သတင်းများ


ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဘေးရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံအားပေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပစ္စည်းများစုဆောင်းထားရှိမှု၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်၊ ကယ်ဆယ်ရေးလှေများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ကမ်းခြေဒေသများသာမက ကုန်းတွင်းဒေသ များအတွက်ပါ အသင့်ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ အရန်ဆက်သွယ်ရေးစနစ်များအား အနီးဆုံးဖြန့်ကျက်ထားရန်လည်းလိုပါကြောင်း၊မုန်တိုင်းသတိပေးချက်အား အနီရောင်အဆင့် သတ်မှတ်ထားပြီးဖြစ်၍ ပေါ့ဆ၍မရပါကြောင်း၊ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ကွပ်ကဲမှုရုံးများ အနေဖြင့် မုန်တိုင်းအန္တရာယ်မကျရောက်နိုင်မည့်နေရာဖြစ်စေရန်နှင့်စားရေရိက္ခာများ အမိုးအကာများအောက် စနစ်တကျထားရှိရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၊ ဘေးလွတ်ရာနေရာများသို့ ပြည်သူများကြိုတင်ရွှေ့ပြောင်းနေမှုအား စနစ်တကျမှတ်တမ်းများ ကောက်ယူထားရှိရန်လိုပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ဘောမိကျေးရွာရှိဆိုင်ကလုန်းရှယ်တာရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ ဂျိုင်လယ်ကျေးရွာ၊ဘုရားတောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဘဝတစ်ခုဘောဇနသုခဝိဟာရကျောင်းဆောင်နှင့် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံတို့၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်းဆောင်ရွက်ပေးထားပါကြောင်းနှင့် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားထားကြောင်း အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။


Read More...
13-May-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံးများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသည့် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးသို့ သွားရောက်ခဲ့ပြီး မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေဆုံခဲ့ကာ မုန်တိုင်းဦးတည်ရာလမ်းကြောင်းနှင့်အန္တရာယ်ကျရောက်နိုင်မှုအခြေအနေများနှင့် ထိခိုက်ပျက်စီးမှု မရှိစေရေး ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များအား ရပ်ကျေးအဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး မြေပြင်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊ အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့သည် ထို့နောက် မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မှ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ရန်၊ ဆက်သွယ်ရေးစနစ်များပြက်တောက်မှုမရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး အနေကဇာဆောင်တွင် မုန်တိုင်းရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံ၍ ဒေသခံပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်၊ လိုအပ်သည်များအား ရေတပ်စခန်းဌါနချုပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ကူညီဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့ပြီး ရင်ပြင်တော်အတက်လှေကားဆောက်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကာ မိုးမကျမီပြီးစေရေး၊ ဆောက်လုပ်ရေသုံးပစ္စည်းများ အမိုးအကာများအောင်တွင်လုံခြုံစွာထားရှိစေရေးမှာကြားခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများအားတွေ့ဆုံအားပေးခဲ့ကာ စားသောက်ဖွယ်ရာများထောက်ပံ့ပေးခဲ့ပြီး မုန်တိုင်းရှောင်ပြည်သူများအား စားသောက်နေထိုင်ရေးကိစ္စများ အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
12-May-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်၌ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းသတိပေးချက်များအား အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ကမ်းခြေဒေသ၌ နေထိုင်သည့်ပြည်သူများအနေဖြင့် မုန်တိုင်းသတိပေးချက်များအား အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါကြောင်း၊ တစ်ပါးကျောင်းသီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးများ၊သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာစုရပ်များသို့ကြိုတင်ရွှေ့ပြောင်းရမှာဖြစ်ကြောင်း၊အစစအရာရာပေါ့ဆမနေဘဲ သတိဝိရိယဖြင့် နေထိုင်ကြရမှာဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး ကွပ်ကဲရေးရုံးဖွင့်လှစ်ထားရှိမှုနှင့်  မုန်တိုင်းဘေးမှလာရောက်ခိုလှုံသည့် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးရွာရှိ ဓမ္မသုခကာရီကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊ ဒေါနတောင်ကျောင်းတိုက်သို့ သွားရောက်၍ မုန်တိုင်းဘေးကြောင့် ခိုလှုံသည့် ပြည်သူများအား တွေ့ဆုံအားပေးခဲ့ပြီး ဒေါနတောင်ကျောင်းတိုက်ဆရာတော်အားဖူးမြှော်၍  မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ကာ မုန်တိုင်းရှောင် ပြည်သူများအတွက် ဆေးဝါး၊စား၊ရေ၊ ရိက္ခာများအား တာဝန်ခံများထံပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ချောင်းသာမြို့၊အမှတ်(၃)ရပ်ကွက်ရှိ ဆိုဂ်ကလုန်းရှယ်တာသို့သွားရောက်၍ မုန်တိုင်းရှောင်ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရေးပြင်ဆင်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကလုန်းရှယ်တာနှင့်ဘုန်း​တော်ကြီး​ကျောင်းများတွင်မုန်တိုင်း​ရှောင်​ရောက်ရှိလာကြသူများအတွက်စား​သောက်မှုအဆင်​ပြေစေရေးဆောင်ရွက်​ပေးရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
11-May-2023
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံံ့ဆောင်ရွက်ပေးနိုင်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊  ခရိုင်အလိုက်ကြိုတင်ပြောင်းရွှေ့ရန်လိုအပ်သည့်နေရာဒေသများသို့ ရှေ့ပြေးအဖွဲ့များ စေလွှတ်ထားရှိပြီးဖြစ်ရာ သက်ဆိုင်ရာနေရာများသို့ ရောက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ စဉ်ဆက်မပြက်တင်ပြပေးရန်လိုပါကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့် ဦးတည်ရာလမ်းကြောင်းတစ်လျှောက်ရှိ နေရာဒေသများရှိ ပြည်သူများကြိုတင်ပြောင်းရွှေ့ပေးထားကြရမှာဖြစ်ပြီး တစ်ပါးထိုင်ဘုန်းတော်ကြီးကျောင်းများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များဦးစားပေးပြောင်းရွှေ့ထားရန်လိုပါကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်နှင့် မုန်တိုင်းနှင််ပတ်သက်သည့် ထိခိုက်ပျက်စီးမှုများအားမှတ်တမ်းထားရှိဆောင်ရွက်ရန်”ပြောကြားခဲ့သည်။


