သတင်းများ


(၇၅)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် တပ်မတော်ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ အရှင်ပညာဝံသအား ပုနောပသမ္ဗဒ သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွှေ‌လှေကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်သို့သွားရောက်၍ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် တပ်မတော်ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ အရှင်ပညာဝံသအား  ပုနောပသမ္ဗဒ သိက္ခာတော်ထပ်အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ သိမ်ဆင်းလောင်းလှူပူဇော်ခြင်း၊  ငါးဘတ်အိုင်ဆရာတော် အရှင်ပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ငါးဘတ်အိုင်ဆရာတော်နှင့် တပ်မတော်ကျောင်းတိုက်ဆရာတော်တို့အား လှူဖွယ်ခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ လှူဖွယ်ခြင်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ ပင့်ဖိတ်ထားသည့် သံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ခရိုင်/မြို့နယ်/​ကျေးရွာအုပ်ချုပ်​ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး​ရေးတင်ပြချက်များအ​ပေါ် လိုအပ်သည်များကိုဌာနဆိုင်ရာများနှင့်​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက် ပေးခဲ့​ပါသည်။


Read More...
28-Apr-2022
မအူပင်မြို့နှင့် ပုသိမ်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲနှင့် ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်း (၄/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားများသို့‌တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် သင်တန်းတွင်သင်ကြားခဲ့သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးပြုရန်လိုကြောင်း၊ ပြည်သူလူထုများကိုလည်း ပဏာမကျန်းမာရေးကာကွယ်မှုများကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာမှသာလျှင် ကျန်သည့်အရေးကိစ္စများအား ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဆရာဆရာမများအား များစွာအားထားကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင် ဆုရရှိခဲ့သည့်သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။ မအူပင်မြို့၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်းတွင် သင်တန်းဆင်း ဦးရေ(၅၀)ဦးနှင့် ပုသိမ်မြို့တွင် သင်တန်းဆင်းဦးရေ (၅၉)ဦး ရှိကြောင်းသတင်းရရှိပါတယ်။


Read More...
27-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် တို့ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ‌ဆရာဆရာမများနှင့်သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မေလတွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စေရန်အတွက် ကျောင်းအဝင်လမ်းများနှင့်ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းရေး၊ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊  ကျောင်းသားကျောင်းသူအိပ်ဆောင်များ၊ ကျောင်းစာကြည့်တိုက်၊ အနုပညာခန်းမ၊ အားကစားခန်းမ၊ အားကစားကွင်းများအပါအဝင် ပြင်ဆင်ထားရန်လိုကြောင်း၊ တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများနှင့် ကျောင်းလုံခြုံရေးကိုလည်း အထူးဂရုပြု၍ ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ယူလေ့လာ ဆည်းပူးကြစေခြင်းဖြင့် ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် များစွာအထောက်အကူရရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး မအူပင်တတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်တို့မှ ကျောင်းဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများ၊ သင်ကြားမှုသင်ယူမှုအခြေအနေများ၊ ကျောင်းဝင်ခွင့်ရရှိမှုအခြေအနေများ၊  ကျောင်းစာသင်ဆောင်နှင့်လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုနှင့် နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။


Read More...
27-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဟင်္သာတတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ‌ဆရာဆရာမများနှင့်သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မေလတွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စေရန်အတွက် ကျောင်းအဝင်လမ်းများနှင့်ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းရေး၊ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊  ကျောင်းသားကျောင်းသူအိပ်ဆောင်များ၊ ကျောင်းစာကြည့်တိုက်၊ အနုပညာခန်းမ၊ အားကစားခန်းမ၊ အားကစားကွင်းများအပါအဝင် ပြင်ဆင်ထားရန်လိုကြောင်း၊ တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများနှင့် ကျောင်းလုံခြုံရေးကိုလည်း အထူးဂရုပြု၍ ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပညာသင်ယူ လေ့လာဆည်းပူးကြစေခြင်းဖြင့် ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် များစွာအထောက်အကူရရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့မှ ကျောင်းဖွင့်လှစ်နိုင်ရေးစီစဉ်ထားရှိမှုအခြေအနေများ၊ သင်ကြားမှုသင်ယူမှုအခြေအနေများ၊ ကျောင်းဝင်ခွင့် ရရှိမှုအခြေအနေများ၊  ကျောင်းစာသင်ဆောင်နှင့်လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုနှင့် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
26-Apr-2022
ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားသို့‌တက်ရောက်ခြင်း၊ သူနာပြုဒီပလိုမာ(၃)နှစ်သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသားများနှင့် တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် သင်တန်းဆင်းဆရာဆရာမများအ‌နေဖြင့် ကျန်းမာရေးကဏ္ဍအတွက်များစွာအထောက်အကူပြုပါကြောင်း၊ သင်တန်းတွင်သင်ကြားခဲ့သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးပြုရန်လိုကြောင်း၊ ပြည်သူလူထုများကိုလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် ပဏာမကျန်းမာရေးကာကွယ်မှုများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ (၄၂)ဦးအတွက် သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင်ဆုရရှိခဲ့သည့်သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သူနာပြုဒီပလိုမာသင်တန်းတက်ရောက်နေသည့် သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ သင်တန်းသားများ၏ နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ထားမှုများအား စစ်ဆေးကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
26-Apr-2022