၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး၊ တိုက်ကွမ်ဒိုနှင့်ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ကြည့်ရှုအားပေး

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများ၏ သရုပ်ပြပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး ၊ တိုက်ကွမ်ဒိုနှင့် ဘောလီဘောအသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့ရိုးရာခြင်းလုံးခတ် အမျိုးသား ၊ အမျိုးသမီးအသင်းက သရုပ်ပြဝိုင်းဖွဲ့ခတ်ကစားခြင်း ၊ တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား ၊ အမျိုးသမီး အတွဲလိုက်ပြိုင်ပွဲဝင်ပုံစံကကွက် ပြသခြင်း၊ အမျိုးသား အတိုက်စွမ်းရည် ပြသခြင်းများနှင့် အမျိုးသား ၊ အမျိုးသမီး ဘောလီဘောအသင်းများက သရုပ်ပြကစားမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ ဧရာဝတီတိုင်းဒေသကြီးမှ  မြန်မာ့ရိုးရာခြင်းလုံးအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၀ ဦး၊ တိုက်ကွမ်ဒို အသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၂၃ ဦးနှင့် ဘော်လီဘောအသင်းတွင် အမျိုးသား ၊ အမျိုးသမီး ၃၀ ဦး စုစုပေါင်း ၇၃ ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရပါသည်။

07-Jun-2022