သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့တွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


Read More...
02-Jan-2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်နှင့် ကလေးများရဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ်များကို စာပေရဲ့အရေးပါပုံကို မြင်စေချင်/သိစေချင်တဲ့အတွက် ငယ်ရွယ်သောကလေးသူငယ်များ အသိပညာ၊ ဗဟုသုတတိုးပွှားလာစေရန် ရည်ရွယ်၍ ဘက်စုံ/ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၂၇) ရက်နေ့၊ (၀၉၀၀)အချိန်တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အိမ်မဲမြို့နယ်၊ ပဒက်ကျေးရွာအုပ်စု၊ ပဒက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၂၇၅၉)နှစ်မြောက် ကရင်ရိုးရာကောက်သစ်စားပွဲ အခမ်းအနား တက်ရောက်
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ တိုင်းဒေသကြီးအတွင်းတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်မှုခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး (၂၆.၁၂.၂၀၁၉) ရက်နေ့၊ နံနက်(၁၀၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပဒက်ကျေးရွာအုပ်စု၊ ပဒက်ကျေးရွာတွင် (၂၇၅၉)နှစ်မြောက် ကရင်ရိုးရာကောက်သစ်စားပွဲအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ပူးပေါင်းကျင်းပပြုလုပ်သော (၂၇၅၉) နှစ်မြောက်အား ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ ၊ နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊တိုင်းဒေသကြီးတရားသူကြီးချုပ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ကရင်အမျိုးသားပွဲတော် သဘာပတိအဖွဲ့ဝင်များ၊ လွှတ်တော်အရပ်ရပ်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီများမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဒေသခံကရင်တိုင်းရင်းသားများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ကြပါသည်။


Read More...
30-Dec-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအဖွဲ့နှင့်အတူ လပွတ္တာမြို့၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ လပွတ္တာမြို့၌ ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


Read More...
30-Dec-2019