်ရုပ်ရှင်ရုံလွှဲပြောင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံ ရွှေပြည်တော်နှင့်ပတ်သက်၍ သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်ရေးထိုးပြီးသော နိုင်ငံပိုင်ရုပ်ရှင်ရုံလွှဲပြောင်းစာချုပ်များကို ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)နှင့် ရုပ်ရှင်ရုံနှစ်ရှည် ငှားရမ်းသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
26-May-2021