ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Daedong လယ်ယာသုံးပစ္စည်းပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် သမဝါယမသင်တန်းကျောင်း(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း (၁၆)သင်းနှင့် စံပြကျေးရွာ (၃)ရွာသို့ Deadong လယ်ယာသုံးစက်ကရိယာ (၁၉) စီး ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးဘတ်ဂျက်ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်းများအား ထောက်ပံ့ပေးမည့် Deadong ထွန်စက်များနှင့် အသင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများအား စနစ်တကျအဆင့်မြှင့်တင်ကာ စက်မှုလယ်ယာမြေအဖြစ် လယ်ဧကများကို အပြည့်အဝအကောင်အထည်ဖော် ဆောက်ရွက်ကြရန်လိုကြောင်း၊ သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ရန် အတွက် ပံ့ပိုးမှုများ ဆက်လက်ဆောက်ရွက်ပေးနိုင်ရေးဆောက်ရွက်လျက်ရှိပါကြောင်းနှင့် ထောက်ပံ့ပေးထားသည့် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျထိန်းသိမ်းအသုံးပြုကြပြီးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရန်အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမအသင်းများသို့ Deadong လယ်ယာသုံး စက်ကရိယာပစ္စည်းများ ပေးအပ်ခဲ့ကာ အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ Deadong လယ်ယာသုံး စက်များအားစမ်းသပ်မောင်းနှင်မှုကိုကြည့်ရှုအားပေးခဲ့ပါသည်။