ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်စောသည် မြောင်းမြပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်စော သည် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ပညာရေးကောလိပ် ဆရာ^ဆရာမများ၊ သင်တန်းသား^သူများနှင့်အတူ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် မြောင်းမြမြို့၊ မြောင်းမြပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးတင်စောက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်း သင်တန်းသား^သူများအား သင်တန်းဆင်း ဒီပလိုမာလက်မှတ်ပေးအပ်ခဲ့ပါသည်။

21-Feb-2017