တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ အမှတ်(၃) နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဆောင်သစ်ဖွင့်ပွဲများ တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  ပုသိမ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဆောင်သစ်ဖွင့်ပွဲများကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုး ရအဖွဲ့ဝင်ဝန်ကြီးများ၊ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူ များတက်ရောက်ကြသည်။ 

ရှေးဦးစွာအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (၇၀×၃၀ ) ပေ၊ RC.နှစ်ထပ်ဆောင်သစ်အား တိုင်းဒေသကြီး၊အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ဆောက်လုပ်မှုနှင့်စပ်လျဥ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကာ ကျောင်းဆောင်သစ်အား ကျောင်းသား/သူများ ဆရာ/ဆရာမ.များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြပြီး ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (၁၄၀×၃၀ ) ပေ၊ RC.နှစ်ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ဆောက်လုပ်မှုနှင့်စပ်လျဥ်းသည့် စာရွက်စာတမ်းများလွှဲ ပြောင်းပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကာ အမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ခဲ့ကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

27-May-2022