ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ  ဗိုလ်လုပွဲအား မြောင်းမြခရိုင်အသက် ၁၉ ‌နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် မအူပင်ခရိုင်‌ အသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ  မြောင်းမြခရိုင် ဘောလုံးအသင်းက မအူပင်ခရိုင်‌ ဘောလုံးအသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ဆုရရှိသည့်ခရိုင်အသင်းများမှ အားကစားသမားက နေရာယူကြပြီး ဒုတိယဆုရရှိသည့် မအူပင်ခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၅ သိန်းအား တိုင်းဒေသ ကြီးစီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ပထမဆုရရှိသည့်‌မြောင်းမြခရိုင်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ၇ သိန်းအား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံး ကစားသမားဆုရရှိသူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင် အသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

03-Jun-2022