နောက်ဆုံးရသတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင်အတူ ပုသိမ်မြို့၊ မဉ္ဇူလမ်းရှိ မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ကျောက်ကပ်စင်တာသို့ သွားရောက်၍ လူနာများ ကျောက်ကပ်သွေးသန့်စင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျောက်ကပ်စင်တာအတွက် အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
29-Oct-2026

ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ရှင်များအသင်း၏ ယာယီ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ (REC) ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်ဟိုတယ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။


Read More...
29-Oct-2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်တွင်ပြေးဆွဲနေသော မီနီအိုးဝေများနှင်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


Read More...
27-Oct-2026