သတင်းများ


ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များ တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းတွင် COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက် စစ်ဆေးကြည့်ရှုခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ COVID-19 ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများ အတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်းကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ မျိုးစေ့သန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက်စစ်ဆေးခြင်းများအား လက်တွေ့ သရုပ်ပြရှင်းလင်းခြင်း၊ မြေဓာတ်ခွဲဌာန လက်ထောက်ဦးစီးမှူး နန့်အိသဉ္ဇာမှ မြေချဉ်ငံဓာတ်တိုင်းတာခြင်း၊ ရေအငံဓာတ်တိုင်းတာခြင်း၊ ဓာတ်မြေသြဇာအရည်အသွေး စစ်ဆေးခြင်းများအား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်မှ စပါးသီးနှံပင်များပေါ်တွင် ကျရောက်တက်သော ပိုးမွှားအမျိုးအစားများ၊ အပင်များတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အကျိုးပြု ပိုးမွှားများမွေးမြူမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ ခရိုင်/မြို့နယ်များမှတစ်ဆင့် တောင်သူ လယ်မားများထံသို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပညာပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
18-Jun-2021
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့ ၊ (၁၅၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီတာဝန်ယူသည့်ကာလအတွင်း ဘာသာ​ရေး​ခေါင်း​ဆောင်များနှင့် ​တွေ့ဆုံခြင်းမှာဒုတိယအကြိမ်ရှိပြီဖြစ်​ကြောင်း၊ ဘာသာ​ရေး​ခေါင်း​ဆောင်များမှ မိမိတို့ဘာသာအလိုက် အခမ်းအနားများပြုလုပ်ကြရာတွင် ထုတ်ပြန်ထားရှိသည့် COVID-19 ​ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်​ရေးညွှန်ကြားချက်များနှင့်အညီ ​ဆောင်ရွက်ကြရန်နှင့် ဘာသာဝင်များကိုလည်း ဘာသာ​ရေးကိုအသုံးချ၍ ​သွေးခွဲလှုံ့​ဆော်မှုများအ​ပေါ်လိုက်ပါမှုမရှိ​စေ​ရေး မှာကြား​စေလို​​ကြောင်း ​ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ ဆွေးနွေးပြောကြားရာတွင် ​ဒေသတစ်ခုတည်ငြိမ်​အေးချမ်း​အောင်​ဆောင်ရွက်ရာတွင် ၎င်း​ဒေသတည်ငြိမ်​အေးချမ်းရန်လိုအပ်​ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာအလိုက်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါ​ကြောင်း၊ ဘာသာတိုင်းသည် ​မေတ္တာတရားကိုအ​ခြေခံ၍ ကိုးကွယ်​လျက်ရှိ​ကြောင်း၊ ယခုနိုင်ငံတစ်ဝှမ်းတွင် အဖျက်အ​မှောင့်လုပ်​ဆောင်သူများက လူမျိုး​ရေး၊ ဘာသာ​ရေးကိုအသုံးချ၍ လူငယ်လူရွယ်များကို ​သွေးထိုးလှုံ့​ဆော်မှုများ ပြုလုပ်​နေသည့်အတွက် တက်​ရောက်လာသည့်ဘာသာ​ရေး​ခေါင်း​ဆောင်များက မိမိတို့ဘာသာအလိုက်​ ဆွေး​နွေး​ပြောကြားကြ​စေလို​ကြောင်း၊ နိုင်ငံသားတိုင်းတည်ဆဲဥပ​ဒေများကိုလိုက်နာကြရမည်ဖြစ်​ကြောင်း၊ ဘာသာကြီး(၄)မျိုးကိုအသုံးချ၍ ​သွေးခွဲမှုများ​ပေါ်​ပေါက်လာပါက ပွင့်ပွင့်လင်းလင်း​ဆွေး​နွေးတိုင်ပင်​ဆောင်ရွက်ကြရန်လိုအပ်ပါ​ကြောင်း၊ ဘာသာ​ရေးအ​ဆောက်အဦများတွင် လုံခြုံ​ရေးအရ CCTV များတပ်ဆင်ခြင်း၊ လုံခြုံ​ရေးအ​စောင့်များထားရှိခြင်းတို့​ဆောင်ရွက်ကြရန်လိုအပ်ပါ​ကြောင်း ​ပြောကြားခဲ့ပါသည်။ ထို့​နောက် ဘာသာအလိုက် တက်​ရောက်လာသူများမှ ​ဆွေး​နွေးတင်ပြကြရာ တိုင်း​ဒေသကြီး​စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
17-Jun-2021
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၁) ကျင်းပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၅)ရက်နေ့ ၊ (၁၅၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး(၂/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


Read More...
15-Jun-2021
Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၁) ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၅)ရက်နေ့ ၊ (၁၄၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၄/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ကျန်းမာရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
15-Jun-2021
ငရုတ်ကောင်း-ဆင်မ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း(ကမ်းခြေပတ်လမ်း)နှင့် ချောင်းသာမြို့တွင် Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၅)ရက်နေ့ ၊ (၀၈၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ငရုတ်ကောင်း-ဆင်မ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း(ကမ်းခြေပတ်လမ်း)ရှိ ၅၁/၁-၅၁/၇ မိုင်အတွင်း ခွင့်ပြုငွေကျပ် (၄၂၉.၀၅)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်မှ ကမ်းခြေပတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၁၃၀)အချိန်တွင် ချောင်းသာမြို့၊ တိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရွာမ(အခမဲ့)ပညာဒါနကျောင်း၊ ဘုတ်ဆုံပညာဒါန ကျောင်းဆောင်ရှိ Covid -19 Quarantine Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၀၅)အချိန်တွင် ချောင်းသာမြို့၊ Belle Resort ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး ဟိုတယ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦးမှ တင်ပြမှုများအပေါ် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
15-Jun-2021