သတင်းများ


ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်မြို့၊ချောင်းသာမြို့၊ ရွှေသောင်ယံမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Planning) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည့်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၂)ရက်နေ့ ၊ (၁၄၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်မြို့၊ ချောင်းသာမြို့၊ ရွှေသောင်ယံမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Planning) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည့်အစည်းအဝေးသို့ ဧရာဝတီတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီးအတွင်းတည်ရှိနေသော အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများအား အခြေခံ၍ အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရေး၊ အခြေခံအဆောက်အဦများ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ သယ်ယူပို့ဆောင်ရေး ပြဿနာများ ဖြေရှင်းပေးနိုင်ရေး၊ မြို့နေပြည်သူများအတွက် နေချင်စဖွယ်ဖြစ်သော ပတ်ဝန်း ကျင်တစ်ခုဖြစ်ပေါ်လာစေရေး၊ အနာဂတ်မြေအသုံးပြုမှုများကြိုတင်လျာထားနိုင်ရေးအတွက် ရည်ရွယ်၍ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအားရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ မြို့ပြစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်းကြောင့် အကျိုးကျေးဇူးများများစွာ ရရှိလာမည်ဖြစ်ပါကြောင်း၊စီမံကိန်းများ ကြိုတင်ရေးဆွဲထားခြင်းမရှိလျှင် ဆိုးကျိုးများသာရရှိလာမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်းများအား နှစ်တိုနှစ်ရှည်အစီအမံများရေးဆွဲ၍ အချိန်ကာလအလိုက် ဦးစားပေးအစီအစဉ်များ ချထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးမှ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံမြို့များ၏မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ရေးဆွဲထားသော (Town Plan) အသက်ဝင်စေပြီး စီမံကိန်းများအတိုင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ ဆောင်ရွက်ပေးသင့်သည့်အချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
12-May-2021
ပုသိမ်မြို့၊ အောင်သပြေဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲနှင့် မရမ်းချိုကျောင်းတိုက်တွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ ၊ (၁၃၁၅)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့၊ အောင်သပြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူဦးရေ(၅၀)ဦးအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ Mask နှင့် Hand Gel များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၆၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်လျက်ရှိသော ဝန်ထမ်း(၅၀)ဦးအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
10-May-2021
ပြည်တွင်းဓာတ်ငွေ့မှလျှပ်စစ်စွမ်းအားစီမံကိန်း (Domestic Gas to Power Project) အား ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီသို့ ရှင်းလင်းတင်ပြခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၁၀)ရက်နေ့ ၊ (၁၀၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် မြို့နယ်များတွင်ဆောင်ရွက်မည့် ပြည်တွင်းဓာတ်ငွေ့မှ လျှပ်စစ်စွမ်းအားစီမံကိန်း (Domestic Gas to Power Project) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစည်းအဝေးသို့ ဧရာဝတီ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကောင်စီ အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်မည့်လုပ်ငန်း အသေးစိတ်အား ရှင်းလင်းတင်ပြရာ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် ကောင်စီအတွင်းရေးမှူး တို့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