Read More...
11-May-2023
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) ကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃)အား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကော်မတီအဖွဲ့များအနေဖြင့် မှတ်တမ်းမှတ်ရာများပြုစုခြင်း၊ လူအင်အားစုဖွဲ့ခြင်းများကို နေ့စဉ်တင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီတင်ပြဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီးအတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၌ သောက်သုံးရေများလုံလောက်စွာ ပြင်ဆင်ထားရန်လိုပါကြောင်းနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေသန့်ဆေးပြားလည်း အချိန်မီရောက်ရှိရန်လိုပါကြောင်း၊တိုင်းဒေသကြီးမှအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ကော်မတီများကလည်း သဘာဝဘေးကြောင့်ပျက်စီးမှုများရှိလာပါက ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျတင်ပြ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ပစ္စည်းများစနစ်တကျ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများစုဆောင်း ထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် ကြိုတင်ပြင်ဆင်မှုကောင်းမှသာ ပြီးပြည့်စုံမှာဖြစ်ပါကြောင်း၊သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ရေလှောင်ကန်များကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန်နှင့် စားနပ်ရိက္ခာလုံလောက်စွာသိုလှောင်ထားရှိရေး၊ချက်ပြုတ်စားသောက်နိုင်ရေးအတွက်လည်း ထင်း၊မီးသွေးများကိုလည်း ကြိုတင်စုဆောင်းထားရှိရန်လိုပါကြောင်း၊ကော်မတီများအနေဖြင့် အမျိုးသားသဘာဝဘေးကော်မတီက တောင်းခံသည့်အချက်အလက်များအား အချိန်တစ်ပြေးညီ ပေးပို့နိုင်ရေးဆောင်ရွက်သွားကြရန်နှင့် ဆက်သွယ်ရေးပစ္စည်းများအား စနစ်တကျအသုံးပြုနိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ကော်မတီများအားလုံးကလည်း မိမိတို့၏ကော်မတီများ၏ လုပ်ငန်းများအပြင် အခြားသောကေယ်မတီများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သဘာဝဘေးကျရောက်ပါက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊မိုးလေဝသနှင့်ဇလဗေဒ ခန့်မှန်းချက်များကို မိုးလေဝသနှင့်ဇလဗေဒလက်ထောက်ညွှန်ကြားရေးမှုးက ယနေ့ညနေ(၄)နာအချိန်ထုတ်ပြန်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက်  အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
09-May-2023