သတင်းများ


တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ (၂)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
02-Aug-2021
ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၃၁)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်း များနှင့် ဘဏ်ဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် (၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌနှင့်တိုင်းမှူးတို့မှ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
31-Jul-2021
Oxygen Concentrator 10 L (၅၀)လုံးအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးရေးနှင့်ကုသရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၉)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ ငွေကျပ် (၈၉၂၅၀၀၀ဝိ/-)တန်ဖိုးရှိ Oxygen Concentrator 10 L (၅၀)လုံးအား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးရေးနှင့်ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ ကျေးဇူးတင်စကားနှင့် ဖြန့်ခွဲဆောင်ရွက်ထားရှိမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ကော်မတီဝင်များမှ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ကောင်စီဥက္ကနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
29-Jul-2021
ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၉)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ​ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီးတင်ဇော်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူ ဒေါက်တာဇော်မင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင်ခန်းမနှင့် မြို့တော် ခန်းမတွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။ ပုသိမ်မြို့၊ အထက(၁)၊ အထက(၄)နှင့် မြို့တော်ခန်းမတို့တွင် ပုသိမ်မြို့ပေါ်ရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


Read More...
29-Jul-2021
ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂၈)ရက်နေ့ ၊ နံနက် (၁၁၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးသဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များတက်​ရောက်ခဲ့ကြပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအုန်းမြင့်က သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးဆိုင်ရာ ကိစ္စများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်နှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌများက Video Conferencing ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်​ဆောင်ရွက်ထားရှိများကို ရှင်းလင်းတင်ပြခဲ့ကြပြီးတက်ရောက်လာသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ ကောင်စီဥက္ကဌက လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့​ကြောင်းသတင်းရရှိပါသည်။


Read More...
28-Jul-2021