ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ကန်ဇွန်းကုန်ကျေးရွာအုပ်စု၊ ကုန်းတစ်လုံးကျေးရွာ ၊ တောင်ပေါ်ကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် နေကြာမျိုးစေ့ထုတ်တောင်သူများသို့ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားစေရေး ဆွေးနွေးမှုများအပေါ် တောင်သူများ၏ မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့ပြီး နေကြာစိုက်ပျိုးမျိုးစေ့ထုတ်နိုင်ရေးအတွက်မျိုးကောင်းမျိုးသန့်မျိုးစေ့များလုံလောက်စွာ စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်မည့် တောင်သူများအတွက် သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များနှင့် စက်ကိရိယာများထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မျိုး၊မြေ၊ရေ၊နည်း စသည့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး သက်ဆိုင်ရာဌာနဆိုင်များမှ သင်တန်းပို့ချဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးအောင်မြင်စေရေးနှင့်လျာထားချက်ပြည့်မီစေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများအားလုံးက ကြိုပမ်းဆောင်ရွက်ပေးကြစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ  နေကြာမျိုးစေ့ထုတ်တောင်သူများအတွက် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ပြီးတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ ထို့နောက် ကန်ဇွန်းကုန်ကျေးရွာ၊ ကံပေါ်ကုန်းကွင်း၊ကွင်းအမှတ် (၂၃၅)တွင် ဟင်္သာတခရိုင် စိုက်ပျိုးရေးဦစီးဌာန၊နေကြာမျိုးစေ့ထုတ်စံပြ(၅) ဧက စိုက်ခင်း၊သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Daedong လယ်ယာသုံးစက်ကိရိယာထွန်ယက်သရုပ်ပြပွဲတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ နေကြာစိုက်ပျိုးထုတ်လုပ်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် ထွန်စက်များနှင့်ထွန်ယက်သရုပ်ပြမှုအားကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်မှုများအားဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ မြန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း သွားရောက်ခဲ့ကာ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

27-May-2022