ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အားကသားသမားများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဧရာရွှေဝါခန်းမ၌ပြုလုပ်သည့် ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို  တက်ရောက်ခဲ့ရာ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများမှ အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး တိုင်းဒေသကြီးကိုယ်စားပြု အသင်းများကိုယ်စား တိုက်ကွမ်ဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  “  မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအားလုံးကို ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်၊ ခရိုင် အလိုက် ပြိုင်ပွဲများကျင်းပ၍ တိုင်းဒေသကြီးအဆင့်လက်ရွေးစင်အားကစားသမားများရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ တစ်ဦးချင်းအားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိကြရန်၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာကစားကြရန်နှင့် လေ့ကျင့်မှု၊ နည်းစနစ်ကောင်းမွန်မှု၊ ကြံ့ခိုင်မှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ပြီးဆုတံဆိပ်များရရှိအောင်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲများသို့ ဝင်ရာက်ယှဉ်ပြိုင်မည့်အားကစားနည်းများသည် ယခင်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ပြိုင်ပွဲတွင် မိမိတို့တိုင်းဒေသကြီးမှ နိုင်ငံကိုယ်စားပြု အုပ်ချုပ်၊နည်းပြ၊ အားကစားသမား (၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၄ခု၊ ငွေတံဆိပ်  ၃ခု၊ ကြေးတံဆိပ်၂၃ခု ရယူပေးနိုင်ခဲ့တာကို အတုယူကြိုးစားကြရမှာဖြစ်ပါကြောင်း၊  ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား မောင်/မယ်များ၊အသင်းအုပ်ချုပ်သူများ အနေဖြင့် မိမိတို့အသင်း အောင်မြင်မှုပိုမိုရရှိအောင် ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း ၊ အသင်းများအား စီမံအုပ်ချုပ်ကြသော အုပ်ချုပ် ၊ နည်းပြများအနေဖြင့် အားကစားသမားများ၏ ကျန်းမာရေးအား အထူးဂရုစိုက်၍ စောင့်ရှောက်ပေးစေလိုကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၏ ဆုဖလားများအား ရရှိအောင် စွမ်းဆောင် နိုင်ပါစေကြောင်း”တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒို ၊ ဘော်လီဘောအသင်းများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရပါသည်။

07-Jun-2022