ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ






ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧပြီလ ၂၆ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဟင်္သာတမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်း (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်ခြင်း၊ သူနာပြုဒီပလိုမာ(၃)နှစ်သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသားများနှင့် တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် သင်တန်းဆင်းဆရာဆရာမများအနေဖြင့် ကျန်းမာရေးကဏ္ဍအတွက်များစွာအထောက်အကူပြုပါကြောင်း၊ သင်တန်းတွင်သင်ကြားခဲ့သည့်ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးပြုရန်လိုကြောင်း၊ ပြည်သူလူထုများကိုလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် ပဏာမကျန်းမာရေးကာကွယ်မှုများကိုလည်း ပြည့်ပြည့်ဝဝဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များကို ဖြည့်တင်းဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ (၄၂)ဦးအတွက် သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင်ဆုရရှိခဲ့သည့်သင်တန်းသားများအား ဆုချီးမြှင့်ခြင်း၊ သူနာပြုဒီပလိုမာသင်တန်းတက်ရောက်နေသည့် သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ သင်တန်းသားများ၏ နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ထားမှုများအား စစ်ဆေးကြည့်ရှုအားပေးခဲ့ပါသည်။