10-May-2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၇)ရက်နေ့ ၊ (၁၅၃၀)အချိန်တွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစား ကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနတိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပုသိမ်ခရိုင်အသင်းမှ (၁-၀) ဖြင့်အနိုင်ရခဲ့ပြီး ပထမဆုရရှိသော ပုသိမ်ခရိုင်အသင်းအား ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်စား ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ တံခွန်စိုက်ဆုဖလားချီးမြှင့်ခဲ့ပြီး နေရာအလိုက်အကောင်းဆုံး အားကစားသမားများအား တစ်ဉီးချင်းဆုနှင့်ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၂) ဉီးတင်အေးမှလည်းကောင်း၊ ပထမဆုရရှိသော ပုသိမ်ခရိုင်မှ အားကစား သမားများအား တစ်ဉီးချင်းဆုနှင့်ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၃) ဉီးအုန်းမြင့်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်မှအားကစားသမားများအား တစ်ဉီးချင်းဆုနှင့် ငွေသားဆုများကို ကောင်စီအဖွဲ့ဝင်(၅)တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းမှ လည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
07-May-2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် လေဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း
၂၀၂၁ ခုနှစ်၊ မေလ၊ (၇)ရက်နေ့ ၊ (၀၉၃၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်၊ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာ၊ သမိုင်းဝင်ထူပါရုံစေတီတော်မြတ်ကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်သည့်နေရာသို့ ရောက်ရှိ၍ ထူပါရုံဘုရားကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိသည့်အခြေအနေများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်လွင်မှ ရှင်းလင်းတင်ပြရာတွင် ထူပါရုံဘုရားကမ်းပါမှာ (၂၂.၈.၂၀၁၉)ရက်နေ့တွင် ရုတ်တရက် သည်းထန်စွာရွာသွန်းခဲ့သောမိုးရေများသည် ဘုရားရင်ပြင်တော်ပေါ်တွင် ဖြတ်သန်းစီးဆင်းပြီး ကျောက်စီတမံအပေါ်ပိုင်း အနောက်ဘက်ရှိ အဆောက်အဦဟောင်း အခြေမြေသားတွင်းပေါက် များမှတစ်ဆင့် တမံအောက်ပိုင်းအတွင်းသို့ စီးဝင်စီးထွက်၍ ကမ်းပါကျွံကျပြိုကျခြင်း၊ ထူပါရုံ ဘုရားသည် မြို့ကိုကာရံထားသော တာတမံနှင့်မြစ်ကမ်းအကြား အနိမ့်ပိုင်းတွင်တည်ရှိခြင်း၊ ရေဝပ်အိုင်များရှိ၍ မြစ်ရေများချိန်နှင့် မိုးရွာသွန်းချိန်များတွင်ရင်ပြင်တော်အားဖြတ်ကျော် စီးဆင်းခြင်း၊ အောက်ဘက်စိမ့်ထွက်ရေများရှိနေခြင်းတို့ကြောင့် မြေသားအားနည်းသည့် နေရာများမှ ကမ်းပါအိကျ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ကမ်းပြိုမှုကာကွယ်ရန်အတွက် ထူပါရုံဘုရား ကမ်းထိန်းလုပ်ငန်း၊ ရင်ပြင်တော်ပတ်ပတ်လည်ရေမြောင်းပြုလုပ်ခြင်းများ အတွက် တင်ဒါအောင်ကုန်ကျစရိတ် ကျပ်(၃၁၅)သန်းနှင့်သောင်တူးဖော်ခြင်းလုပ်ငန်းများ အတွက် ကုန်ကျစရိတ် ကျပ်(၂၃.၆၁၃၆)သန်း စုစုပေါင်းကုန်ကျစရိတ် ကျပ်(၃၃၈.၆၁၃၆)သန်း ဖြစ်ပါကြောင်းရှင်းလင်းတင်ပြခဲ့ရာ ကောင်စီအဖွဲ့ဝင်(၁)မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီး မြစ်ကမ်းထိန်းလုပ်ငန်းများအား လှည့်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် ထူပါရုံစေတီတော်၊ ဦးဘစိုးဓမ္မာရုံတွင် ဆရာတော် ဦးဝိသုတအား ဖူးမျှော်ကြည်ညိုပြီး ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများကိုဆပ်ကပ်လှူဒါန်း၍ ဆုံးမသြဝါဒခံယူ ခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုနှင့် ကြိုးကြာကွင်းကျေးရွာ အုပ်စုအတွင်း (၆.၅.၂၀၂၁)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဝါးအိမ်(၁၈)လုံးနှင့် သစ်သားအိမ်(၁)လုံးပြိုလဲခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု (၁၈)စုအား လူနေအိမ် ဝါးအိမ်(၁)လုံးလျှင် (၁)သိန်းကျပ်နှင့် သစ်သားအိမ်(၁)လုံးလျှင် (၂)သိန်းကျပ် စုစုပေါင်း ကျပ်(၁၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်းများအား လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
07-May-2021