တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် အင်္ဂပူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အင်္ဂပူမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထုတ်လုပ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြ မှုအား ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်မှုများ၊ နေကြာသီးနှံ စိုက်ပျိုးအောင်မြင်စေရေးနှင့်လျာထားချက်ပြည့်မီစေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်ပေးကြစေရေးမှာကြားခဲ့ပါပြီး နေကြာမျိုးစေ့ထုတ်တောင်သူ ၂၈ ဦး၊ စိုက်ဧက (၄၃ )ဧကအတွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စုကျေးရွာ စိုက်ပျိုးမွေးမြူရေးခေတ်မီစံပြကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ခေတ်မီစံပြကျေးရွာအဖြစ်ရွှေတောင်စုကျေးရွာအပါအဝင် ကျေးရွာ(၃)ထူထောင်ထားရှိပါကြောင်း၊ စံပြကျေးရွာဖြစ်တာနဲ့အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ပြီးတောင်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးလာစေရန်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာသန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ပတ်ဝန်းကျင်ကျေးရွာများ၏ စံနမူနာကျေးရွာဖြစ်စေရေး ကြိုးစားရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ စံပြကျေးရွာစီမံကိန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စံပြကျေးရွာအတွက် Daedong လယ်ယာသုံးထွန်စက်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များအတွက်  မီးသတ်ဝတ်စုံများပေးအပ်ခဲ့ကြကာ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။

27-May-2022